Menu Close

အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း

အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း

 

ပန်းမုန်လာစိမ်း (Broccoli) မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ OA ရောဂါဟာ အဆစ်အမြစ်တွေ ရဲ့ အရိုးနု Cartilage ပျက်စီးယိုယွင်းခြင်းကြောင့် ဖြစ်လာရတာဖြစ်ပြီးအဆစ်အမြစ်နာကျင်ခြင်းနဲ့ လှုပ်ရှားမှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ရတာကို လေ့လာရပါတယ်။ဒီမှာ အဆစ်အမြစ်ရောင်ရောဂါအတွက် အဆစ်အစားထိုးကုသမှုတွေက ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် စရိတ်စက ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါသေးတယ်။

ဒီလေ့လာမှုမှာတော့ ပန်းမုန်လာစိမ်းမှာပါဝင်တဲ့

Sulforaphane ဟာ OA ရောဂါမှာ ဘယ်လို အသုံးဝင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။အဆစ်အမြစ် ရောင်ရောဂါရှင်တွေဟာ ရှောင်ရှားရမယ့်အစားအစာတွေ များပြားတဲ့အထဲက စားသုံးသင့်တဲ့ အစားအစာတစ်ခုတိုးလာတာပဲ ဖြစ်ပါတယ်။

Sulforophone ဟာ အဆစ်ကိုတည်ဆောက်ထားတဲ့ အရိုးနုဖွဲ့စည်းမှုကို ပိုမိုခိုင်မြဲစေပြီး ပျက်စီးယိုယွင်းမှုနှုန်းကို လျော့ကျစေတယ်လို့ လေ့လာမှုကိုပြုလုပ်ခဲ့တဲ့ National Diet Assocaition က ဖော်ပြထားပါတယ်။

ပန်းမုန်လာစိမ်းဟာ ကယ်လစီယမ်၊ ဗီတာမင်အေ၊ စီနဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်မှုများတဲ့အတွက် အဆစ်အမြစ်ရောဂါရှင်တွေသာမက လူတိုင်းနေ့စဉ် စားသုံးပေးသင့်ပါတယ်။အဆစ်အမြစ်ရောင် ရောဂါရှင်တွေဟာ အစားအသောက် နဲ့ ကုသမှုတွေအပြင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများနဲ့ကိုယ်အလေးချိန် ထိန်းချုပ်ဖို့လဲ လိုအပ်ကြောင်း အခု လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Credit-Nyein Aye (Health Updates Journal Vol.2, No.37)

via-MyFood Myanmar

 

Zawgyi

အဆစ္အျမစ္ေရာင္ေရာဂါကို သက္သာေစတဲ့ ပန္းမုန္လာစိမ္း

 

 

ပန္းမုန္လာစိမ္း (Broccoli) မွာပါဝင္တဲ့ ဓာတ္ေပါင္းတစ္မ်ိဳးဟာ အဆစ္အျမစ္ရာင္ေရာဂါကို သက္သာေစတဲ့ အစြမ္းသတၱိရွိတယ္လို႔ ေဖာ္ထုတ္နိုင္ခဲ့ပါတယ္။ အဆစ္အျမစ္ေရာင္ ေရာဂါတစ္မ်ိဳးျဖစ္တဲ့ OA ေရာဂါဟာ အဆစ္အျမစ္ေတြ ရဲ႕ အရိုးႏု Cartilage ပ်က္စီးယိုယြင္းျခင္းေၾကာင့္ ျဖစ္လာရတာျဖစ္ၿပီးအဆစ္အျမစ္နာက်င္ျခင္းနဲ႕ လႈပ္ရွားမႈေတြ ခက္ခဲျခင္းေတြကို ႀကဳံေတြ႕ခဲ့ရတာကို ေလ့လာရပါတယ္။ဒီမွာ အဆစ္အျမစ္ေရာင္ေရာဂါအတြက္ အဆစ္အစားထိုးကုသမႈေတြက ျပႆနာကိုေျဖရွင္းနိုင္ေပမယ့္ စရိတ္စက ကလည္း ထည့္သြင္းစဥ္းစားစရာ ျဖစ္ေနပါေသးတယ္။

ဒီေလ့လာမႈမွာေတာ့ ပန္းမုန္လာစိမ္းမွာပါဝင္တဲ့ Sulforaphane ဟာ OA ေရာဂါမွာ ဘယ္လို အသုံးဝင္တယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။ အဆစ္အျမစ္ ေရာင္ေရာဂါရွင္ေတြဟာ ေရွာင္ရွားရမယ့္အစားအစာေတြ မ်ားျပားတဲ့အထဲက စားသုံးသင့္တဲ့ အစားအစာတစ္ခုတိုးလာတာပဲ ျဖစ္ပါတယ္။

Sulforophone ဟာ အဆစ္ကိုတည္ေဆာက္ထားတဲ့ အရိုးႏုဖြဲ႕စည္းမႈကို ပိုမိုခိုင္ၿမဲေစၿပီး ပ်က္စီးယိုယြင္းမႈႏႈန္းကို ေလ်ာ့က်ေစတယ္လို႔ ေလ့လာမႈကိုျပဳလုပ္ခဲ့တဲ့ National Diet Assocaition က ေဖာ္ျပထားပါတယ္။

ပန္းမုန္လာစိမ္းဟာ ကယ္လစီယမ္၊ ဗီတာမင္ေအ၊ စီနဲ႕ ေဖာလစ္အက္ဆစ္ေတြ ပါဝင္မႈမ်ားတဲ့အတြက္ အဆစ္အျမစ္ေရာဂါရွင္ေတြသာမက လူတိုင္းေန႕စဥ္ စားသုံးေပးသင့္ပါတယ္။ အဆစ္အျမစ္ေရာင္ ေရာဂါရွင္ေတြဟာ အစားအေသာက္ နဲ႕ ကုသမႈေတြအျပင္ ေန႕စဥ္ပုံမွန္ ေလ့က်င့္ခန္းမ်ားနဲ႕ကိုယ္အေလးခ်ိန္ ထိန္းခ်ဳပ္ဖို႔လဲ လိုအပ္ေၾကာင္း အခု ေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။

Credit-Nyein Aye (Health Updates Journal Vol.2, No.37)

via-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *