Menu Close

အမျိုးသမီးများ မီးယပ် သွေးဆုံးခြင်း အတွက် ဆေးနည်း

အမျိုးသမီးများ မီးယပ် သွေးဆုံးခြင်း အတွက် ဆေးနည်း

 

ယောကျ်ားတေဇော၊ မိန်းမအာပေါဆိုသော တိုင်းရင်းဆေးပညာ၏ ဝေါ်ဟာရရှိ၏။ အမျိုးသားတို့က တေဇောဓာတ်လွန်ကဲတတ်ကြပြီး အမျိုးသမီးတို့က အာပေါဓာတ်နှင့် ပထဝီဓာတ်များ လွန်ကဲလေ့ ရှိသည်ဟုဆို၏။

အမျိုးသမီးတို့သည် မီးယပ်သွေးတည်းဟူသော အာပေါဓာတ်ယိုစီးမှုကြောင့် ရုပ်သဏ္ဍာန်လှပမှုတွင် ရင်နှင့်တင်စသည်ဖြင့် ရုပ်ကိုရှေ့ဆောင်ခြင်းဖြစ်လေသည်။

အမျိုးသမီးများ၏ ကျန်းမာရေးသည် မီးယပ်သွေးနှင့် သက်ဆိုင်နေတတ်ပေသည်။ ထိုကြောင့်လည်း မီးယပ်သွေးလစဉ်မှန်မှန် ဆင်းသက်စေရန် အမျိုးသမီးများ စောင့်ရှောက်သင့်လှ၏။အမျိုးသမီးများသည် အဓိကအားဖြင့် မီးယပ်သွေးမမှန်ခြင်းမှ စကာ မီးယပ်ရောဂါအမျိုးမျိုးကို ခံစားကြရသည်။

အမျိုးသမီးအများစု ခံစားရတတ်သော မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်ပြီး တင်ပြရပါလျှင် သွေးဆုံးချိန်နီးသည်အချိန် ကြားကာလမျိုးတွင် ရောဂါ၏ မာယာကစတင်တတ်လေသည်။

ချမ်းလိုက်၊ပူလိုက်ဖြစ်၏။ ခေါင်းကိုက်ခြင်း၊နှလုံးတုန်၊ မောပန်းခြင်းလည်းဖြစ်၏။ထိုမျှမက ခြေဖျား၊လက်ဖျားတို့အေးပြီး စိတ်မငြိမ်သက်ဖြစ်ရကာ စားမကောင်းအိပ်မပျော်စုံလင်လှပေသည်။

ထိုကြောင့်ထိုအမျိုးသမီး၏ ကျန်းမာရေးသည် ကောင်းလိုက်၊မကောင်းလိုက် နာလည်ရခက်နေတတ်လေသည်။ ဒါကြောင့်လည်း မီးယပ်သွေးဆုံးယောကျာ်းမုန်း ဟု စာပင်ချိုးကြ တော့သည်။

မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်၍ တိုင်းရင်းဆေး ဆရာကြီးဦးကြွယ် အလွန်ထိရောက်သောဆေးနည်းကောင်း လေးအားပေးဖူးပါသည်။ ထိုဆေးနည်းမှာ သွေးဆုံးမီးယပ်ခံစားနေရသောအမျိုးသမီး တစ်ပတ်တစ်ကြိမ်နှုန်း တစ်လလျှင်(၄)ကြိမ် လွယ်လင့်တကူသောက်ပေးရန်ဖြစ်ပါသည်။

(၁) ထမင်းရည် ငါးကြင်းဖန်ခွက်(၁)ခွက်

(၂) ကြက်ဥစိမ်း (၁)လုံး (အိမ်ကြက်ဥရပါက ပိုကောင်းပါသည်)

(၃) ငရုတ်ကောင်းမှုန့် (၅)စေ့စာ

(၄) ဆားအနည်းငယ်

(၅) ပျားရည် (၂)ကျပ်သား

ထမင်းရည်ပူပူထဲ ကြက်ဥကိုဖေါက်ထည့်ပေးပြီး ငရုတ်ကောင်း၊ ဆားထည့်ပြီး ပျားရည်ထည့်မွှေ၍ထမင်းရည်နေ ေးနွေးကို တစ်ခါတည်း သောက်ပေးခြင်းဖြစ်လေသည်။

ဝန်ထမ်းဘဝတစ်လျှောက် တိုင်းရင်းဆေးဆရာကြီးဦးကြွယ်ပေး သောဆေးနည်းဖြင့် ရောက်ရှိရာနေရာဒေသများတွင် ဆေးနည်း ဒါနပြုခဲ့ရာ အတော်ပင် ထိရောက်အကျိုးရှိပါ၍ လိုသူတို့ သုံးနိုင်ပါရန် အပန်းမကြီးသော မီးယပ်သွေးဆုံးဆေးနည်းကို တင်ပြလိုက်ပါသည်။

လိုသူယူသုံး စေတနာအပြုံးဖြင့် ရွှင်လန်းကြပါစေ…။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)

 

Zawgyi

 

အမ်ိဳးသမီးမ်ား မီးယပ္ ေသြးဆုံးျခင္း အတြက္ ေဆးနည္း

ေယာက်္ားေတေဇာ၊ မိန္းမအာေပါဆိုေသာ တိုင္းရင္းေဆးပညာ၏ ေဝၚဟာရရွိ၏။ အမ်ိဳးသားတို႔က ေတေဇာဓာတ္လြန္ကဲတတ္ၾကၿပီး အမ်ိဳးသမီးတို႔က အာေပါဓာတ္ႏွင့္ ပထဝီဓာတ္မ်ား လြန္ကဲေလ့ ရွိသည္ဟုဆို၏။

အမ်ိဳးသမီးတို႔သည္ မီးယပ္ေသြးတည္းဟူေသာ အာေပါဓာတ္ယိုစီးမႈေၾကာင့္ ႐ုပ္သ႑ာန္လွပမႈတြင္ ရင္ႏွင့္တင္စသည္ျဖင့္ ႐ုပ္ကိုေရွ႕ေဆာင္ျခင္းျဖစ္ေလသည္။

အမ်ိဳးသမီးမ်ား၏ က်န္းမာေရးသည္ မီးယပ္ေသြးႏွင့္ သက္ဆိုင္ေနတတ္ေပသည္။ ထိုေၾကာင့္လည္း မီးယပ္ေသြးလစဥ္မွန္မွန္ ဆင္းသက္ေစရန္ အမ်ိဳးသမီးမ်ား ေစာင့္ေရွာက္သင့္လွ၏။အမ်ိဳးသမီးမ်ားသည္ အဓိကအားျဖင့္ မီးယပ္ေသြးမမွန္ျခင္းမွ စကာ မီးယပ္ေရာဂါအမ်ိဳးမ်ိဳးကို ခံစားၾကရသည္။

အမ်ိဳးသမီးအမ်ားစု ခံစားရတတ္ေသာ မီးယပ္ေသြးဆုံးျခင္းႏွင့္ပတ္သက္ၿပီး တင္ျပရပါလွ်င္ ေသြးဆုံးခ်ိန္နီးသည္အခ်ိန္ ၾကားကာလမ်ိဳးတြင္ ေရာဂါ၏ မာယာကစတင္တတ္ေလသည္။

ခ်မ္းလိုက္၊ပူလိုက္ျဖစ္၏။ ေခါင္းကိုက္ျခင္း၊ႏွလုံးတုန္၊ ေမာပန္းျခင္းလည္းျဖစ္၏။ထိုမွ်မက ေျခဖ်ား၊လက္ဖ်ားတို႔ေအးၿပီး စိတ္မၿငိမ္သက္ျဖစ္ရကာ စားမေကာင္းအိပ္မေပ်ာ္စုံလင္လွေပသည္။

ထိုေၾကာင့္ထိုအမ်ိဳးသမီး၏ က်န္းမာေရးသည္ ေကာင္းလိုက္၊မေကာင္းလိုက္ နာလည္ရခက္ေနတတ္ေလသည္။ ဒါေၾကာင့္လည္း မီးယပ္ေသြးဆုံးေယာက်ာ္းမုန္း ဟု စာပင္ခ်ိဳးၾက ေတာ့သည္။

မီးယပ္ေသြးဆုံးျခင္းႏွင့္ပတ္သက္၍ တိုင္းရင္းေဆး ဆရာႀကီးဦးႂကြယ္ အလြန္ထိေရာက္ေသာေဆးနည္းေကာင္း ေလးအားေပးဖူးပါသည္။ ထိုေဆးနည္းမွာ ေသြးဆုံးမီးယပ္ခံစားေနရေသာအမ်ိဳးသမီး တစ္ပတ္တစ္ႀကိမ္ႏႈန္း တစ္လလွ်င္(၄)ႀကိမ္ လြယ္လင့္တကူေသာက္ေပးရန္ျဖစ္ပါသည္။

 

 

(၁) ထမင္းရည္ ငါးၾကင္းဖန္ခြက္(၁)ခြက္

(၂) ၾကက္ဥစိမ္း (၁)လုံး (အိမ္ၾကက္ဥရပါက ပိုေကာင္းပါသည္)

(၃) င႐ုတ္ေကာင္းမႈန႔္ (၅)ေစ့စာ

(၄) ဆားအနည္းငယ္

(၅) ပ်ားရည္ (၂)က်ပ္သား

ထမင္းရည္ပူပူထဲ ၾကက္ဥကိုေဖါက္ထည့္ေပးၿပီး င႐ုတ္ေကာင္း၊ ဆားထည့္ၿပီး ပ်ားရည္ထည့္ေမႊ၍ထမင္းရည္ေန ေးေႏြးကို တစ္ခါတည္း ေသာက္ေပးျခင္းျဖစ္ေလသည္။

ဝန္ထမ္းဘဝတစ္ေလွ်ာက္ တိုင္းရင္းေဆးဆရာႀကီးဦးႂကြယ္ေပး ေသာေဆးနည္းျဖင့္ ေရာက္ရွိရာေနရာေဒသမ်ားတြင္ ေဆးနည္း ဒါနျပဳခဲ့ရာ အေတာ္ပင္ ထိေရာက္အက်ိဳးရွိပါ၍ လိုသူတို႔ သုံးနိုင္ပါရန္ အပန္းမႀကီးေသာ မီးယပ္ေသြးဆုံးေဆးနည္းကို တင္ျပလိုက္ပါသည္။

လိုသူယူသုံး ေစတနာအၿပဳံးျဖင့္ ႐ႊင္လန္းၾကပါေစ…။

Credit : ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Leave a Reply

Your email address will not be published. Required fields are marked *