Menu Close

အသည်းကို ကျန်းမာစေနိုင်တဲ့ ကညွတ်

အသည်းကို ကျန်းမာစေနိုင်တဲ့ ကညွတ်

 

ကညွတ်ပင်(Asparagus) သည် အသည်းဆဲလ်များ၏ အဆိပ် ဖယ်ရှားနိုင်မှုကို ကူညီပေး နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရသည်။ ထို့ပြင်ကညွတ်ပင်သည်အရက်အလွန် အကျွံသောက်ပြီး နောက်ဖြစ်ပွားသည့် မအီမသာဖြစ်ခြင်း (Hangover) ကိုလည်း သက်သာစေသည်ဟုဆိုထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူး အမျိုးသားတက္ကသိုလ်နှင့် ဆေးသိပ္ပံ ပညာဌာန၏ ပူးပေါင်းလေ့လာချက် အရမအီမသာဖြစ်မှုကို သက်သာစေရ သည်မှာကညွတ်တွင်ပါဝင်သောအမိုင် နိုအက်စစ်နှင့် ဓာတ်သတ္တု (Minerals) များကြောင့်ဖြစ်သည်ကို ဖော် ထုတ်နိုင်ခဲ့သည်၊ယင်းသုတေသီ များက ကညွတ်ပင်၏ပင်စည်နှင့်အရွက်များ တွင်ပါဝင်သောဇီဝဓာတု အာနိသင်က လူသားများနှင့် ကြွက်များ၏ အသည်း ဆဲလ်အပေါ် သက်ရောက်နိုင်မှု ကိုလေ့ လာနိုင်ခဲ့သည်။

လေ့လာမှုခေါင်းဆောင် ဂျေဂျူး အမျိုးသားတက္ကသိုလ်မှ သုတေသီ Dr.BY Kim က ယမကာကိုနှစ်ရှည် သောက်သုံးသူများတွင် အသည်း အပေါ်ဓာတ်တိုးအာနိသင်များဖြစ်စေကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်မှုကိုလည်းခံစားရကြောင်း၊ ဆဲလ် အဆိပ်အတောက် (Cellutor Toxicities) များအသည်းအပေါ်တွင်စုပုံလာ ကြောင်းရှင်းပြခဲ့ပါသည်။ယခုလေ့လာ ခဲ့မှုအရကညွတ်ပင်၏ အရွက်များတွင် အများဆုံး ပါဝင်သောအမိုင်နိုအက်စစ် နှင့်ဓာတ်သတ္တုအချို့အထက်ပါမအီမသာဖြစ်မှုများကို သက်သာစေပြီးအသည်း ဆဲလ်၏ကျန်းမာရေးကို အထောက်အကူ ပြုကြောင်းဖော်ထုတ်နိုင် ခဲ့သည်။

ကညွတ်ပင်ကို ကမ္ဘာတစ်ဝှမ်း တွင် တိုင်းရင်းဆေးအဖြစ်၊ ဟင်းလျာ အဖြစ်သုံးစွဲနေကြပြီး ကင်ဆာရော ဂါကိုသက်သာစေသောတိုင်းရင်းဆေး အဖြစ် လူသိများသည်။

ယင်း တွင်ဆီး ရွှင်စေသော ၊ရောင်ရမ်းမှု ကိုသက်သာ စေသောအရေပြားမှိုစွဲကပ်ခြင်းကိုကာ ကွယ်ပေးသော အာနိသင် များလည်းရှိ သည်။ ယခုလေ့လာမှုကို Journal of Food Science တွင် ပုံနှိပ်ဖော်ပြထား ခြင်းဖြစ်သည်။

credit:ဇော်ဂျီ

 

Zawgyi

 

