Menu Close

သွေးတိုးနှလုံးသွေးကြောပိတ်အသည်းအဆီဖုံး ရောဂါများအတွက်စိတ်ချအားကိုးရတဲ့စောင်းလုံးသီး

သွေးတိုးနှလုံးသွေးကြောပိတ်အသည်းအဆီဖုံး ရောဂါများအတွက်စိတ်ချအားကိုးရတဲ့စောင်းလုံးသီး

 

Averrhoa Bilimbi

စောင်းလျားမျိုးနွယ်သီး

မြိတ်အခေါ် ဘဲလင်းဘူသီး

စောင်းလျား တရုတ် စောင်းလုံးသီး

မြန်မာအမည် – စောင်းလုံးသီး

အင်္ဂလိပ်အမည် – Cucumber tree or Tree sorrel or Bilimbi

သိပ္ပံအမည် – Averrhoa bilimbi

မျိုးရင်း – Oxalidaceae

စောင်းလျားပင် ( တရုတ် )၏ မူရင်းဒေသမှာ

Indonesia, Malaysia ဖြစ်၍Argentina, Australia, Brazil, Colombia, Cuba, Ecuador, Guyana, India, Jamaica, Myanmar, Philippines, Puerto Rico, Singapore, Sri Lanka, Surinam, Tanzania, Thailand, Trinidad and Tobago, US, Venezuela ဒေသများသို့ ပြန်နှံ့လျှက်ရှိသည်။

အပင်မှာ အပင်ငယ်မျိုးဖြစ်သည်။ သို့သော် အမြင့်၅ – ၁၀ မီတာအထိရှိသော အပင်များလည်းတွေ့ရသည်။

အရွက်များသည် ငှက်မွှေးရွက်မွှာ မစုံဖြစ်ပြီး အကိုင်းထိပ်ဖြားတွင် စုပြုံကာ အလှည့်ကျထွက်သည်။

အရွက်အရှည် ၃၀ – ၆၀ စင်တီမီတာခန့်ရှိသည်။ ရွက်မွှာများ အလှည့်ကျထွက်၍ အရွယ်အစား ၃ – ၆ စင်တီမီတာခန့်ရှိသည်။ ရွက်မွှာအရေအတွက်၁၁ – ၃၇ ရွက်ရှိ၍ ဥရင်းသွယ် သို့မဟုတ် ငှက်တောင်ပံပုံရွက်ဖြစ်သည်။ အရွက်မျက်နှာပြင်သည်ငှက်မွှေးနုကဲ့သို့ဖြစ်ကာ အရောင်မှာ ( mediumgreen ) ဖြစ်သည်။

အပွင့်များသည် သေးငယ်ပြီး ရနံ့မွှေးကြိုင်သည်။ပွင့်ချပ်ယောင် ၅ ခုရှိ၍ အဝါရောင်သန်းသော ကြက်သွေးရောင်ဖြစ်သည်။ အပွင့်များသည် ပင်စည် သို့မဟုတ်အကိုင်းအိုများတွင် အပြွတ်လိုက် ပွင့်သီးသည်။

အသီးမှာ တဖက်သက်နည်းနည်းစောင်းနေကာ အရှည် ၄ – ၁၀ စင်တီမီတာခန့်ရှိသည်။

အသီးထိပ်ဖျားအဆုံးတွင် ကြယ်ပုံစံ အမွှေး ၅ ခုပါသည်။၎င်းအမွှေးသည် ပန်းပွင့်နှင့်ဆိုင်သော အကြွင်းအကျန်လည်း ဖြစ်နိုင်သည်။ အသီးအရောင်မှာ စိမ်းဝါရောင်သို့မဟုတ် အစိမ်းရောင်တောက်တောက်ဖြစ်သည်။

အသီးမမှည့်ခင်တွင် အသီးအပေါ်ယံမျက်နှာပြင်သည်ချောမွတ်မှုမရှိသော်လည်း မှည့်သည့်အခါ မျက်နှာပြင်ချောမွတ်သွားကာ ဆင်စွယ်ရောင်နီးပါးဖြူတဲ့ အသီးတွေဟာ ဆောင်းဦးပေါက်တွင် မြေပေါ်သို့ကြွေကျသည်။ အသီးအခွံပါးလွှာသည်၊ အရည်ရွှမ်း၍ကျွတ်ဆက်သည်။ အချဉ်ဓာတ်များသည်။

အစေ့မှာ ၆ – ၇ စေ့ရှိကာ ၆ မီလီမီတာအရွယ်အညိုရောင်ဖြစ်သည်။

အပူပိုင်းဒေသပေါက်အပင်ဖြစ်၍ အအေးဒါဏ်ကိုမခံနိုင်ပါ။ တနှစ်ကို ၂/၃ လခန့်ခြောက်သွေ့နေပြီးအလင်းရောင်အပြည့်အဝရရှိတာကို ကြိုက်နှစ်သက်သည်။

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၂၀၀ အထိဖြစ်ထွန်းသည်။ အက်ဆစ်အနည်းငယ်ဆန်သော မြေကိုကြိုက်နှစ်သက်၍ သဲဆန်သောမြေနှင့် ထုံးကျောက်မြေများတွင်လည်း ရှင်သန်ကြီးထွားနိုင်သည်။

 

 

ပင်စည်တလျောက်ပြွတ်သိပ်နေအောင် သီးနေသောအဆင်တန်ဆာကြောင့် ဥယျာဉ်များတွင် အလှပင်အဖြစ်စိုက်ပျိုးပါတယ်။ ပန်ပွင့်တွေက လိပ်ပြာ၊ ပျားများနှင့်ငှက်များကို ဆွဲဆောင်နိုင်သည်။

အစေ့များကို နေရောင်တွင် ၇၀% အထိခြောက်သွေ့အောင်လှန်းပြီး ( 5C ) တွင်သိုလှောင်ထားနိုင်သည်။

စိုက်ပျိုးလိုသည့်အခါ အစေ့ကို ၂၄ နာရီရေစိမ်ပြီးအညှောက်ဖောက်ကာစိုက်ပျိုးရသည်။ ၁၄ မှ ၂၄ ရက်အတွင်း အပင်ပေါက်နိုင်သည်။

စောင်လျားသီး ( တရုတ် ) 100 ဂရမ် တွင်ပါဝင်သော အာဟာရတန်ဖိုး-

အစိုဓာတ် 94.2 – 94.7 g

Protein 0,61 g

Ash 0.31-0.40 g

Fiber 0.6g

Phosphorus 11.1 mg

Calcium 3.4

mgIron 1,01 mg

Thiamine 0,010 mg

Riboflavin 0,026 mg

Carotene 0,035 mg

Ascorbic အက်ဆစ် 15.5 mg

Niacin 0,302 မီလီဂရမ်

၎င်းအသီးအား ငါးဟင်းလျာများနှင့် တွဲဖက်

ချက်ပြုတ်၍လည်းကောင်း၊ သရေစာယိုအဖြစ်လည်းကောင်း၊သရက်သီး အစားထိုးအသီးအနေဖြင့် လည်းကောင်းအားကစားသမားများအဆီကျစေရန်အဖြစ်လည်းကောင်းဆေးဖက်တွင် အရွတ်၊ ဒူလာ၊ ကျောက်ကပ်ရေဂါများအတွက် ဓာတ်စာအဖြစ်လည်းကောင်း အဝလွန်သူများအဆီပိုများဖယ်ရှားရန်အတွက် အသုံးပြုသည်။

အရှင်နဂသိန် ပုံပြဆေးအဘိဓာန်တွင်

ဂုဏ်နှင့် စွမ်းရည်ကို

တွန့်ရှုံ့စေ၏၊ ဝမ်းမီးကိုပွားစေ၏၊ အဖျားကိုနိုင်၏၊၎င်းအသီး၏ ရှာလပတ်ရည်သည် ရေငတ်ကိုနိုင်၏၊ဖျားနေစဉ် အပူအားကြီး၍ ပတောက်ပရစ် ပြောခြင်းကိုသက်သာစေ၏၊

သွေးအန်၊ သွေးကျ၊ သွေးတုလာသရောရောဂါတို့ကို ပျောက်စေ၏၊ အသီးပြုတ်ရည်သည်
သွေးအားနည်း ရောဂါ၌ ကောင်း၏ ဟူ၍ဖော်ပြထားသည်။

မှတ်ချက်။             ။ဤ စောင်းလုံးသီးခေါ် စောင်းလျားပင်( တရုတ် )နှင့်ပတ်သက်သော အကြောင်းအရာများအား ဝင်ရောက်ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

credit:မူရင်းရေးသားသူကို

 

Zawgyi

ေသြးတိုးႏွလုံးေသြးေၾကာပိတ္အသည္းအဆီဖုံး ေရာဂါမ်ားအတြက္စိတ္ခ်အားကိုးရတဲ့ေစာင္းလုံးသီး

 

 

