Menu Close

အစာအိမ်ရောင်ရောဂါ ခံစားနေရသူများနှင့် အစာအိမ်ရောဂါများအတွက် အစွမ်းထက်သော ကြာစွယ်

အစာအိမ်ရောင်ရောဂါ ခံစားနေရသူများနှင့် အစာအိမ်ရောဂါများအတွက် အစွမ်းထက်သော ကြာစွယ်

 

လူသားတို့ အသက်ရှင်စေရန် နေ့စဉ် အစားနေကြရသည်။ ထိုအစာများကိုကြေစေရန် ခြေပေးနိုင်သော အလုပ်ကိုလုပ်သော အစာအိမ်သည် ကျန်းမာနေစေရန် အထူးအရေးကြီးပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိ၏အစာအိမ် ကျန်းမာရေးကို အထူးအစဉ်အမြဲ ကောင်းမွန်စေရန် အစားအသောက်များကို ဆင်ခြင်စားသုံးပေးရန် လိုအပ်သည်။အစားအသောက်မဆင်ခြင်ပါက အစာအိမ်ကို ထိခိုက်ကာ ရောင်ခြင်း၊ နာခြင်းနှင့် ရောဂါများ ရလာစေနိုင်သည်။

အစာအိမ်ရောင်ခြင်း၊ နာခြင်းဖြစ်စေသည့် အကြောင်းအရင်းများစွာ ရှိပါတယ်။အစာအိမ်ကို ထိုးနှက်နိုင်သော အရည်၊ အစပ် စားခြင်း၊အရက်အလွန်အကျွံ သောက်ခြင်း၊ ဆေးနှင့်ဓာတုဗေဒ ဆေးဝါးနှင့် ရောဂါပိုးမွှားများကြောင့် ဖြစ်နိုင်ခြင်း၊ အချဉ်အစပ် အလွန်အကျွံစားမိခြင်း၊ နာခြင်းကို ဖြစ်စေနိုင်သည်။ အဓိကအားဖြင့် အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်ကို ထိခိုက်စေနိုင်သောကြောင့် သောက်သုံးရသည့်အခါ အထူးသတိထားရန်လိုမည်။

အစာအိမ်ရောင်သူများသည်ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း ၊ ပျို့အန်ခြင်း၊ ဝမ်းမည်းသွားခြင်း၊ အစာမကြေခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ခြင်း စသော ရောဂါလက္ခဏာများ ခံစားရတတ်သည်။ နာတာရှည် အစာအိမ်ရောင်သူများမှာမကြာခဏ မနက်ပိုင်းအိပ်ရာထချိန်တွင် (သို့) ဆာလောင်မှုပြင်းထန်နေသည့် အချိန်များတွင် ပို၍အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

ဆရာဝန်ညွှန်ကြားချက်

နာတာရှည် အစာအိမ်ရောင်နေသူများသည် နေ့စဉ် ထမင်းသုံးနပ်စားခြင်းမှ တစ်နပ်လျော့၍ စားသုံးပေးသင့်သည်။ အနားယူချိန်များများ လိုအပ်သည့်အပြင် အနားယူချိန်တွင်လည်း လုံလောက်စွာ အနားရရန် အရေးကြီးသည်။ ရေငတ်နေချိန်တွင် တစ်ကြိမ်တည်းနှင့် ရေအများကြီးမသောက်သုံးရ။အစာအိမ်ရောင်ရမ်းခြင်း ကောင်းမွန်သွားစေရန် အစားများစွာ စားသုံးခြင်းကို လျှော့ပါ။ အစာဝင်မှုနည်းလျှင် အစာအိမ်အခြေအနေ ပိုကောင်းပါတယ်။အစာအိမ်ရောင်နေချိန်တွင် မနက်စာနှင့်ညစာ နှစ်နပ်ကိုသာ စားသုံးသင့်ပါသည်။ ပါးပါး အစားအစာကိုသာ စားသင့်သည်။အဝမစားသင့်ပါ။ မအိမ်ခင်နှစ်နာရီအတွင်း အစားမစားသင့်ပါ။ အစာကို အချိန်မှန်မှန် စားသုံးသောအကျင့် လုပ်ထားပေးပါ။ကောက်ညှင်းနှင့် မာသောအစာများကို မစားသင့်ပါ။