အသည္းကို က်န္းမာေစနိုင္တဲ့ ကၫြတ္

ကၫြတ္ပင္(Asparagus) သည္ အသည္းဆဲလ္မ်ား၏ အဆိပ္ ဖယ္ရွားနိုင္မႈကို ကူညီေပး နိုင္ေၾကာင္း ေလ့လာမႈတစ္ရပ္အရ သိရွိရသည္။ထို႔ျပင္ကၫြတ္ပင္သည္အရက္အလြန္ အကြၽံေသာက္ၿပီး ေနာက္ျဖစ္ပြားသည့္ မအီမသာျဖစ္ျခင္း (Hangover) ကိုလည္း သက္သာေစသည္ဟုဆိုထားပါသည္။ေတာင္ကိုရီးယားနိုင္ငံ၊ ေဂ်ဂ်ဴး အမ်ိဳးသားတကၠသိုလ္ႏွင့္ ေဆးသိပၸံ ပညာဌာန၏ ပူးေပါင္းေလ့လာခ်က္ အရမအီမသာျဖစ္မႈကို သက္သာေစရ သည္မွာကၫြတ္တြင္ပါဝင္ေသာအမိုင္ နိုအက္စစ္ႏွင့္ ဓာတ္သတၱဳ (Minerals) မ်ားေၾကာင့္ျဖစ္သည္ကို ေဖာ္ ထုတ္နိုင္ခဲ့သည္၊ ယင္းသုေတသီ မ်ားက ကၫြတ္ပင္၏ပင္စည္ႏွင့္အ႐ြက္မ်ား တြင္ပါဝင္ေသာဇီဝဓာတု အာနိသင္က လူသားမ်ားႏွင့္ ႂကြက္မ်ား၏ အသည္း ဆဲလ္အေပၚ သက္ေရာက္နိုင္မႈ ကိုေလ့ လာနိုင္ခဲ့သည္။

 

 

ေလ့လာမႈေခါင္းေဆာင္ ေဂ်ဂ်ဴး အမ်ိဳးသားတကၠသိုလ္မွ သုေတသီ Dr.BY Kim က ယမကာကိုႏွစ္ရွည္ ေသာက္သုံးသူမ်ားတြင္ အသည္း အေပၚဓာတ္တိုးအာနိသင္မ်ားျဖစ္ေစေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာ မအီမသာ ျဖစ္မႈကိုလည္းခံစားရေၾကာင္း၊ ဆဲလ္ အဆိပ္အေတာက္ (Cellutor Toxicities) မ်ားအသည္းအေပၚတြင္စုပုံလာ ေၾကာင္းရွင္းျပခဲ့ပါသည္။

ယခုေလ့လာ ခဲ့မႈအရကၫြတ္ပင္၏ အ႐ြက္မ်ားတြင္ အမ်ားဆုံး ပါဝင္ေသာအမိုင္နိုအက္စစ္ ႏွင့္ဓာတ္သတၱဳအခ်ိဳ႕အထက္ပါမအီမသာျဖစ္မႈမ်ားကို သက္သာေစၿပီးအသည္း ဆဲလ္၏က်န္းမာေရးကို အေထာက္အကူ ျပဳေၾကာင္းေဖာ္ထုတ္နိုင္ ခဲ့သည္။

ကၫြတ္ပင္ကို ကမာၻတစ္ဝွမ္း တြင္ တိုင္းရင္းေဆးအျဖစ္၊ ဟင္းလ်ာ အျဖစ္သုံးစြဲေနၾကၿပီး ကင္ဆာေရာ ဂါကိုသက္သာေစေသာတိုင္းရင္းေဆး အျဖစ္ လူသိမ်ားသည္။

ယင္း တြင္ဆီး ႐ႊင္ေစေသာ ၊ေရာင္ရမ္းမႈ ကိုသက္သာ ေစေသာအေရျပားမွိုစြဲကပ္ျခင္းကိုကာ ကြယ္ေပးေသာ အာနိသင္ မ်ားလည္းရွိ သည္။ ယခုေလ့လာမႈကို Journal of Food Science တြင္ ပုံႏွိပ္ေဖာ္ျပထား ျခင္းျဖစ္သည္။

credit:ေဇာ္ဂ်ီ

Leave a Reply

Your email address will not be published. Required fields are marked *