Menu Close
အစာအိမ်ရောဂါရှိသူတွေမဖြစ်မနေသိထားဆောင်ထားရမယ့်အိမ်သုံးဆေးနည်း
အစာအိမ်ရောဂါရှိသူတွေမဖြစ်မနေသိထားဆောင်ထားရမယ့်အိမ်သုံးဆေးနည်း
အစာအိမ်သမားများအစာမကြေ၊ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်းအောင့်ခြင်းစသည်ဖြင့် အမျိုးမျိုးဖြစ်ရကာ ပျို့အန်ခြင်း၊သွေးဝမ်းသွားခြင်းပင်ဖြစ်တတ်ပါသည်။
ထိုဝေဒနာများမခံရအောင် နည်းကောင်း လေးတင်ပြ အပ်ပါသည်။
ဆေးပြုလုပ်ပုံ
(၁)ငှက်ပျောသီးဖီးကြမ်း(၂)ဖီးကို အခွံနွှာပြီးပါးပါးလှီ၍နေတွင်လှန်းပါ။ပြီးလျှှင်အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။
(၂)နွယ်ချိုမှုန့်ဟင်းခပ်ဇွန်း (၂)ဇွန်းမျှထည်ပါ။
(၃)နနွင်းမှုန့်စစ်စစ် ဟင်းခပ်ဇွန်း(၁)ဇွန်းထည့်ပါ။
ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသောဖန်ဗူးထဲသို့ ထည့်ထားပါ။
သုံးစွဲရန်
နေစဉ်နံနက်တစ်ကြိမ်/ညတစ်ကြိမ် ကော်ဖီဇွန်း(၁)ဇွန်းကို ပုံမှန် စားပေးပါ။
ထိုဆေးသည် အစာအိမ်ကို အားရှိစေပြီးအစာအိမ်နာ၊ လေအောင့် လေနာနှင့် အစာအိမ်အချဉ်ပေါက်ခြင်းကင်းဝေး စေပြီး အစာအိမ်ရောဂါသက်သာပျောက်ကင်းစေပါကြောင်း။
သိမီသမျှ အစာအိမ်ဆေးနည်းအားတင်ပြလိုက်ပါသည်။
နွယ်ချိုမှုန့်ကို ပရဆေးဆိုင်တွင်လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)
အစာအိမ်လက္ခဏာ
အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။
အဖြစ်များသော ရောဂါလက္ခဏာများ
အစာစားချင်စိတ် မရှိခြင်း
ပျို့ခြင်း၊ အန်ခြင်း
ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း
အစာစားပြီးနောက် ပြည့်တင်းခြင်း တို့ဖြစ်သည် ။ ။
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။
Via စိုင်း မင်း သန့်
Zawgyi
ဆေးပြုလုပ်ပုံ
သုံးစွဲရန်
အစာအိမ်လက္ခဏာ
ပျို့ခြင်း၊ အန်ခြင်း
Via စိုင်း မင်း သန့်
Leave a Reply
Your email address will not be published. Required fields are marked *