Menu Close

အသင့်စား ခေါက်ဆွဲခြောက်နှင့် ကျန်းမာရေး

အသင့်စား ခေါက်ဆွဲခြောက်နှင့် ကျန်းမာရေး

 

ယခုခေတ်မှာ ဈေးသက်သာပြီး စားသုံးရလွယ်ကူတဲ့ အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေ ခေတ်စား လာပြီး ကမ္ဘာတစ်ဝှမ်း စားသုံးမှုလည်း မြင့်မားလာပါတယ်။ တကယ်က ခေါက်ဆွဲခြောက်တွေမှာ ကယ်လိုရီနည်းသလို အမျှင်ဓာတ်နဲ့ အသားဓာတ်ပါဝင်မှုလည်း နည်းပါတယ်။

အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကယ်လိုရီပါဝင်မှု နည်းတဲ့အတွက် ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ သုံးနိုင်တယ်လို့ ထင်ရပေမယ့် အမှန်တကယ် ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အသုံးမဝင်ပါဘူး။

အမျှင်ဓာတ်နဲ့ အသားဓာတ်ပါဝင်မှု နည်းပေမယ့် သံဓာတ်၊ ဖောလိတ်၊ မဂ္ဂနိစ်နဲ့ ဗီတာမင်ဘီတွေ ပါဝင်ပါတယ်။

အချို့အသင့်စား ခေါက်ဆွဲခြောက်တွေမှာ အချိုမှုန့် ပါဝင်ပါတယ်။ လေ့လာမှုအချို့အရ အချိုမှုန့် မြင့်မားစွာ စားသုံးခြင်းက ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးခြင်း၊ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အချိုမှုန့် အသင့်အတင့် စားသုံးခြင်းကတော့ အဆင်ပြေပါတယ်။

အချိုမှုန့်ကို အသင့်အတင့် စားသုံးခြင်းက ဘာမှမဖြစ်ဘူးဆိုပေမယ့် အချိုမှုန့်ဒဏ်ကို မခံနိုင်တဲ့သူတွေမှာ ခေါင်းကိုက်ခြင်း၊ ကြွက်သား တောင့်တင်းခြင်း၊ ထုံကျဉ်ခြင်းတွေ ဖြစ်စေတဲ့အတွက် အချိုမှုန့်စားသုံးမှုကို ကန့်သတ်ထားသင့်ပါတယ်။

ခေါက်ဆွဲခြောက် စားသုံးသူတွေက အချို့သော အာဟာရဓာတ်တွေကို ရရှိနိုင်ပေမယ့် အသားဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီ၊ ဖော့စ်ဖရပ်၊ သံဓာတ်နဲ့ ဗီတာမင်အေ သိသိသာသာ ရရှိမှုနည်းပါတယ်။ ဒါ့အပြင် ခေါက်ဆွဲခြောက် စားသူတွေက မစားသူတွေနဲ့စာရင် ဆိုဒီယမ်လို့ခေါ်တဲ့ ဆားဓာတ်နဲ့ ကယ်လိုရီ ပိုများပါတယ်။

 

shweu

 

ခေါက်ဆွဲခြောက်အလွန်အကျွံစားခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီဓာတ် လျော့နည်းခြင်း၊ အဝလွန်ခြင်း၊ တက်ကြွမှုနည်းခြင်း စတာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ဆားပါဝင်မှု များတဲ့အတွက် အငန်ဓာတ်နဲ့ မတည့်တဲ့သူတွေမှာ သွေးတိုးခြင်း စတဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။

အသင့်စား ခေါက်ဆွဲခြောက်တွေကို ဘယ်လိုရွေးချယ်ကြမလဲ?

မကြာခဏ ခေါက်ဆွဲခြောက် စားလေ့ရှိတယ်ဆိုရင်တော့ ဆားပါဝင်မှုနည်းတဲ့ ခေါက်ဆွဲခြောက်တွေကိုသာ ရွေးချယ်ပါ။

ခေါက်ဆွဲပြုတ်ထဲကို အရွက်တွေ၊ အသားတွေ ထည့်စားပါ။ ဒါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ခေါက်ဆွဲခြောက်တွေကို အမြဲစားသုံးတာ မကောင်းပါဘူး။ တစ်ခါတလေ စားသုံးတာကတော့ ပြဿနာမရှိပါဘူး။

Dr. Mya Myo Myo Swe

 

Zawgyi

အသင့္စား ေခါက္ဆြဲေျခာက္ႏွင့္ က်န္းမာေရး

 

ယခုေခတ္မွာ ေဈးသက္သာၿပီး စားသုံးရလြယ္ကူတဲ့ အသင့္စား ေခါက္ဆြဲေျခာက္ထုပ္ေတြ ေခတ္စား လာၿပီး ကမာၻတစ္ဝွမ္း စားသုံးမႈလည္း ျမင့္မားလာပါတယ္။ တကယ္က ေခါက္ဆြဲေျခာက္ေတြမွာ ကယ္လိုရီနည္းသလို အမွ်င္ဓာတ္နဲ႕ အသားဓာတ္ပါဝင္မႈလည္း နည္းပါတယ္။

အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ ကယ္လိုရီပါဝင္မႈ နည္းတဲ့အတြက္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တဲ့ေနရာမွာ သုံးနိုင္တယ္လို႔ ထင္ရေပမယ့္ အမွန္တကယ္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖိဳ႕အတြက္ အသုံးမဝင္ပါဘူး။

အမွ်င္ဓာတ္နဲ႕ အသားဓာတ္ပါဝင္မႈ နည္းေပမယ့္ သံဓာတ္၊ ေဖာလိတ္၊ မဂၢနိစ္နဲ႕ ဗီတာမင္ဘီေတြ ပါဝင္ပါတယ္။

အခ်ိဳ႕အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ အခ်ိဳမႈန႔္ ပါဝင္ပါတယ္။ ေလ့လာမႈအခ်ိဳ႕အရ အခ်ိဳမႈန႔္ ျမင့္မားစြာ စားသုံးျခင္းက ကိုယ္အေလးခ်ိန္တက္ျခင္း၊ ေသြးတိုးျခင္း၊ ေခါင္းကိုက္ျခင္းနဲ႕ ပ်ိဳ႕အန္ျခင္းေတြကို ျဖစ္ေစနိုင္တယ္လို႔ ဆိုပါတယ္။

အခ်ိဳမႈန႔္ အသင့္အတင့္ စားသုံးျခင္းကေတာ့ အဆင္ေျပပါတယ္။

 

shweu

 

အခ်ိဳမႈန႔္ကို အသင့္အတင့္ စားသုံးျခင္းက ဘာမွမျဖစ္ဘူးဆိုေပမယ့္ အခ်ိဳမႈန႔္ဒဏ္ကို မခံနိုင္တဲ့သူေတြမွာ ေခါင္းကိုက္ျခင္း၊ ႂကြက္သား ေတာင့္တင္းျခင္း၊ ထုံက်ဥ္ျခင္းေတြ ျဖစ္ေစတဲ့အတြက္ အခ်ိဳမႈန႔္စားသုံးမႈကို ကန႔္သတ္ထားသင့္ပါတယ္။

ေခါက္ဆြဲေျခာက္ စားသုံးသူေတြက အခ်ိဳ႕ေသာ အာဟာရဓာတ္ေတြကို ရရွိနိုင္ေပမယ့္ အသားဓာတ္၊ ကယ္ဆီယမ္၊ ဗီတာမင္စီ၊ ေဖာ့စ္ဖရပ္၊ သံဓာတ္နဲ႕ ဗီတာမင္ေအ သိသိသာသာ ရရွိမႈနည္းပါတယ္။ ဒါ့အျပင္ ေခါက္ဆြဲေျခာက္ စားသူေတြက မစားသူေတြနဲ႕စာရင္ ဆိုဒီယမ္လို႔ေခၚတဲ့ ဆားဓာတ္နဲ႕ ကယ္လိုရီ ပိုမ်ားပါတယ္။

ေခါက္ဆြဲေျခာက္အလြန္အကြၽံစားျခင္းက ႏွလုံးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႕ ေလျဖတ္ျခင္း စတာေတြ ျဖစ္နိုင္ေျခကို ျမင့္တက္ေစပါတယ္။ ဒါ့အျပင္ ဗီတာမင္ဒီဓာတ္ ေလ်ာ့နည္းျခင္း၊ အဝလြန္ျခင္း၊ တက္ႂကြမႈနည္းျခင္း စတာေတြနဲ႕လည္း ဆက္စပ္မႈရွိပါတယ္။

အသင့္စား ေခါက္ဆြဲေျခာက္ေတြမွာ ဆားပါဝင္မႈ မ်ားတဲ့အတြက္ အငန္ဓာတ္နဲ႕ မတည့္တဲ့သူေတြမွာ ေသြးတိုးျခင္း စတဲ့ မေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိေစပါတယ္။
အသင့္စား ေခါက္ဆြဲေျခာက္ေတြကို ဘယ္လိုေ႐ြးခ်ယ္ၾကမလဲ?

မၾကာခဏ ေခါက္ဆြဲေျခာက္ စားေလ့ရွိတယ္ဆိုရင္ေတာ့ ဆားပါဝင္မႈနည္းတဲ့ ေခါက္ဆြဲေျခာက္ေတြကိုသာ ေ႐ြးခ်ယ္ပါ။

ေခါက္ဆြဲျပဳတ္ထဲကို အ႐ြက္ေတြ၊ အသားေတြ ထည့္စားပါ။ ဒါမွ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္စြက္ေပးနိုင္ပါတယ္။

အဆုံးသတ္အေနနဲ႕ ေျပာခ်င္တာကေတာ့ ေခါက္ဆြဲေျခာက္ေတြကို အၿမဲစားသုံးတာ မေကာင္းပါဘူး။ တစ္ခါတေလ စားသုံးတာကေတာ့ ျပႆနာမရွိပါဘူး။

Dr. Mya Myo Myo Swe

Leave a Reply

Your email address will not be published. Required fields are marked *