Menu Close

သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန်နဲစေ့

သွေးအားကောင်းစေပြီး သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တဲ့ ပိန်နဲစေ့

 

(၁) သွေးအားကောင်းစေတယ်

ပိန်နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပမာဏအလုံအလောက်ရရှိတာကြောင့်သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။

သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။

(၂) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်

ပိန်နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

(၃) ကြွက်သားဖြစ်ပေါ်မှုကို အားပေးတယ်

ပိန်နဲစေ့မှာပါတဲ့ ပရိုတင်းတွေကကြွက်သားဖြစ်ပေါ်မှုမှာအထောက်အကူပေးပါတယ်။

(၄) အသားအရေဝင်းစေတယ်

ဒီတစ်ခါတော့ စားဖို့မဟုတျဘူး။ပိန်နဲစေ့တှကေို နွားနို့၊ပျားရည်နဲ့စိမ်နှပ်ထားပေးပါ။ ပြီးရင် အကုန်ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာ်မှာ လိမ်းပေးပါ။ပြီးရင်ခြောက်တဲ့အထိထားပြီးရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ မျက်နှာလေးဖြူဝင်းလာပါလိမ့်မယ်။

(၅) ဆံပင်သန်စေတယ်

ဗီတာမင်အေကြောင့်ပါပဲ။ ဗီတာမင်အေက ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပိန်နဲစေ့မှာကွှယျဝတဲ့ ပရိုတင်းဓါတ်တွေကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။

သံဓါတ်ပါဝင်မှုကြောင့်လည်းဦးရေပြားမှာသွေးလည်ပတ်မှုပိုကောင်းစေပြီး ဆံပင်အတွက် အကျိုးပြုတာကနောက်တစ်ချက်ပါ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ပိန်နဲစေ့က စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိနေတာပါ။

သူ့မှာပါတဲ့ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေရဲ့အာနိသင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခုဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျွတ်သက်သာစေတာပဲဖြစ်ပါတယ်။

credit:မူရင်း

 

Zawgyi

 


 

 

(၁) သွေးအားကောင်းစေတယ်






(၄) အသားအရေဝင်းစေတယ်


(၅) ဆံပင်သန်စေတယ်




credit:မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *