Menu Close

အဆစ်မြစ် နာကျင် ကိုက်ခဲ့တာတွေကို ယူပစ်သလို ပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်

အဆစ်မြစ် နာကျင် ကိုက်ခဲ့တာတွေကို ယူပစ်သလို ပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်

 

အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် အသက်အရွယ် ရလာတာနဲ့အမျှ အရိုးအဆစ်တွေ အားပျော့လာပြီး ဒူးနာလာသလို အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတတ်ပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေ ဒူးနာလို့ မတ်တပ်ကြာကြာမရပ်နိုင်တာ မထိုင်နိုင်တာကို တွေ့ဖူးမြင်ဖူးကြမှာဖြစ်သလို ကိုယ်တိုင်ခံစားဖူးသူတွေလည်း စာဖတ်သူတွေထဲမှာ ရှိကြတာပါ။ဒူးနာတာ ဘယ်လောက်ဆိုးသလဲဆိုတာ နာဖူးမှသိပါလိမ့်မယ်။အသက်အရွယ် ရလာတာနဲ့အမျှ အရိုးအဆစ်တွေ အားပျော့လာပြီး အရွတ်ရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟန်ချက်ညီညီ မထိန်းနိုင်တော့ပါဘူး။

ဒီနည်းလမ်းလေးက ခြေကျင်း၊ ဒူးခေါင်းနဲ့ အဆစ်အမြစ် နာကျင်တာတွေကို သက်သာစေမှာပါ။အပြင်ပိုင်းမှာ ရောင်တာ နာတာတွေကိုရော အတွင်းပိုင်းမှာ ရောင်တာ နာတာတွေကိုရော သက်သာစေပါတယ်။ခြေဆစ် ဒူးခေါင်းရိုး စတဲ့ နေရာတွေမှာ နာကျင်ကိုက်ခဲတဲ့အခါ ဒီနည်းလမ်းလေးကို သတိရလိုက်ပါ။

ဆေးနည်း

အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။ပြီးရင် ခရမ်းသီး အနေတော် တစ်လုံးကို ပါးပါးလှီးလိုက်ပြီး ရေဆူနေတဲ့ အိုးထဲ ထည့်လိုက်ပါ။ပြီးရင် ဆူနေတဲ့ ရေကို အေးအောင်ထားပါ။အဲဒီနောက် ရေကို ဆစ်ချပြီး ခရားတစ်လုံးထဲ ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ပါ။

တစ်နေ့ကို ခရမ်းသီးပြုတ်ရေ မနက်တစ်ခွက် နေ့လည်တစ်ခွက် ညတစ်ခွက် စုစုပေါင်း ၃ ခွက်သောက်ပါ။ဒါက ခန္တာကိုယ် အတွင်းပိုင်း ကုသတဲ့ နည်းပါ။

ခန္တာကိုယ် အပြင်ပိုင်းဆိုရင်တော့ ခရမ်းသီးပြုတ်ရည်မှာ သံလွင်ဆီ အနည်းငယ်ရောပြီး နာကျင် ကိုက်ခဲတဲ့ နေရာကို လိမ်းပေးပါ။အဲဒီနောက် အဝတ်သန့်နဲ့ ပတ်ပြီး အိပ်ယာဝင်ပါ။

နေ့တိုင်း လုပ်ပေးပြီး ရက် ၂၀ ဆိုရင် သက်သာလာပါလိမ့်မယ်။

Credit-My Food Myanmar

 

Zawgyi

 

အဆစ္ျမစ္ နာက်င္ ကိုက္ခဲ့တာေတြကို ယူပစ္သလို ေပ်ာက္ကင္းေစမဲ့ ခရမ္းသီးျပဳတ္ရည္

 