ထိုအစာများသည် အစာခြေရန်မလွယ်ကူသဖြင့် အစာခြေနိုင်ရန်လွယ်ကူသော အစာများကို ရွေးချယ်စားသုံးပေးပါ။ ညစာအဖြစ် ဆန်ပြုတ်စားခြင်းကသာ ပိုသင့်လျော်ပါသည်။ အစာအိမ်ရောင်နေချိန်တွင် နွေးသောအစာများကို စားသုံးရန် သင့်လျော်ပါသည်။အမျှင်ဓာတ်ပါသောအစာ၊ပျော့ပျောင်းသောအစာ၊ အစာခြေရန် လွယ်ကူသောအစာများကို စားသုံးပေးခြင်းသည် အစာအိမ်ကို ပိုအနားရစေနိုင်သည်။ အစာအိမ်ရောင်တတ်သူများသည် အချဉ်နှင့်အချို ပိုမြင့်မားစွာပါသောအစားအစာများကို မစားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အစာအိမ်ကို ထိုးနှက်မှု ပိုစနိုင်၍ဖြစ်သည်။ထိုအစားအစာများကို မဖြစ်မနေစားမည် ဆိုပါက ထမင်းစားပြီးသည့်အချိန်မှ စားပေးသင့်သည်။

စားသင့်သောအစာ

အစာအိမ်ရောင်နေသူများသည် ငါး၊ အဆီမပါသောအသား၊ ကလီစာ၊ ကြက်ဥပြုတ်၊ ကြာစွယ်၊ဟင်းနုနယ်၊ သင်္ဘောသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ပဲနို့၊ ပဲပြား၊ ဂျုံပါသော အစားအစာတို့ စားပေးသင့်ပါသည်။

မစားသင့်သောအစာ

အစာအိမ်ရောင်နေသူများသည် အသားကင်၊ ဘဲကင်၊ ကြက်ကြော်၊ အဆီပါအသား၊ နံနံပင်၊ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ငရုတ်ကောင်းမှုန့်၊ အရက်၊ အအေး၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ်၊ကိတ်မုန့်၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းထုတ်၊ ချောကလက်၊ ရေခဲ၊အာလူးကြော်၊ ဘီစကွတ်မုန့်၊ အချိုအစားအစာများ မစားသင့်ပါ။

 

 

သတိပြုရန်

နာတာရှည် အစာအိမ်ရောင်သူများသည် နွားနို့ပမာဏများစွာ မသောက်သင့်ပါ။အဘယ်ကြောင့်ဆိုသော် နွားနို့သောက်ပြီး မိနစ် ၂ဝ၊ ၃ဝ အတွင်းအစာအိမ်ကို နွားနို့၏ ထိုးနှက်မှုကြောင့် အစာအိမ်ကို ပိုပြီးအချဉ်ပေါက်စေနိုင်သောကြောင့် ဖြစ်သည်။

ဓာတ်စာ

၁။ပျားရည်

ပျားရည်ကို ဖျော်ရည်လုပ်သောက်ပေးနိုင်သည်။ပျားရည်သည် အစာအိမ်အမြှေးပါးကို ကာကွယ်ထိန်းသိမ်းပေးသော အစားအစာဖြစ်သည်။အစာအိမ် အချဉ်ပေါက်ခြင်းကို ထိန်းညှိပေးနိုင်သည်။အစာအိမ်ကို ထိုးနှက်မှုများရှိလာပါက ပျားရည်က တားမြစ်ပေးနိုင်သည်။အစာအိမ်မကျန်းမာခြင်းကိုလည်း သက်သာစေရန် ပျားရည်က ပြုလုပ်ပေးနိုင်သည်။

၂။ကြာစွယ်၊ ပျားရည်ပြုတ် ပါဝင်ပစ္စည်း

ကြာစွယ် ၂ဝဝ ဂရမ်၊ ရေကျက်အေး အနည်းငယ်၊ ပျာရည်တစ်ဇွန်း။

ပြုလုပ်နည်း

ကြာစွယ်ကို ရေစင်အောင်ဆေး၍ ရေနွေးဆူဆူတွင် နှစ်မိနစ်၊ သုံးမိနစ်ခန့် ထည့်ပြုတ်ပြီး ပြန်ဆယ်ထားကာ ပါးပါးအချပ်လေးများဖြစ်အောင် လှီးထားပါ။၎င်းနောက် အိုးတစ်လုံးထဲသို့ ရေကျက်အေးထည့်၍ ဆူအောင်တည်ပါ။ရေဆူလာလျှင် ကြာစွယ်ထည့်၍ ကျက်အောင်ချက်ပါ။ကျက်ပါက စားမည့်ပန်းကန်သို့ထည့်ကာ ထိုထဲသို့ ပျားရည်တစ်ဇွန်း ထည့်မွှေကာ စားသုံးနိုင်ပါသည်။

