Menu Close

” သေတဲ့အထိ လေမဖြတ်တဲ့ ဆေးနည်း “

” သေတဲ့အထိ လေမဖြတ်တဲ့ ဆေးနည်း ”

( လေမဖြတ် )

လွန်ခဲ့တဲ့ ၉ နှစ် လောက်က နက္ခတရောင်ခြည် မဂ္ဂဇင်း စာအုပ့်ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ်။ အဲထဲမှာက ဗဟုသုတ မှတ်သားဖွယ်ရာတွေ အကိုးကားနဲ့ ပါလေ့ရှိတယ် ။

မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ ကိုယ်ကိုတိုင်လည်း သောက်သုံးဖူးတယ်။ အရသာကတော့ တော်တော် ခါးတယ်ဗျ အဲ့လိုလွယ်လွယ်ကူကူနဲ့ မှီဝဲရတာလည်း ဝါသနာပါတယ် ။

လိပ်စာ အတိကျတော့ မမှတ်မိတော့ပါဘူး။ မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီးတစ်ပါးရဲ့ ဆေးနည်းလေးပါ။

ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဓူဝ ကားမောင်းရတဲ့ အဖြစ်ကနေ ကိုယ်တချမ်းသေပြီး လေဖြတ်တယ် ဆိုပါတော့ ။

ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကု့တာပဲ။ သို့သော်လည် အကောင်းတိုင်း ပြန်မဖြစ့်တော့ပါဘူး ။

ဒီလိုနဲ့ တစ်ယောက်စကား တစ်ယောက်နား ဆိုသလို ထိုဘုန်းတော်ကြီးရှိတဲ့ တောကျောင်းကို မျှော်လင့်ချက် များစွာနဲ့ ရောက်သွားချိန်မှာတော့ ဆရာတော်ကြီးပေးတဲ့ ဆေးနည်းကို မယုံတဝက် ယုံတဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာရှင်ဟာ သုံးဆောင်ပါသတဲ့ နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျှောက်နိုင်ပီး ရောဂါ ပျောက်သွားပါသတဲ့။

 

shweu

 

ဆေးနည်း

ဆေးနည်းကတော့ ဒီလို အချိုးကျ ဖော်စပ်ယုံပါပဲ။

ဆင်တုံးမနွယ်အစို လက်တညို တဆစ်ဖြတ် (ငါးကျပ်သား)

ရေချက်အေး ငှက်ပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာပုလင်း ပုံစံမျိုးကို ငှက်ပျောဖူး ပုလင်းဟုခေါ်သည်။)

ထန်းလျက် (ငါးကျပ်သား)

ဆားတဇွန်း

ရှောက်နူသီး နှစ်လုံး ရှောက်ဘီလူးသီးဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်မှာ ပေါပါတယ် ။

ထိုင်းနိုင်ငံမှာ ထိုရှောက်ဘီလူသီးများ အိမ်တိုင်ရှိကြသည် ။ ဟင်လျာထည်မှာ ထည့်၍ ချက်ကြသည် ။

ထိုသုံးမျိုးကိုဆတူရောပြီးတစ်ပတ်တိတိ အဖုံးလုံသောဗူးဖြင့်ပိတ်ကာထားပြီး ။

တစ်နေကိုညမအိပ်ခင် ရေနွေးအကြမ်းပုဂံစတီဇွန်း ၂ ဇွန်းစာလောက် နေ့စဉ် သောက်သုံးရင်းဖြင့်

မျက်စိမှုံခြင်း အကြောတက်ခြင်း ခြေလက်ညောင်းညာခြင်း မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့ကို လက်တွေ့ပျောက်ကင်းပါတယ် ။

သွေး လေ လည်ပတ်မျှတမှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတစ်သက် လေဖြတ်တဲ့ ရောဂါ မဖြစ်ကြောင်း ထိုဆရာတော်ကြီးက အာမခံပါသတဲ့။

ဝေဒနာ ရှင်ဟာ ၆လ လောက် စွဲပြီးသောက်လိုက်ရာ အရင်တိုင်းဘဲ ကားမောင်တဲ့ အလုပ်ကို အကောင်းပကဓိအတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေမပျက် ရှာနိုင်ပါသတဲ့ ။

မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်

 

Zawgyi

” ေသတဲ့အထိ ေလမျဖတ္တဲ့ ေဆးနည္း ”

( ေလမျဖတ္ )

လြန္ခဲ့တဲ့ ၉ ႏွစ္ ေလာက္က နကၡတေရာင္ျခည္ မဂၢဇင္း စာအုပ့္ကို လစဥ္ ထြက္တာနဲ႕ ဝယ္ၿပီးဖတ္တယ္။ အဲထဲမွာက ဗဟုသုတ မွတ္သားဖြယ္ရာေတြ အကိုးကားနဲ႕ ပါေလ့ရွိတယ္ ။

မွတ္ထားမိတာေလး ျပန္လည္မွ်ေဝတာပါ ကိုယ္ကိုတိုင္လည္း ေသာက္သုံးဖူးတယ္။ အရသာကေတာ့ ေတာ္ေတာ္ ခါးတယ္ဗ် အဲ့လိုလြယ္လြယ္ကူကူနဲ႕ မွီဝဲရတာလည္း ဝါသနာပါတယ္ ။