အမ်ိဳးသမီးပဲ ျဖစ္ျဖစ္ အမ်ိဳးသားပဲျဖစ္ျဖစ္ အသက္အ႐ြယ္ ရလာတာနဲ႕အမွ် အရိုးအဆစ္ေတြ အားေပ်ာ့လာၿပီး ဒူးနာလာသလို အဆစ္အျမစ္ေတြ နာက်င္ကိုက္ခဲတတ္ပါတယ္။အသက္အ႐ြယ္ႀကီးရင့္သူေတြ ဒူးနာလို႔ မတ္တပ္ၾကာၾကာမရပ္နိုင္တာ မထိုင္နိုင္တာကို ေတြ႕ဖူးျမင္ဖူးၾကမွာျဖစ္သလို ကိုယ္တိုင္ခံစားဖူးသူေတြလည္း စာဖတ္သူေတြထဲမွာ ရွိၾကတာပါ။ဒူးနာတာ ဘယ္ေလာက္ဆိုးသလဲဆိုတာ နာဖူးမွသိပါလိမ့္မယ္။အသက္အ႐ြယ္ ရလာတာနဲ႕အမွ် အရိုးအဆစ္ေတြ အားေပ်ာ့လာၿပီး အ႐ြတ္ရဲ႕ လုပ္ေဆာင္ခ်က္ကိုလည္း ဟန္ခ်က္ညီညီ မထိန္းနိုင္ေတာ့ပါဘူး။

 

 

ဒီနည္းလမ္းေလးက ေျခက်င္း၊ ဒူးေခါင္းနဲ႕ အဆစ္အျမစ္ နာက်င္တာေတြကို သက္သာေစမွာပါ။အျပင္ပိုင္းမွာ ေရာင္တာ နာတာေတြကိုေရာ အတြင္းပိုင္းမွာ ေရာင္တာ နာတာေတြကိုေရာ သက္သာေစပါတယ္။ေျခဆစ္ ဒူးေခါင္းရိုး စတဲ့ ေနရာေတြမွာ နာက်င္ကိုက္ခဲတဲ့အခါ ဒီနည္းလမ္းေလးကို သတိရလိုက္ပါ။

ေဆးနည္း

အိုးတစ္လုံးထဲမွာ ေရထည့္ၿပီး ဆူေအာင္တည္ပါ။ၿပီးရင္ ခရမ္းသီး အေနေတာ္ တစ္လုံးကို ပါးပါးလွီးလိုက္ၿပီး ေရဆူေနတဲ့ အိုးထဲ ထည့္လိုက္ပါ။ၿပီးရင္ ဆူေနတဲ့ ေရကို ေအးေအာင္ထားပါ။အဲဒီေနာက္ ေရကို ဆစ္ခ်ၿပီး ခရားတစ္လုံးထဲ ထည့္ကာ ေရခဲေသတၱာထဲ ထည့္ပါ။

တစ္ေန႕ကို ခရမ္းသီးျပဳတ္ေရ မနက္တစ္ခြက္ ေန႕လည္တစ္ခြက္ ညတစ္ခြက္ စုစုေပါင္း ၃ ခြက္ေသာက္ပါ။ဒါက ခႏၲာကိုယ္ အတြင္းပိုင္း ကုသတဲ့ နည္းပါ။

ခႏၲာကိုယ္ အျပင္ပိုင္းဆိုရင္ေတာ့ ခရမ္းသီးျပဳတ္ရည္မွာ သံလြင္ဆီ အနည္းငယ္ေရာၿပီး နာက်င္ ကိုက္ခဲတဲ့ ေနရာကို လိမ္းေပးပါ။အဲဒီေနာက္ အဝတ္သန႔္နဲ႕ ပတ္ၿပီး အိပ္ယာဝင္ပါ။

ေန႕တိုင္း လုပ္ေပးၿပီး ရက္ ၂၀ ဆိုရင္ သက္သာလာပါလိမ့္မယ္။

Credit-My Food Myanmar

Leave a Reply

Your email address will not be published. Required fields are marked *