Menu Close

သွားပိုးစား၊ သွားကိုက်သွားနာ၊ မက်ခရု၊ ပါးစပ်အတွင်း ရေယုန် စတဲ့ရောဂါဝေဒနာများအတွက် အစွမ်းထက် ဆေးအိုးပင်

သွားပိုးစား၊ သွားကိုက်သွားနာ၊ မက်ခရု၊ ပါးစပ်အတွင်း ရေယုန် စတဲ့ရောဂါဝေဒနာများအတွက် အစွမ်းထက် ဆေးအိုးပင်

 

ဆေးအိုးပင်အစွမ်း– နွယ်မြက်သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယခုပုံပါ ဆေးအိုးပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။

လျှာကင်ဆာ၊ ပါးစပ်အတွင်း အပူနာ၊ လည်ပင်းကင်ဆာ၊ သွားပိုးစား၊ သွားကိုက် သွားနာ၊ မက်ခရု၊ ပါးစပ်အတွင်း ရေယုန်စတဲ့ ရောဂါဝေဒနာများအား ဆေးဖိုးအကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါ သည်။

အသုံးပြုပုံ

ပထမအဆင့်အနေနဲ့ ဆေးအိုးပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။

ဒုတိယ အဆင့်မှာတော့ ဆေးအိုးရွက်အား အနည်းငယ်ခူးပြီး ၃ ခွက် ၁ ခွက် ကျိုပြီးလျှင် ထိုအရည်အား ငုံခြင်း ပါးလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးပါ။၃ ရက်အတွင်း ထူးခြားစွာ သက်သာ ပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည်။

အပင်ပုံသဏ္ဍာန်–အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏။အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏။အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်း ရှိ၏။ရရှိနိုင်မည့်နေရာ လောလောဆယ်တော့ လည်းကူးမြို့နယ် ကျွန်းကုန်းတွင်ထူထပ်စွာ ပေါက်ရောက်နေပါသည်။

Credit-Zaw Myo Win

 

Zawgyi

 


 

 


အသုံးပြုပုံ




Credit-Zaw Myo Win

Leave a Reply

Your email address will not be published. Required fields are marked *