Menu Close

အကြောအားနည်းနေသူများအတွက်နွားနို့နှင့် ငါးသလဲတိုး

အကြောအားနည်းနေသူများအတွက်နွားနို့နှင့် ငါးသလဲတိုး

 

အကြောအားနည်းနေသလား

နွားနို့နှင့် ငါးသလဲတိုး ဟင်းချက်စား

ငါးသလဲတိုးသည် သဲသောင်စပ်ရေကြည်ကြည်တွင် လှစ်ကနဲလျှင်မြန်စွာ ကူးလေ့ရှိသည်။လက်နှင့် ဖမ်းလျှင်မမိ။ရေကူးရာတွင် သွက်လက်သော ငါးကလေးများဖြစ်သဖြင့် ဓာတ်စာဆရာများက အကြောအချဉ်များ အားရှိစေသော ဓာတ်စာအဖြစ် သတ်မှတ်ကာ လူနာများကို စားခိုင်းလေ့ရှိသည်။

အကြောအချဉ် အားကောင်းရုံမျှမက အသားအားကိုပါ ဖြစ်စေသည့် နွားနို့(ပထဝီ+အာပေါစာ)နှင့် ငါးသလဲတိုးကိုရော၍ ချက်သည့် ဟင်းလျှာတစ်မျိုးရှိသည်။ ချက်ပုံချက်နည်းမှာ အနည်းငယ်ဆန်းပြားသည်။

ငါးသလဲတိုး ငါးအရှင်ကလေးများကို နွားနို့တစ်ပိဿာ ထည့်ထားသည့် အိုးအတွင်းတွင် ထည့်ပြီး ကူးနေစေသည်။

ငါးသလဲတိုးကလေးများသည် နွားနို့ကြိုက်သည်။နွားနို့သောက်ရင်း ရေကူးရင်းနှင့် တစ်ဖြည်း ဖြည်း ဗိုက်ကားပြီး နောက်ဆုံးတွင် မကူးနိုင်ဘဲ သေဆုံးသွားကြလေသည်။ထိုနွားနို့သောက်ထားသော ငါးသလဲတိုးကလေးများကို ဟင်းချက်စားလျှင် နွားနို့၏ အဆိမ့်အရသာပါပြီး နွားနို့ခဲချက်စားသကဲ့သို့ အလွန် စားကောင်းသည်ဟု ဆိုသည်။

အားလည်းရှိစေသော ငါးသလဲတိုး နွားနို့အာဟာရဓာတ်စာတစ်မျိုးဖြစ်သည်။

(ပံ့သကူသားမဟုတ်တော့၊ ဗဟုသုတအဖြစ်သာရေးတာ၊ ဆရာကိုယ်တိုင်လည်း မစားရဲပါ)

Credit-ကြည်လွင်မြင့် (မုဒြာ)

 

Zawgyi

 

အေၾကာအားနည္းေနသူမ်ားအတြက္ႏြားနို႔ႏွင့္ ငါးသလဲတိုး

 

အေၾကာအားနည္းေနသလား

ႏြားနို႔ႏွင့္ ငါးသလဲတိုး ဟင္းခ်က္စား

ငါးသလဲတိုးသည္ သဲေသာင္စပ္ေရၾကည္ၾကည္တြင္ လွစ္ကနဲလွ်င္ျမန္စြာ ကူးေလ့ရွိသည္။ လက္ႏွင့္ ဖမ္းလွ်င္မမိ။ေရကူးရာတြင္ သြက္လက္ေသာ ငါးကေလးမ်ားျဖစ္သျဖင့္ ဓာတ္စာဆရာမ်ားက အေၾကာအခ်ဥ္မ်ား အားရွိေစေသာ ဓာတ္စာအျဖစ္ သတ္မွတ္ကာ လူနာမ်ားကို စားခိုင္းေလ့ရွိသည္။

အေၾကာအခ်ဥ္ အားေကာင္း႐ုံမွ်မက အသားအားကိုပါ ျဖစ္ေစသည့္ ႏြားနို႔(ပထဝီ+အာေပါစာ)ႏွင့္ ငါးသလဲတိုးကိုေရာ၍ ခ်က္သည့္ ဟင္းလွ်ာတစ္မ်ိဳးရွိသည္။ ခ်က္ပုံခ်က္နည္းမွာ အနည္းငယ္ဆန္းျပားသည္။

ငါးသလဲတိုး ငါးအရွင္ကေလးမ်ားကို ႏြားနို႔တစ္ပိႆာ ထည့္ထားသည့္ အိုးအတြင္းတြင္ ထည့္ၿပီး ကူးေနေစသည္။

ငါးသလဲတိုးကေလးမ်ားသည္ ႏြားနို႔ႀကိဳက္သည္။ႏြားနို႔ေသာက္ရင္း ေရကူးရင္းႏွင့္ တစ္ျဖည္း ျဖည္း ဗိုက္ကားၿပီး ေနာက္ဆုံးတြင္ မကူးနိုင္ဘဲ ေေသဆုံးသြားၾကေလသည္

။ ထိုႏြားနို႔ေသာက္ထားေသာ ငါးသလဲတိုးကေလးမ်ားကို ဟင္းခ်က္စားလွ်င္ ႏြားနို႔၏ အဆိမ့္အရသာပါၿပီး ႏြားနို႔ခဲခ်က္စားသကဲ့သို႔ အလြန္ စားေကာင္းသည္ဟု ဆိုသည္။

အားလည္းရွိေစေသာ ငါးသလဲတိုး ႏြားနို႔အာဟာရဓာတ္စာတစ္မ်ိဳးျဖစ္သည္။

(ပံ့သကူသားမဟုတ္ေတာ့၊ ဗဟုသုတအျဖစ္သာေရးတာ၊ ဆရာကိုယ္တိုင္လည္း မစားရဲပါ)

Credit-ၾကည္လြင္ျမင့္ (မုျဒာ)

Leave a Reply

Your email address will not be published. Required fields are marked *