ကောင်းကျိုး

ကြာစွယ်သည် အစာအိမ်၊ အူမကြီးကို ကျန်းမာစေရန် ကာကွယ်ပေးသည်။အစာချေရန် ကူညီပေးသည်။ ကိုယ်ခံအားကို တိုးစေမည်။ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးကာ အစာအိမ်ကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်၍ အစာအိမ်ပိုင်းကို ကောင်းကျိုးများစေရန် ပြုလုပ်ပေးနိုင်သည်။

Credit-Original Uploader

 

Zawgyi

 

အစာအိမ္ေရာင္ေရာဂါ ခံစားေနရသူမ်ားႏွင့္ အစာအိမ္ေရာဂါမ်ားအတြက္ အစြမ္းထက္ေသာ ၾကာစြယ္

 

လူသားတို႔ အသက္ရွင္ေစရန္ ေန႕စဥ္ အစားေနၾကရသည္။ ထိုအစာမ်ားကိုေၾကေစရန္ ေျခေပးနိုင္ေသာ အလုပ္ကိုလုပ္ေသာ အစာအိမ္သည္ က်န္းမာေနေစရန္ အထူးအေရးႀကီးပါသည္။ ထို႔ေၾကာင့္ ကြၽန္ုပ္တို႔သည္ မိမိ၏အစာအိမ္ က်န္းမာေရးကို အထူးအစဥ္အၿမဲ ေကာင္းမြန္ေစရန္ အစားအေသာက္မ်ားကို ဆင္ျခင္စားသုံးေပးရန္ လိုအပ္သည္။ အစားအေသာက္မဆင္ျခင္ပါက အစာအိမ္ကို ထိခိုက္ကာ ေရာင္ျခင္း၊ နာျခင္းႏွင့္ ေရာဂါမ်ား ရလာေစနိုင္သည္။

အစာအိမ္ေရာင္ျခင္း၊ နာျခင္းျဖစ္ေစသည့္ အေၾကာင္းအရင္းမ်ားစြာ ရွိပါတယ္။ အစာအိမ္ကို ထိုးႏွက္နိုင္ေသာ အရည္၊ အစပ္ စားျခင္း၊အရက္အလြန္အကြၽံ ေသာက္ျခင္း၊ ေဆးႏွင့္ဓာတုေဗဒ ေဆးဝါးႏွင့္ ေရာဂါပိုးမႊားမ်ားေၾကာင့္ ျဖစ္နိုင္ျခင္း၊ အခ်ဥ္အစပ္ အလြန္အကြၽံစားမိျခင္း၊ နာျခင္းကို ျဖစ္ေစနိုင္သည္။ အဓိကအားျဖင့္ အကိုက္အခဲေပ်ာက္ေဆးမ်ားသည္ အစာအိမ္ကို ထိခိုက္ေစနိုင္ေသာေၾကာင့္ ေသာက္သုံးရသည့္အခါ အထူးသတိထားရန္လိုမည္။ အစာအိမ္ေရာင္သူမ်ားသည္ဝမ္းေဖာဝမ္းေရာင္ျဖစ္ျခင္း ၊ ပ်ိဳ႕အန္ျခင္း၊ ဝမ္းမည္းသြားျခင္း၊ အစာမေၾကျခင္း၊ ဗိုက္နာ၊ ဗိုက္ေအာင့္ျခင္း စေသာ ေရာဂါလကၡဏာမ်ား ခံစားရတတ္သည္။ နာတာရွည္ အစာအိမ္ေရာင္သူမ်ားမွာမၾကာခဏ မနက္ပိုင္းအိပ္ရာထခ်ိန္တြင္ (သို႔) ဆာေလာင္မႈျပင္းထန္ေနသည့္ အခ်ိန္မ်ားတြင္ ပို၍အန္ျခင္း၊ ဗိုက္ေအာင့္ျခင္းတို႔ျဖစ္သည္။