Averrhoa Bilimbi

ေစာင္းလ်ားမ်ိဳးႏြယ္သီး

ၿမိတ္အေခၚ ဘဲလင္းဘူသီး

ေစာင္းလ်ား တ႐ုတ္ ေစာင္းလုံးသီး

ျမန္မာအမည္ – ေစာင္းလုံးသီး

အဂၤလိပ္အမည္ – Cucumber tree or Tree sorrel or Bilimbi

သိပၸံအမည္ – Averrhoa bilimbi

မ်ိဳးရင္း – Oxalidaceae

ေစာင္းလ်ားပင္ ( တ႐ုတ္ )၏ မူရင္းေဒသမွာ

Indonesia, Malaysia ျဖစ္၍Argentina, Australia, Brazil, Colombia, Cuba, Ecuador, Guyana, India, Jamaica, Myanmar, Philippines, Puerto Rico, Singapore, Sri Lanka, Surinam, Tanzania, Thailand, Trinidad and Tobago, US, Venezuela ေဒသမ်ားသို႔ ျပန္ႏွံ႕လွ်က္ရွိသည္။

အပင္မွာ အပင္ငယ္မ်ိဳးျဖစ္သည္။ သို႔ေသာ္ အျမင့္၅ – ၁၀ မီတာအထိရွိေသာ အပင္မ်ားလည္းေတြ႕ရသည္။

အ႐ြက္မ်ားသည္ ငွက္ေမႊး႐ြက္မႊာ မစုံျဖစ္ၿပီး အကိုင္းထိပ္ျဖားတြင္ စုၿပဳံကာ အလွည့္က်ထြက္သည္။

အ႐ြက္အရွည္ ၃၀ – ၆၀ စင္တီမီတာခန့္ရွိသည္။ ႐ြက္မႊာမ်ား အလွည့္က်ထြက္၍ အ႐ြယ္အစား ၃ – ၆ စင္တီမီတာခန့္ရွိသည္။ ႐ြက္မႊာအေရအတြက္၁၁ – ၃၇ ႐ြက္ရွိ၍ ဥရင္းသြယ္ သို႔မဟုတ္ ငွက္ေတာင္ပံပုံ႐ြက္ျဖစ္သည္။ အ႐ြက္မ်က္ႏွာျပင္သည္ငွက္ေမႊးႏုကဲ့သို႔ျဖစ္ကာ အေရာင္မွာ ( mediumgreen ) ျဖစ္သည္။

အပြင့္မ်ားသည္ ေသးငယ္ၿပီး ရနံ႕ေမႊးႀကိဳင္သည္။ပြင့္ခ်ပ္ေယာင္ ၅ ခုရွိ၍ အဝါေရာင္သန္းေသာ ၾကက္ေသြးေရာင္ျဖစ္သည္။ အပြင့္မ်ားသည္ ပင္စည္ သို႔မဟုတ္အကိုင္းအိုမ်ားတြင္ အႁပြတ္လိုက္ ပြင့္သီးသည္။

အသီးမွာ တဖက္သက္နည္းနည္းေစာင္းေနကာ အရွည္ ၄ – ၁၀ စင္တီမီတာခန့္ရွိသည္။

အသီးထိပ္ဖ်ားအဆုံးတြင္ ၾကယ္ပုံစံ အေမႊး ၅ ခုပါသည္။၎အေမႊးသည္ ပန္းပြင့္ႏွင့္ဆိုင္ေသာ အႂကြင္းအက်န္လည္း ျဖစ္နိုင္သည္။ အသီးအေရာင္မွာ စိမ္းဝါေရာင္သို႔မဟုတ္ အစိမ္းေရာင္ေတာက္ေတာက္ျဖစ္သည္။

အသီးမမွည့္ခင္တြင္ အသီးအေပၚယံမ်က္ႏွာျပင္သည္ေခ်ာမြတ္မႈမရွိေသာ္လည္း မွည့္သည့္အခါ မ်က္ႏွာျပင္ေခ်ာမြတ္သြားကာ ဆင္စြယ္ေရာင္နီးပါးျဖဴတဲ့ အသီးေတြဟာ ေဆာင္းဦးေပါက္တြင္ ေျမေပၚသို႔ေႂကြက်သည္။ အသီးအခြံပါးလႊာသည္၊ အရည္႐ႊမ္း၍ကြၽတ္ဆက္သည္။ အခ်ဥ္ဓာတ္မ်ားသည္။

 

shweu

 

အေစ့မွာ ၆ – ၇ ေစ့ရွိကာ ၆ မီလီမီတာအ႐ြယ္အညိုေရာင္ျဖစ္သည္။

အပူပိုင္းေဒသေပါက္အပင္ျဖစ္၍ အေအးဒါဏ္ကိုမခံနိုင္ပါ။ တႏွစ္ကို ၂/၃ လခန့္ေျခာက္ေသြ႕ေနၿပီးအလင္းေရာင္အျပည့္အဝရရွိတာကို ႀကိဳက္ႏွစ္သက္သည္။

ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္ေပ ၁၂၀၀ အထိျဖစ္ထြန္းသည္။ အက္ဆစ္အနည္းငယ္ဆန္ေသာ ေျမကိုႀကိဳက္ႏွစ္သက္၍ သဲဆန္ေသာေျမႏွင့္ ထုံးေက်ာက္ေျမမ်ားတြင္လည္း ရွင္သန္ႀကီးထြားနိုင္သည္။

ပင္စည္တေလ်ာက္ႁပြတ္သိပ္ေနေအာင္ သီးေနေသာအဆင္တန္ဆာေၾကာင့္ ဥယ်ာဥ္မ်ားတြင္ အလွပင္အျဖစ္စိုက္ပ်ိဳးပါတယ္။ ပန္ပြင့္ေတြက လိပ္ျပာ၊ ပ်ားမ်ားႏွင့္ငွက္မ်ားကို ဆြဲေဆာင္နိုင္သည္။

အေစ့မ်ားကို ေနေရာင္တြင္ ၇၀% အထိေျခာက္ေသြ႕ေအာင္လွန္းၿပီး ( 5C ) တြင္သိုေလွာင္ထားနိုင္သည္။

စိုက္ပ်ိဳးလိုသည့္အခါ အေစ့ကို ၂၄ နာရီေရစိမ္ၿပီးအေညွာက္ေဖာက္ကာစိုက္ပ်ိဳးရသည္။ ၁၄ မွ ၂၄ ရက္အတြင္း အပင္ေပါက္နိုင္သည္။

ေစာင္လ်ားသီး ( တ႐ုတ္ ) 100 ဂရမ္ တြင္ပါဝင္ေသာ အာဟာရတန္ဖိုး-

အစိုဓာတ္ 94.2 – 94.7 g

Protein 0,61 g

Ash 0.31-0.40 g

Fiber 0.6g

Phosphorus 11.1 mg

Calcium 3.4

mgIron 1,01 mg

Thiamine 0,010 mg

Riboflavin 0,026 mg

Carotene 0,035 mg

Ascorbic အက္ဆစ္ 15.5 mg

Niacin 0,302 မီလီဂရမ္

၎အသီးအား ငါးဟင္းလ်ာမ်ားႏွင့္ တြဲဖက္ခ်က္ျပဳတ္၍လည္းေကာင္း၊ သေရစာယိုအျဖစ္လည္းေကာင္း၊သရက္သီး အစားထိုးအသီးအေနျဖင့္ လည္းေကာင္းအားကစားသမားမ်ားအဆီက်ေစရန္အျဖစ္လည္းေကာင္းေဆးဖက္တြင္ အ႐ြတ္၊ ဒူလာ၊ ေက်ာက္ကပ္ေရဂါမ်ားအတြက္ ဓာတ္စာအျဖစ္လည္းေကာင္း အဝလြန္သူမ်ားအဆီပိုမ်ားဖယ္ရွားရန္အတြက္ အသုံးျပဳသည္။

အရွင္နဂသိန္ ပုံျပေဆးအဘိဓာန္တြင္

ဂုဏ္ႏွင့္ စြမ္းရည္ကို

တြန့္ရႈံ႕ေစ၏၊ ဝမ္းမီးကိုပြားေစ၏၊ အဖ်ားကိုနိုင္၏၊၎အသီး၏ ရွာလပတ္ရည္သည္ ေရငတ္ကိုနိုင္၏၊ဖ်ားေနစဥ္ အပူအားႀကီး၍ ပေတာက္ပရစ္ ေျပာျခင္းကိုသက္သာေစ၏၊ ေသြးအန္၊ ေသြးက်၊ ေသြးတုလာသေရာေရာဂါတို႔ကို ေပ်ာက္ေစ၏၊ အသီးျပဳတ္ရည္သည္ေသြးအားနည္း ေရာဂါ၌ ေကာင္း၏ ဟူ၍ေဖာ္ျပထားသည္။

မွတ္ခ်က္။             ။ဤ ေစာင္းလုံးသီးေခၚ ေစာင္းလ်ားပင္( တ႐ုတ္ )ႏွင့္ပတ္သက္ေသာ အေၾကာင္းအရာမ်ားအား ဝင္ေရာက္ေဆြးေႏြးေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

credit:မူရင္းေရးသားသူကို

Leave a Reply

Your email address will not be published. Required fields are marked *