Menu Close

အကြောထုံး၊အကြောတင်၊အဆစ်ရောင်ခြင်းတို့အတွက် တိုင်းရင်းဆေးနည်းများ

အကြောထုံး၊အကြောတင်၊အဆစ်ရောင်ခြင်းတို့အတွက် တိုင်းရင်းဆေးနည်းများ

 

နီပါးဆေးပင်(တောရဲယို)

၁။အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း ၏ ။

ပင့်ကူထိပ်ပိတ်

၂။ ပင့်ကူ ထိပ်ပိတ် ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီး မှုန့် အနည်းငယ် ရောသောက် သော် အကြော ၊ အဆစ် ရောင်ရောဂါ ပျောက်၏။

ပဒိုင်းညို

၃။ ပဒိုင်းညိုအရွက် ကို မီးကင်၍ ကပ်ပေး ပါက အဆစ်ရောင် ရောဂါ နှင့် အရိုးကိုက် ရောဂါ ပျောက်၏။

ပတဲကောလေး

၄။ ပတဲကောလေးကိုဆီနှင့်ချက်၍လိမ်းနယ်ပေးသော်အကြောတက်ခြင်း၊လေးလံခြင်းရောဂါပျောက်ကင်း၏။

ပိတ်ချင်း

၅။ လေဖြတ် ၍ အဆစ် များ ရောင်ခြင်း၊ ခါးကိုက် ခြင်းတို့ ဖြစ်ပါက ပိတ်ချင်းအမြစ်မှုန့် အနည်းငယ် ကို ရေနွေး နှင့် သောက်ရသည်။

မင်းကိုကာ

၆။ မင်းကိုကာ အမြစ်ဥ နှင့် ရှဉ့်မတက် ဥ ဆတူ ကျို၍ သောက်သော် အဆစ်ရောင် ရောဂါ ပျောက်၏ ။

မုန်ညင်းဖြူ

၇။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။

ယူကလစ်

၈။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ယူကလစ်အဆီ ဆတူ ရော၍ လိမ်းက ပျောက်၏။

ရွက်ကျပင်ပေါက်

၉။ ရွက်ကျ ပင်ပေါက် အရွက်ရည် ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်း နှင့် မီးလောင်သော အနာများ ပျောက်ကင်း ၏။

ရှဉ့်မတက်ဥ

၁၀။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။

လက်ထုတ်ကြီး

၁၁။ လက်ထုတ်ကြီး အခေါက် ကို လှော်၍ အမှုန့်ပြုပြီး ပျားရည် ထောပတ်တို့ နှင့် ရော၍ သုံးဆောင်ပါက အကြော ရောင်ရောဂါ ပျောက်၏။

လင်းလေ

၁၂။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။

သင်္ဘော

၁၃။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။

ဟင်းနုနယ်

၁၄။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။

ဣဿရမူလီ

၁၅။ ဣဿရမူလီအမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။

ကောက်ရိုးနွယ်

၁၆။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ်ပဉ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။

ခွေးတောက်ရွက်

၁၇။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။

ချေးသီး

၁၈။ချေးသီးကိုကြိတ်၍ လိမ်းအုံပေးသော် အဆစ်ရောင်ရောဂါပျောက်၏။

ပေါက်ပန်းဖြူ

၁၉။ ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။

ရွေးကလေး

၂၀။ ရွေးကလေး အရွက် ကို မုန်ညင်း ဆီနှင့် ကြိတ်၍ အဆစ်ရောင် သော နေရာနှင့် အကြောထိုး သော နေရာ များသို့ စည်းပေး ခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါ ပျောက် ကင်း၏။

မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ၀မျးလြှောခွငျး ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။

ရေသကျည်း

၂၁။ အဆစ်ရောင် ရောဂါ၊ ကိုယ်လက် ကိုက်ခဲသော ရောဂါ များအတွက် ရေသကျည်း အရွက်ကို ပြုတ်သောက် ရ၏။

လေးညှင်း

၂၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။

ကြောင်ပန်း

၂၃။ ကြောင်ပန်း အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏ ။

ကြောင်ရိုသေ

၂၄။ ကြောင်ရိုသေပင်အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။

ကြက်ဟင်းခါး

၂၅။ ကြက်ဟင်းခါး အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

credit:မူရင်းရေးသားသူ

 

Zawgyi

 

အေၾကာထုံး၊အေၾကာတင္၊အဆစ္ေရာင္ျခင္းတို႔အတြက္ တိုင္းရင္းေဆးနည္းမ်ား

 

shweu

 

နီပါးေဆးပင္(ေတာရဲယို)

၁။အ႐ြက္သို႔မဟုတ္ အေခါက္ကို ႀကိတ္ ၍ရေသာ အရည္ျဖင့္ အေၾကာထုံး၊ အေၾကာတင္၊ အဆစ္ေရာင္ျခင္း ၊ နာက်င္ျခင္း ျဖစ္ေသာ ေနရာမ်ား ေပၚ တြင္ လိမ္းေပးပါ က ေပ်ာက္ကင္း ၏ ။

ပင့္ကူထိပ္ပိတ္

၂။ ပင့္ကူ ထိပ္ပိတ္ ႐ြက္ကို ႀကိတ္၍ ရေသာ အရည္၌ ပိတ္ခ်င္းသီး မႈန့္ အနည္းငယ္ ေရာေသာက္ ေသာ္ အေၾကာ ၊ အဆစ္ ေရာင္ေရာဂါ ေပ်ာက္၏။

ပဒိုင္းညို

၃။ ပဒိုင္းညိုအ႐ြက္ ကို မီးကင္၍ ကပ္ေပး ပါက အဆစ္ေရာင္ ေရာဂါ ႏွင့္ အရိုးကိုက္ ေရာဂါ ေပ်ာက္၏။

ပတဲေကာေလး

၄။ ပတဲေကာေလးကိုဆီႏွင့္ခ်က္၍လိမ္းနယ္ေပးေသာ္အေၾကာတက္ျခင္း၊ေလးလံျခင္းေရာဂါေပ်ာက္ကင္း၏။

ပိတ္ခ်င္း

၅။ ေလျဖတ္ ၍ အဆစ္ မ်ား ေရာင္ျခင္း၊ ခါးကိုက္ ျခင္းတို႔ ျဖစ္ပါက ပိတ္ခ်င္းအျမစ္မႈန့္ အနည္းငယ္ ကို ေရေႏြး ႏွင့္ ေသာက္ရသည္။

မင္းကိုကာ

၆။ မင္းကိုကာ အျမစ္ဥ ႏွင့္ ရွဥ့္မတက္ ဥ ဆတူ က်ိဳ၍ ေသာက္ေသာ္ အဆစ္ေရာင္ ေရာဂါ ေပ်ာက္၏ ။

မုန္ညင္းျဖဴ

၇။ မုန္ညင္းျဖဴ ေစ့ကို ကြမ္းစားဂမုန္း ႏွင့္ေသြးၿပီး လိမ္းေသာ္ အဆစ္ေရာင္ ျခင္း ေပ်ာက္၏။

ယူကလစ္

၈။ အဆစ္ အမ်က္ ကိုက္ျခင္း ႏွင့္ ေရာင္ျခင္း ျဖစ္လွ်င္ သံလြင္ဆီ ႏွင့္ ယူကလစ္အဆီ ဆတူ ေရာ၍ လိမ္းက ေပ်ာက္၏။

႐ြက္က်ပင္ေပါက္

၉။ ႐ြက္က် ပင္ေပါက္ အ႐ြက္ရည္ ကို လိမ္းေပးက အဆစ္လႊဲ ၊ အေၾကာထုံးျခင္း ႏွင့္ မီးေလာင္ေသာ အနာမ်ား ေပ်ာက္ကင္း ၏။

ရွဥ့္မတက္ဥ

၁၀။ အဆစ္ေရာင္ျခင္း၊ ကိုက္ျခင္း စေသာ တစ္ကိုယ္လုံး ေဖာက္ျပန္ေသာ ေလေရာဂါ အတြက္ ရွဥ့္မတက္ဥ ရည္သက္သက္ ျဖင့္ ခ်က္ထားေသာ ဆီသက္သက္ ကို လိမ္းက်ံ ေပးရ၏။

လက္ထုတ္ႀကီး

၁၁။ လက္ထုတ္ႀကီး အေခါက္ ကို ေလွာ္၍ အမႈန့္ျပဳၿပီး ပ်ားရည္ ေထာပတ္တို႔ ႏွင့္ ေရာ၍ သုံးေဆာင္ပါက အေၾကာ ေရာင္ေရာဂါ ေပ်ာက္၏။

လင္းေလ

၁၂။ လင္းေလကို သီဟိုဠ္ သရက္ေစ့ အဆီျဖင့္ ေရာလိမ္း ပါက အဆစ္ေရာင္ျခင္း ၊ အေၾကာထုံး ျခင္း ေပ်ာက္၏။

သေဘၤာ

၁၃။ သေဘၤာ႐ြက္ ႀကိတ္ညွစ္ရည္တြင္ ဘိန္းအနည္းငယ္ ေရာလိမ္းေသာ္ အေၾကာတက္ျခင္း ေပ်ာက္၏။

ဟင္းႏုနယ္

၁၄။ ဟင္းႏုနယ္ဆူးေပါက္အျမစ္ကို ေသြး၍ လိမ္းျခင္း ၊ ႀကိတ္၍ အုံေပးျခင္းျဖင့္ အေၾကာတက္ေရာဂါ ေပ်ာက္၏ ။