 

 

ဆရာဝန္ၫႊန္ၾကားခ်က္

နာတာရွည္ အစာအိမ္ေရာင္ေနသူမ်ားသည္ ေန႕စဥ္ ထမင္းသုံးနပ္စားျခင္းမွ တစ္နပ္ေလ်ာ့၍ စားသုံးေပးသင့္သည္။ အနားယူခ်ိန္မ်ားမ်ား လိုအပ္သည့္အျပင္ အနားယူခ်ိန္တြင္လည္း လုံေလာက္စြာ အနားရရန္ အေရးႀကီးသည္။ ေရငတ္ေနခ်ိန္တြင္ တစ္ႀကိမ္တည္းႏွင့္ ေရအမ်ားႀကီးမေသာက္သုံးရ။အစာအိမ္ေရာင္ရမ္းျခင္း ေကာင္းမြန္သြားေစရန္ အစားမ်ားစြာ စားသုံးျခင္းကို ေလွ်ာ့ပါ။ အစာဝင္မႈနည္းလွ်င္ အစာအိမ္အေျခအေန ပိုေကာင္းပါတယ္။ အစာအိမ္ေရာင္ေနခ်ိန္တြင္ မနက္စာႏွင့္ညစာ ႏွစ္နပ္ကိုသာ စားသုံးသင့္ပါသည္။ ပါးပါး အစားအစာကိုသာ စားသင့္သည္။ အဝမစားသင့္ပါ။ မအိမ္ခင္ႏွစ္နာရီအတြင္း အစားမစားသင့္ပါ။ အစာကို အခ်ိန္မွန္မွန္ စားသုံးေသာအက်င့္ လုပ္ထားေပးပါ။ေကာက္ညွင္းႏွင့္ မာေသာအစာမ်ားကို မစားသင့္ပါ။

ထိုအစာမ်ားသည္ အစာေျခရန္မလြယ္ကူသျဖင့္ အစာေျခနိုင္ရန္လြယ္ကူေသာ အစာမ်ားကို ေ႐ြးခ်ယ္စားသုံးေပးပါ။ ညစာအျဖစ္ ဆန္ျပဳတ္စားျခင္းကသာ ပိုသင့္ေလ်ာ္ပါသည္။ အစာအိမ္ေရာင္ေနခ်ိန္တြင္ ေႏြးေသာအစာမ်ားကို စားသုံးရန္ သင့္ေလ်ာ္ပါသည္။ အမွ်င္ဓာတ္ပါေသာအစာ၊ေပ်ာ့ေပ်ာင္းေသာအစာ၊ အစာေျခရန္ လြယ္ကူေသာအစာမ်ားကို စားသုံးေပးျခင္းသည္ အစာအိမ္ကို ပိုအနားရေစနိုင္သည္။ အစာအိမ္ေရာင္တတ္သူမ်ားသည္ အခ်ဥ္ႏွင့္အခ်ိဳ ပိုျမင့္မားစြာပါေသာအစားအစာမ်ားကို မစားသင့္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ အစာအိမ္ကို ထိုးႏွက္မႈ ပိုစနိုင္၍ျဖစ္သည္။ထိုအစားအစာမ်ားကို မျဖစ္မေနစားမည္ ဆိုပါက ထမင္းစားၿပီးသည့္အခ်ိန္မွ စားေပးသင့္သည္။

စားသင့္ေသာအစာ

အစာအိမ္ေရာင္ေနသူမ်ားသည္ ငါး၊ အဆီမပါေသာအသား၊ ကလီစာ၊ ၾကက္ဥျပဳတ္၊ ၾကာစြယ္၊ဟင္းႏုနယ္၊ သေဘၤာသီး၊ စပ်စ္သီး၊ ပန္းသီး၊ သစ္ေတာ္သီး၊ ပဲနို႔၊ ပဲျပား၊ ဂ်ဳံပါေသာ အစားအစာတို႔ စားေပးသင့္ပါသည္။

