Menu Close

သွေးတိုး ဆီးချို အာရုံကြော ငရံ့ပတူ

ဟင်းတမယ်အနေနဲ့ရော အေးခါး ဓါတ်စာ အနေနဲ့ရော အရွက်ကို ပြုတ်စား ကြော်စားပါက ကိုယ်ပူ  ချောင်းဆိုး  လေနာနှင့်မီးယပ်သွေးခဲ၊ သွေးကျန်တို့ကို ကြေပျက်၍ ကျစေသည်။

အရွက် ကိုပြုတ်၍ သုပ်စားပါက လေကောင်း ဝမ်းမှန်စေသည်။

အမြစ် ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။

အစေ့ ကို လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါများအတွက် အသုံးပြုသည်

မြန်မာဆေးကျမ်းများအလိုအရ ငရံ့ပတူ အမြစ်နှင့် အရွက်သည် ပူ၊ခါး သော အရသာရှိ၏။ ကြေညက်၍ ပူသော ဂုဏ်သတ္တိရှိ၏။ သွေးကို ကြွစေပြီး လေကို ရစေသည်။

တိုင်းရင်းဆေးသမားတော်များကအရွက်နှင့် အမြစ်တို့ကို သန်ကျဆေး အနာကြီးရောဂါဆေးများနှင့် မီးယပ်ဆေး များဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

အမြစ်နှင့် ဖော်စပ်သောဆေးသည် ဒူလာ၊ ညောင်းကျ၊ ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အကိုက်အခဲ ကို ပျောက်ကင်းစေနိုင်သည်။

 

 

 

အာရုံကြော ကျန်းမာစေနိုင်တယ်

အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်၊ multiple sclerosis (MS)တွေလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် အာရုံကြောတွေ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက် စားပေးလို့ ရပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်

အမျိုးအစား  ၂ ဆီးချိုကလည်း တော်တော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီကျန်းမာရေးပြဿနာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် သက်သာစေဖို့ပဲဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဆီးချိုအပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုး ကာကွယ်ပေးနိုင်တယ်

သွေးတိုးတာကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။

သွေးတိုးကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတာတွေကို ခံစားရနိုင်ပါတယ်။

သွေးတိုးသက်သာစေဖို့နဲ့ သွေးတိုးကာကွယ်ဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

ကင်ဆာ သက်သာစေနိုင်တယ်

ကင်ဆာက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကျန်းမာရေး ပြဿနာပါ။ ကင်ဆာက ဆဲလ်တွေ ထိန်းချုပ်မရနိုင်အောင် ပွားလာရာကနေတဆင့် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်လာပါတယ်။

ဒီကင်ဆာတွေကို ဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် ဖြစ်ဖြစ်၊ သက်သာစေဖို့ ဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

တစ်နေ့တာ လှုပ်ရှားမှုအတွင်း ထိတွေ့မိတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာက တစ်ရှူးတွေနဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေနဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

လေ့လာမှုတွေအရကတော့ ငါးရံ့ပတူရွက်က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက် စားသုံးပေးလို့ ရပါတယ်။

ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

နှစ်စဉ် ကမ္ဘာတလွှားမှာ ဗိုင်းရပ်စ်ပိုးတွေ အမျိုးမျိုးကူးစက်နေပါတယ်။ ဒီလိုမျိုး ဗိုင်းရပ်စ်တွေ ကူးစက်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်

ထိခိုက်မှုကြောင့် ဖြစ်ဖြစ်၊ ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်ဖြစ် အရေပြားပေါ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုရော၊ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အသည်း ကျန်းမာစေနိုင်တယ်

Bioactive ဒြပ်ပေါင်းတွေ ဖြစ်တဲ့ (phenolics၊ tannins၊ flavonoids၊ alkaloids၊ terpenoids၊ saponins နဲ့ sterols)တို့ ပါဝင်နေတာကြောင့် အသည်းကို ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

ဆေးဝါးတွေ၊ အယ်လ်ကိုဟောနဲ့ အခြားသော အရာတွေကြောင့် အသည်း ထိခိုက်တာတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

Credit:မြန်မာတိုင်းရင်းဆေး

 

Zawgyi

 

ေသြးတိုး ဆီးခ်ိဳ အာ႐ုံေၾကာ ငရံ႕ပတူ

 

ဟင္းတမယ္အေနနဲ႕ေရာ ေအးခါး ဓါတ္စာ အေနနဲ႕ေရာ အ႐ြက္ကို ျပဳတ္စား ေၾကာ္စားပါက ကိုယ္ပူ  ေခ်ာင္းဆိုး  ေလနာႏွင့္မီးယပ္ေသြးခဲ၊ ေသြးက်န္တို႔ကို ေၾကပ်က္၍ က်ေစသည္။

အ႐ြက္ ကိုျပဳတ္၍ သုပ္စားပါက ေလေကာင္း ဝမ္းမွန္ေစသည္။

အျမစ္ ကိုေသြး၍ ခ်င္းေျခာက္မႈန႔္ႏွင့္ေရာၿပီး ေရေႏြးႏွင့္ေသာက္ပါက အဆုတ္နာေပ်ာက္၏။

အေစ့ ကို လူပ်ိဳနာေၾကာင့္ျဖစ္ေသာ အဆစ္ေရာင္ ေရာဂါမ်ားအတြက္ အသုံးျပဳသည္

ျမန္မာေဆးက်မ္းမ်ားအလိုအရ ငရံ႕ပတူ အျမစ္ႏွင့္ အ႐ြက္သည္ ပူ၊ခါး ေသာ အရသာရွိ၏။ ေၾကညက္၍ ပူေသာ ဂုဏ္သတၱိရွိ၏။ ေသြးကို ႂကြေစၿပီး ေလကို ရေစသည္။

တိုင္းရင္းေဆးသမားေတာ္မ်ားကအ႐ြက္ႏွင့္ အျမစ္တို႔ကို သန္က်ေဆး အနာႀကီးေရာဂါေဆးမ်ားႏွင့္ မီးယပ္ေဆး မ်ားေဖာ္စပ္ရာတြင္ ထည့္သြင္းအသုံးျပဳသည္။

အျမစ္ႏွင့္ ေဖာ္စပ္ေသာေဆးသည္ ဒူလာ၊ ေညာင္းက်၊ ပန္းနာ၊ ရင္က်ပ္၊ ေခ်ာင္းဆိုး၊ အကိုက္အခဲ ကို ေပ်ာက္ကင္းေစနိုင္သည္။

 

 

 

အာ႐ုံေၾကာ က်န္းမာေစနိုင္တယ္

အာ႐ုံေၾကာဆိုင္ရာ က်န္းမာေရး ျပႆနာေတြ ျဖစ္ၾကတဲ့ အယ္လ္ဇိုင္းမား၊ ပါကင္ဆန္၊ multiple sclerosis (MS)ေတြလိုမ်ိဳး က်န္းမာေရးျပႆနာေတြကို ကင္းေစဖို႔ ငါးရံ႕ပတူ႐ြက္ကို စားေပးလို႔ ရပါတယ္။ ဓာတ္တိုးဆန႔္က်င္ အာနိသင္ပါဝင္ေနတာေၾကာင့္ ဓာတ္တိုးပစၥည္းေတြေၾကာင့္

အာ႐ုံေၾကာေတြ ထိခိုက္မႈကို ကာကြယ္ေပးနိုင္ပါတယ္။

အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အာ႐ုံေၾကာဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ကင္းေစဖို႔ဆိုရင္ ငါးရံ႕ပတူ႐ြက္ စားေပးလို႔ ရပါတယ္။

ဆီးခ်ိဳ ကာကြယ္ေပးနိုင္တယ္

အမ်ိဳးအစား  ၂ ဆီးခ်ိဳကလည္း ေတာ္ေတာ္ေလး အျဖစ္မ်ားလာတဲ့ က်န္းမာေရး ျပႆနာပါ။ ဒီက်န္းမာေရးျပႆနာကို ကာကြယ္ဖို႔ပဲျဖစ္ျဖစ္ သက္သာေစဖို႔ပဲျဖစ္ျဖစ္ ငါးရံ႕ပတူ႐ြက္ကို စားေပးလို႔ ရပါတယ္။ အဝမလြန္ေစဖို႔လည္း ကာကြယ္ေပးနိုင္ပါတယ္။

ဓာတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ ဆီးခ်ိဳအပါအဝင္ နာတာရွည္ ေရာဂါေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးနိုင္ပါတယ္။

ေသြးတိုး ကာကြယ္ေပးနိုင္တယ္

ေသြးတိုးတာကလည္း အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနတဲ့ က်န္းမာေရး ျပႆနာ တစ္ရပ္ပါ။ ေသြးတိုးေၾကာင့္ ႏွလုံးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းတာေတြကို ခံစားရနိုင္ပါတယ္။

ေသြးတိုးသက္သာေစဖို႔နဲ႕ ေသြးတိုးကာကြယ္ဖို႔ဆိုရင္ ငါးရံ႕ပတူ႐ြက္ကို စားေပးလို႔ ရပါတယ္။

ကင္ဆာ သက္သာေစနိုင္တယ္

ကင္ဆာက တစ္ကမာၻလုံးကို ၿခိမ္းေျခာက္လာတဲ့ က်န္းမာေရး ျပႆနာပါ။ ကင္ဆာက ဆဲလ္ေတြ ထိန္းခ်ဳပ္မရနိုင္ေအာင္ ပြားလာရာကေနတဆင့္ အသက္အႏၲရာယ္ကို ထိခိုက္ေစတဲ့အထိ ျပင္းထန္လာပါတယ္။

ဒီကင္ဆာေတြကို ျဖစ္နိုင္ေျခ ေလွ်ာ့ခ်ဖိဳ႕အတြက္ ျဖစ္ျဖစ္၊ သက္သာေစဖို႔ ျဖစ္ျဖစ္ ငါးရံ႕ပတူ႐ြက္ကို အသုံးျပဳေပးလို႔ ရပါတယ္။

ဓာတ္တိုးဆန႔္က်င္အာနိသင္ ႂကြယ္ဝတယ္

တစ္ေန႕တာ လႈပ္ရွားမႈအတြင္း ထိေတြ႕မိတဲ့ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ခႏၶာကိုယ္က ဆဲလ္ေတြကို ထိခိုက္မႈ ကင္းေစဖို႔ဆိုရင္ ငါးရံ႕ပတူ႐ြက္ကို စားေပးလို႔ ရပါတယ္။ ဓာတ္တိုးဆန႔္က်င္ အာနိသင္ ႂကြယ္ဝတာက တစ္ရႉးေတြနဲ႕ ဆဲလ္ေတြ မပ်က္စီးေအာင္ ကာကြယ္ေပးသလို နာတာရွည္ေရာဂါေတြနဲ႕ ကင္ဆာ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ဓာတ္တိုးပစၥည္းေတြေၾကာင့္ က်န္းမာေရး မထိခိုက္ေစဖို႔ ကာကြယ္ေပးနိုင္ပါတယ္။

ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးနိုင္တယ္

ေလ့လာမႈေတြအရကေတာ့ ငါးရံ႕ပတူ႐ြက္က ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြကို အားျဖည့္ေပးၿပီး ခႏၶာကိုယ္ကို ထိခိုက္ေစနိုင္တဲ့ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးနိုင္ပါတယ္။

ဘက္တီးရီးယား ကူးစက္မႈေၾကာင့္ ျဖစ္တဲ့ က်န္းမာေရးျပႆနာေတြကို ကာကြယ္ဖို႔အတြက္ စားသုံးေပးလို႔ ရပါတယ္။

ဗိုင္းရပ္စ္ေတြကို တိုက္ဖ်က္ေပးနိုင္ပါတယ္

ႏွစ္စဥ္ ကမာၻတလႊားမွာ ဗိုင္းရပ္စ္ပိုးေတြ အမ်ိဳးမ်ိဳးကူးစက္ေနပါတယ္။ ဒီလိုမ်ိဳး ဗိုင္းရပ္စ္ေတြ ကူးစက္တာေၾကာင့္ ျပင္းထန္တဲ့ က်န္းမာေရးျပႆနာေတြကို ခံစားၾကရပါတယ္။

ဒါေၾကာင့္ ဗိုင္းရပ္စ္ေတြေၾကာင့္ျဖစ္တဲ့ က်န္းမာေရးျပႆနာေတြကို ကာကြယ္ေပးဖို႔ဆိုရင္ ငါးရံ႕ပတူ႐ြက္ကို စားေပးလို႔ ရပါတယ္။

အေရာင္က်ေစနိုင္တယ္

ထိခိုက္မႈေၾကာင့္ ျဖစ္ျဖစ္၊ ပိုးဝင္ကူးစက္မႈေၾကာင့္ျဖစ္ျဖစ္ အေရျပားေပၚမွာျဖစ္တဲ့ ေရာင္ရမ္းမႈေတြကိုေရာ၊ ကိုယ္တြင္းက ေရာင္ရမ္းမႈေတြကိုပါ သက္သာေစဖို႔ဆိုရင္ ငါးရံ႕ပတူ႐ြက္ကို စားေပးလို႔ ရပါတယ္။ နာတာရွည္ ေရာင္ရမ္းမႈေတြကိုလည္း သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။ ခႏၶာကိုယ္ကဆဲလ္ေတြ ေရာင္ရမ္းတာကို သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

အသည္း က်န္းမာေစနိုင္တယ္

Bioactive ျဒပ္ေပါင္းေတြ ျဖစ္တဲ့ (phenolics၊ tannins၊ flavonoids၊ alkaloids၊ terpenoids၊ saponins နဲ႕ sterols)တို႔ ပါဝင္ေနတာေၾကာင့္ အသည္းကို ထိခိုက္ေစမႈေတြကေန ကာကြယ္ေပးပါတယ္။ အသည္းက အဆိပ္အေတာက္ေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးနိုင္ပါတယ္။

ေဆးဝါးေတြ၊ အယ္လ္ကိုေဟာနဲ႕ အျခားေသာ အရာေတြေၾကာင့္ အသည္း ထိခိုက္တာေတြ ကင္းေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

Credit:ျမန္မာတိုင္းရင္းေဆး

Leave a Reply

Your email address will not be published. Required fields are marked *