လိပ္စာ အတိက်ေတာ့ မမွတ္မိေတာ့ပါဘူး။ မုံ႐ြာနယ္က ေက်း႐ြာ တစ္႐ြာက ေတာေက်ာင္း ဘုန္းေတာ္ႀကီးတစ္ပါးရဲ႕ ေဆးနည္းေလးပါ။

ျဖစ္စဥ္ကေတာ့ မုံ႐ြာ-မႏၲေလး ကားေမာင္းသမား တေယာက္ဟာ ေနဓူဝ ကားေမာင္းရတဲ့ အျဖစ္ကေန ကိုယ္တခ်မ္းေသၿပီး ေလျဖတ္တယ္ ဆိုပါေတာ့ ။

ေဆး႐ုံ ေဆးခန္း ေပါင္းမ်ားစြာ ေဆးကု႔တာပဲ။ သို႔ေသာ္လည္ အေကာင္းတိုင္း ျပန္မျဖစ့္ေတာ့ပါဘူး ။

ဒီလိုနဲ႕ တစ္ေယာက္စကား တစ္ေယာက္နား ဆိုသလို ထိုဘုန္းေတာ္ႀကီးရွိတဲ့ ေတာေက်ာင္းကို ေမွ်ာ္လင့္ခ်က္ မ်ားစြာနဲ႕ ေရာက္သြားခ်ိန္မွာေတာ့ ဆရာေတာ္ႀကီးေပးတဲ့ ေဆးနည္းကို မယုံတဝက္ ယုံတဝက္နဲ႕ ေဖာ္စပ္ၿပီး ေဝဒနာရွင္ဟာ သုံးေဆာင္ပါသတဲ့ ႏွစ္လေလာက္ ေသာက္ၿပီးခ်ိန္မွာ ထူးျခားစြာ လမ္းေလွ်ာက္နိုင္ပီး ေရာဂါ ေပ်ာက္သြားပါသတဲ့။

 

shweu

 

ေဆးနည္း

ေဆးနည္းကေတာ့ ဒီလို အခ်ိဳးက် ေဖာ္စပ္ယုံပါပဲ။

ဆင္တုံးမႏြယ္အစို လက္တညို တဆစ္ျဖတ္ (ငါးက်ပ္သား)

ေရခ်က္ေအး ငွက္ေပ်ာဖူးပုလင္း ႏွစ္ပုလင္း ( မႏၲေလး ဘီယာပုလင္း ပုံစံမ်ိဳးကို ငွက္ေပ်ာဖူး ပုလင္းဟုေခၚသည္။)

ထန္းလ်က္ (ငါးက်ပ္သား)

ဆားတဇြန္း

ေရွာက္ႏူသီး ႏွစ္လုံး ေရွာက္ဘီလူးသီးဟုလည္း ေခၚၾကသည္။ ရွမ္းျပည္နယ္မွာ ေပါပါတယ္ ။

ထိုင္းနိုင္ငံမွာ ထိုေရွာက္ဘီလူသီးမ်ား အိမ္တိုင္ရွိၾကသည္ ။ ဟင္လ်ာထည္မွာ ထည့္၍ ခ်က္ၾကသည္ ။

ထိုသုံးမ်ိဳးကိုဆတူေရာၿပီးတစ္ပတ္တိတိ အဖုံးလုံေသာဗူးျဖင့္ပိတ္ကာထားၿပီး ။

တစ္ေနကိုညမအိပ္ခင္ ေရေႏြးအၾကမ္းပုဂံစတီဇြန္း ၂ ဇြန္းစာေလာက္ ေန႕စဥ္ ေသာက္သုံးရင္းျဖင့္

မ်က္စိမႈံျခင္း အေၾကာတက္ျခင္း ေျခလက္ေညာင္းညာျခင္း မလန္းဆန္း၍ စိတ္မအီမသာျဖစ္ျခင္း အိပ္မေပ်ာ္၍ ထိုင္းမွိုင္းျခင္း တို႔ကို လက္ေတြ႕ေပ်ာက္ကင္းပါတယ္ ။

ေသြး ေလ လည္ပတ္မွ်တမႈ ေကာင္းတာေၾကာင့္ သုံးေဆာင္ေနျခင္းျဖင့္ ဒီတစ္သက္ ေလျဖတ္တဲ့ ေရာဂါ မျဖစ္ေၾကာင္း ထိုဆရာေတာ္ႀကီးက အာမခံပါသတဲ့။

ေဝဒနာ ရွင္ဟာ ၆လ ေလာက္ စြဲၿပီးေသာက္လိုက္ရာ အရင္တိုင္းဘဲ ကားေမာင္တဲ့ အလုပ္ကို အေကာင္းပကဓိအတိုင္း ျပန္လုပ္နိုင္ၿပီး မိသားစုႏွင့္ ေပ်ာ္႐ႊင္စြာ ဝင္ေငြမပ်က္ ရွာနိုင္ပါသတဲ့ ။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္creditေပးပါသည္

Leave a Reply

Your email address will not be published. Required fields are marked *