မစားသင့္ေသာအစာ

အစာအိမ္ေရာင္ေနသူမ်ားသည္ အသားကင္၊ ဘဲကင္၊ ၾကက္ေၾကာ္၊ အဆီပါအသား၊ နံနံပင္၊ခရမ္းခ်ဥ္သီး၊ လိေမၼာ္သီး၊ င႐ုတ္ေကာင္းမႈန႔္၊ အရက္၊ အေအး၊ ေကာ္ဖီ၊ လက္ဖက္ရည္အပ်စ္၊ကိတ္မုန႔္၊ မုန႔္လုံးေရေပၚ၊ ေကာက္ညွင္းထုတ္၊ ေခ်ာကလက္၊ ေရခဲ၊အာလူးေၾကာ္၊ ဘီစကြတ္မုန႔္၊ အခ်ိဳအစားအစာမ်ား မစားသင့္ပါ။

သတိျပဳရန္

နာတာရွည္ အစာအိမ္ေရာင္သူမ်ားသည္ ႏြားနို႔ပမာဏမ်ားစြာ မေသာက္သင့္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ႏြားနို႔ေသာက္ၿပီး မိနစ္ ၂ဝ၊ ၃ဝ အတြင္းအစာအိမ္ကို ႏြားနို႔၏ ထိုးႏွက္မႈေၾကာင့္ အစာအိမ္ကို ပိုၿပီးအခ်ဥ္ေပါက္ေစနိုင္ေသာေၾကာင့္ ျဖစ္သည္။

ဓာတ္စာ

၁။ပ်ားရည္

ပ်ားရည္ကို ေဖ်ာ္ရည္လုပ္ေသာက္ေပးနိုင္သည္။ ပ်ားရည္သည္ အစာအိမ္အျမႇေးပါးကို ကာကြယ္ထိန္းသိမ္းေပးေသာ အစားအစာျဖစ္သည္။ အစာအိမ္ အခ်ဥ္ေပါက္ျခင္းကို ထိန္းညွိေပးနိုင္သည္။အစာအိမ္ကို ထိုးႏွက္မႈမ်ားရွိလာပါက ပ်ားရည္က တားျမစ္ေပးနိုင္သည္။ အစာအိမ္မက်န္းမာျခင္းကိုလည္း သက္သာေစရန္ ပ်ားရည္က ျပဳလုပ္ေပးနိုင္သည္။

၂။ၾကာစြယ္၊ ပ်ားရည္ျပဳတ္ ပါဝင္ပစၥည္း

ၾကာစြယ္ ၂ဝဝ ဂရမ္၊ ေရက်က္ေအး အနည္းငယ္၊ ပ်ာရည္တစ္ဇြန္း။

ျပဳလုပ္နည္း

ၾကာစြယ္ကို ေရစင္ေအာင္ေဆး၍ ေရေႏြးဆူဆူတြင္ ႏွစ္မိနစ္၊ သုံးမိနစ္ခန႔္ ထည့္ျပဳတ္ၿပီး ျပန္ဆယ္ထားကာ ပါးပါးအခ်ပ္ေလးမ်ားျဖစ္ေအာင္ လွီးထားပါ။ ၎ေနာက္ အိုးတစ္လုံးထဲသို႔ ေရက်က္ေအးထည့္၍ ဆူေအာင္တည္ပါ။ ေရဆူလာလွ်င္ ၾကာစြယ္ထည့္၍ က်က္ေအာင္ခ်က္ပါ။ က်က္ပါက စားမည့္ပန္းကန္သို႔ထည့္ကာ ထိုထဲသို႔ ပ်ားရည္တစ္ဇြန္း ထည့္ေမႊကာ စားသုံးနိုင္ပါသည္။

ေကာင္းက်ိဳး

ၾကာစြယ္သည္ အစာအိမ္၊ အူမႀကီးကို က်န္းမာေစရန္ ကာကြယ္ေပးသည္။အစာေခ်ရန္ ကူညီေပးသည္။ ကိုယ္ခံအားကို တိုးေစမည္။ပင္ပန္းႏြမ္းနယ္မႈကို ဖယ္ရွားေပးကာ အစာအိမ္ကို ေကာင္းမြန္ေစရန္ ျပဳျပင္ေပးနိုင္၍ အစာအိမ္ပိုင္းကို ေကာင္းက်ိဳးမ်ားေစရန္ ျပဳလုပ္ေပးနိုင္သည္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *