Menu Close

အကြောအဆစ်ရောင်နှင့် သုတ်ခန်းသောရောဂါအတွက် ပင့်ကူထိပ်ပိတ်ပင်

အကြောအဆစ်ရောင်နှင့် သုတ်ခန်းသောရောဂါအတွက် ပင့်ကူထိပ်ပိတ်ပင်

 

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် အများဆုံး တွေ့ရသည်။သဘာဝအလျောက် အလေ့ကျ ပေါက်ရောက်သည်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ပင့်ကူထိပ်ပိတ်သည် နှုတ်ကို မြိန်စေ၏။ လေသလိပ်ကို ကြေစေ၏။

ကိုယ်တစ်ခြမ်းသေရောဂါကို ပျောက်ကင်း စေ၏။အရွက်သည် ချို၏။ ခြောက်သွေ့၏။သည်းခြေကို ပွားစေ၏။ကိုယ်ရေဝါ ရောဂါ၊ ဖောရောင်ခြင်း၊ ဆီးလွန်ရောဂါ၊ အဖျားရောဂါ တို့ကို ပျောက်စေ၏။

အသုံးပြုပုံ

အရွက် အသုံးပြုပုံ

၁။ပင့်ကူထိပ်ပိတ်ရွက်ကို ကြိတ်၍ ရသော အရည်၌ ပိတ်ချင်းသီးမှုန့် အနည်းငယ် ရောသောက်သော် အကြော၊ အဆစ်ရောင်ရောဂါ ပျောက်၏။

၂။အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းပေးပါက ယားယံခြင်းကို ပျောက်ကင်းစေ၏။

ပဉ္စငါးပါး အသုံးပြုပုံ

၁။ပဉ္စငါးပါး ကြိတ်ညှစ်ရည်တွင် ငရုတ်ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူးကို သုတ်လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။

၂။ပင့်ကူထိပ်ပိတ် ကြိတ်ညှစ်ရည်တွင် လက်ချား မီးပေါက်မှုန့်၊ ပျားရည် အနည်းငယ် ရောစပ်တိုက်သော် သူငယ်နာ ချောင်းဆိုး ရောဂါ ပျောက်၏။

၃။အပင်ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက်သော် အဖျားပျောက်၏။

၄။ကိုယ်သား ကိုယ်ရေဝါသောရောဂါနှင့် သုတ်ခန်းသော ရောဂါအတွက် ပင့်ကူထိပ်ပိတ်ပင်ကို ပြုတ်သောက်ခြင်း၊ အရည်ညှစ်သောက်ခြင်း၊ အမြစ်ကို သွေး၍လည်းကောင်း၊ ကြိတ်ညှစ်၍လည်းကောင်း သောက်ခြင်း၊ အရွက်၊ အပွင့်၊ အသီးတို့ကို ပြုတ်တို့၊ သုပ်စား၊ ချက်စားခြင်းဖြင့်လည်းကောင်း ပျောက်ကင်းစေနိုင်၏။ (ဆေးအဖြစ် သုံးခြင်း၌ သကြားအနည်းငယ် စပ်၍ သုံးရ၏။)

Credit-MyanmarWiki

 

Zawgyi

 

အေၾကာအဆစ္ေရာင္ႏွင့္ သုတ္ခန္းေသာေရာဂါအတြက္ ပင့္ကူထိပ္ပိတ္ပင္

 

 

 

ျမန္မာနိုင္ငံ အႏွံ႕အျပားတြင္ ေပါက္ေရာက္သည္။ အထူးသျဖင့္ ျမန္မာနိုင္ငံေအာက္ပိုင္းတြင္ အမ်ားဆုံး ေတြ႕ရသည္။ သဘာဝအေလ်ာက္ အေလ့က် ေပါက္ေရာက္သည္။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုအရ ပင့္ကူထိပ္ပိတ္သည္ ႏႈတ္ကို ၿမိန္ေစ၏။ ေလသလိပ္ကို ေၾကေစ၏။ကိုယ္တစ္ျခမ္းေသေရာဂါကို ေပ်ာက္ကင္း ေစ၏။အ႐ြက္သည္ ခ်ိဳ၏။ ေျခာက္ေသြ႕၏။သည္းေျခကို ပြားေစ၏။ ကိုယ္ေရဝါ ေရာဂါ၊ ေဖာေရာင္ျခင္း၊ ဆီးလြန္ေရာဂါ၊ အဖ်ားေရာဂါ တို႔ကို ေပ်ာက္ေစ၏။

အသုံးျပဳပုံ

အ႐ြက္ အသုံးျပဳပုံ

၁။ ပင့္ကူထိပ္ပိတ္႐ြက္ကို ႀကိတ္၍ ရေသာ အရည္၌ ပိတ္ခ်င္းသီးမႈန႔္ အနည္းငယ္ ေရာေသာက္ေသာ္ အေၾကာ၊ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။

၂။အ႐ြက္ကို ႀကိတ္၍ ရေသာ အရည္ျဖင့္ လိမ္းေပးပါက ယားယံျခင္းကို ေပ်ာက္ကင္းေစ၏။

ပၪၥငါးပါး အသုံးျပဳပုံ

၁။ ပၪၥငါးပါး ႀကိတ္ညွစ္ရည္တြင္ င႐ုတ္ေကာင္းမႈန႔္ အနည္းငယ္ ေရာစပ္၍ နဖူးကို သုတ္လိမ္းေပးေသာ္ ေခါင္းကိုက္ ေရာဂါ ေပ်ာက္၏။

၂။ပင့္ကူထိပ္ပိတ္ ႀကိတ္ညွစ္ရည္တြင္ လက္ခ်ား မီးေပါက္မႈန႔္၊ ပ်ားရည္ အနည္းငယ္ ေရာစပ္တိုက္ေသာ္ သူငယ္နာ ေခ်ာင္းဆိုး ေရာဂါ ေပ်ာက္၏။

၃။အပင္ျပဳတ္ရည္၌ ေလးညွင္း ၁ ပြင့္ ၂ ပြင့္ ထည့္ေသာက္ေသာ္ အဖ်ားေပ်ာက္၏။

၄။ ကိုယ္သား ကိုယ္ေရဝါေသာေရာဂါႏွင့္ သုတ္ခန္းေသာ ေရာဂါအတြက္ ပင့္ကူထိပ္ပိတ္ပင္ကို ျပဳတ္ေသာက္ျခင္း၊ အရည္ညွစ္ေသာက္ျခင္း၊ အျမစ္ကို ေသြး၍လည္းေကာင္း၊ ႀကိတ္ညွစ္၍လည္းေကာင္း ေသာက္ျခင္း၊ အ႐ြက္၊ အပြင့္၊ အသီးတို႔ကို ျပဳတ္တို႔၊ သုပ္စား၊ ခ်က္စားျခင္းျဖင့္လည္းေကာင္း ေပ်ာက္ကင္းေစနိုင္၏။ (ေဆးအျဖစ္ သုံးျခင္း၌ သၾကားအနည္းငယ္ စပ္၍ သုံးရ၏။)

Credit-MyanmarWiki

Leave a Reply

Your email address will not be published. Required fields are marked *