ဣႆရမူလီ

၁၅။ ဣႆရမူလီအျမစ္မႈန့္ႏွင့္ ဂ်ဳံျပာ၊ ဆား ဆတူ ေရာစပ္၍ ေရေႏြးႏွင့္ ေသာက္ျခင္း၊ အဆစ္ေရာင္ေသာ ေနရာမ်ား၌ လူးေပးျခင္းျဖင့္ ကိုယ္လက္ ကိုက္ခဲျခင္းႏွင့္ အဆစ္ေရာင္ျခင္း ေပ်ာက္၏။

ေကာက္ရိုးႏြယ္

၁၆။ အရိုးအဆစ္နာေသာေနရာ၌ ေကာက္ရိုးႏြယ္ပၪၥငါးပါးကို ႀကိတ္၍ ၾကပ္ထုပ္စည္းေပးလွ်င္ ေပ်ာက္၏ ။

ေခြးေတာက္႐ြက္

၁၇။ ေခြးေတာက္႐ြက္ကို သၾကားႏွင့္ ေထာင္း၍ အုံေပးပါက အေၾကာအဆစ္လြဲျခင္း ေပ်ာက္၏ ။

ေခ်းသီး

၁၈။ေခ်းသီးကိုႀကိတ္၍ လိမ္းအုံေပးေသာ္ အဆစ္ေရာင္ေရာဂါေပ်ာက္၏။

ေပါက္ပန္းျဖဴ

၁၉။ ေပါက္ပန္းျဖဴ ျမစ္ကို ေရႏွင့္ႀကိတ္၍ မီးျဖင့္ ေႏႊးၿပီး အဆစ္အဆက္ ေရာင္ေသာ ေနရာမ်ားတြင္ လိမ္းေပးေသာ္ေပ်ာက္၏ ။

ေ႐ြးကေလး

၂၀။ ေ႐ြးကေလး အ႐ြက္ ကို မုန္ညင္း ဆီႏွင့္ ႀကိတ္၍ အဆစ္ေရာင္ ေသာ ေနရာႏွင့္ အေၾကာထိုး ေသာ ေနရာ မ်ားသို႔ စည္းေပး ျခင္း ၊ လိမ္းေပးျခင္း ျပဳက ေရာဂါ ေပ်ာက္ ကင္း၏။

မွတ္ခ်က္။ ။ ေ႐ြးကေလးပင္သည္ အဆိပ္ ရွိေသာ ေဆးပင္ ျဖစ္၍ လိုသည္ထက္ ပို ၍ သုံးေဆာင္ ေသာ္ ၀မ်းၾလႇောခြင်း ၊ အန္ျခင္း ၊ အင္အား ဆုတ္ယုတ္ျခင္း ျဖစ္တတ္၏။ တစ္ေ႐ြး ခြဲမွ ၃ ေ႐ြး အထိသာ သုံးနိုင္၏ ။

ေရသက်ည္း

၂၁။ အဆစ္ေရာင္ ေရာဂါ၊ ကိုယ္လက္ ကိုက္ခဲေသာ ေရာဂါ မ်ားအတြက္ ေရသက်ည္း အ႐ြက္ကို ျပဳတ္ေသာက္ ရ၏။

ေလးညွင္း

၂၂။ ေလးညွင္းဆီကို မုန္ညင္းဆီႏွင့္ ေရာလိမ္းေသာ္ အဆစ္ အမ်က္ ကိုက္ခဲ နာက်င္ျခင္း မ်ားေပ်ာက္၏။

ေၾကာင္ပန္း

၂၃။ ေၾကာင္ပန္း အ႐ြက္ကို အရည္ညွစ္ေသာက္ျခင္းျဖင့္ လည္းေကာင္း ၊ ေၾကာ္စားျခင္းျဖင့္လည္းေကာင္း အေၾကာ ေရာဂါမ်ား ေပ်ာက္ကင္း၏ ။

ေၾကာင္ရိုေသ

၂၄။ ေၾကာင္ရိုေသပင္အ႐ြက္ရည္ကို ၾကက္ဆူဆီႏွင့္ ေရာ၍ အဆစ္အမ်က္ကိုက္ရာတြင္ လိမ္းေပးေသာ္ ေပ်ာက္ကင္းေစ၏။

ၾကက္ဟင္းခါး

၂၅။ ၾကက္ဟင္းခါး အသီးႏုအရည္ကို မီးေပၚ၌ ေႏြး၍ လိမ္းေပးလွ်င္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏ ။

credit:မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *