Menu Close
အသည်းရောင် အသားဝါ ဘီပိုး စီပိုးအတွက် ဆေးနည်း
အသည်းရောင် အသားဝါ ဘီပိုး စီပိုးအတွက် ဆေးနည်း
တောဇီးဖြူ (ခ)တောင်ဇီးဖြူပင်ပါ
အသည်းရောင် အသားဝါ ဘီပိုး စီ ပိုး အသည်းခြောက် အသည်းရောဂါအကုန်ပျောက်ပါတယ်
သုံးခွက်တစ်ခွက်တင် ကြိုပြီး နွားနို့ သကြားတို့နှင့် ရောကာသောက်သုံးပေးပါ အကျိုးထူး ပျောက်ကင်းပါကြောင်း
နောက်တစ်နည်းကတော့
ဣဿရမူလီ ကို စားပါ။ သို့သော် ဣဿရမူလီက အပူဓာတ်များတာကြောင့်၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူများမှာ ရေနိုင်နိုင်ချိုးပေးရပါမယ်။
အပင်ရှင်သန်ပေါက်ရောက်ရာ နေရာဒေသပေါ်မူတည်၍ အရွက်အရွယ်အစား အသေးအကြီး ကွာဟမှု ရှိပါတယ်။
ဒါကြောင့် စတင်စားသုံးသူများအဖို့ အရွက်အစိုကို လက် ၂-လုံး ခန့်သာဝါးစား၍ ရေ၀၀သောက်ပေးရပါမယ်။
ရောဂါ ဝေဒနာပေါ်မူတည်၍ နံနက်-နေ့လည်-ည တစ်ကြိမ်စီ တစ်နေ့ (၃)ကြိမ် ဝါးစားပြီး ရေသောက်ရပါမယ်။
ပဉ္စငါးပါး(အဖူး-အပွင့်-အရွက်-ပင်စည်-အမြစ်) အားလုံး အနံ့အရသာရော ဆေးစွမ်းသတ္တိတွေပါ အတူတူဘဲ ဖြစ်ပါတယ်။
အထူးအရေးကြီးတဲ့ အချက် မှာ ဣဿရမူလီကို သုံးစွဲမည့့်သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားနှင့့် ကိုယ်အလေး ချိန်အချိုးအစားအတိုင်း စံနစ်တကျမှီဝဲ သင့်တာကြောင့် တတ်သိ နားလည်သော ဆရာသမားကောင်းများနှင့်တိုင်ပင်ပြီးမှသာ စိတ်ချ လက်ချ သုံးစွဲကြသင့်ပါတယ်။
နောက်တစ်နည်းကတော့
ကြက်သွန်နီ တစ်ဥ အခွံခွါ အလုံးလိုက်ရေဆေး ( စိတ်ပြီးမှမဆေးရ) လေးစိတ် စိတ် သကြားနဲ့တို့စားပါ ။
နံက်တစ်လုံး နေ့တစ်လုံး ညတစ်လုံး တစ်နေ့ သုံးကြိမ် ပုံမှန် စားပေးပါက လပိုင်းအတွင်း ဘီပိုးစီပိုး သိသာစွာ ပျောက်ကင်းသွားကြောင်း လေ့ လာ သိရှိရပါတယ်။
နောက်တစ်နည်း
Fb ပေါ်မှာ ဘီပိုး အတွက် ဆေးနည်း လာမေးတဲ့အတွက် ဖြေပေးဖူးပါတယ် ၅ ရက်နေတော့ သိသာလာပါတယ်တဲ့
စပါးလင်ကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ ။၎င်း ပြုတ်ရည် ကို တစ်နေ့သုံးကြိမ် သောက်သုံးပေးပါ
၇ ရက် နေလျှင် ဘီပိုး ပျောက်ကင်းသွားပါ လိမ့်မယ် လက်တွေ့တွေ့ဖူးပါသည်။
ဒီနည်းကတော့လက်တွေ့ပျောက်ခဲ့တဲ့ဆေးနည်းပါ
ဆေးဖေါ်စပ်ရန်အတွက်
သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့လိုအပ်ပါတယ်။
ဆေးကျိုရန်အတွက် မြေအိုးအသစ် တစ်လုံး သုံးပေးပါ။ မြေအိုးထဲမှာ လတ်ဆတ်တဲ့ သခွတ်ပွင့်၊ အရွက် နှင့် အခေါက် စုစုပေါင်း ထို (၃)မျိုး လက်တစ်ဆုပ်စာကို ရေ ဖြင့် သုံးခွက်တခွက် ကျော်ကျော်လောက်ပြုတ်ပြီး တစ်နေ့ ကို အနည်း ဆုံး ၂-ကြိမ်မှ အများဆုံး ၃-ကြိမ် သောက်သုံးပေးပါ။
(အ ပွင့်စို နဲ့ အရွက်စိုများ မရခဲ့ရင်လည်း အပင်ခေါက်တစ်မျိုးတည်း လက်တစ်ဆုပ်စာကို ရေ သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး အလားတူ အချိုးအစားအတိုင်း ကြိုချက်သောက်သုံးနိုင်ပါတယ်) အကယ်၍ လတ်လတ်ဆတ်ဆတ် အပွင့်စို၊ အရွက်စို၊ အခေါက်စိုများ မရနိုင်တဲ့အခါမျိုးမှာတော့ ၄င်းတို့ကို အခြောက်ခံ၍ သောက်သုံးနိုင်ပါတယ်။ သို့သော် ၄င်းတို့ကို နေရောင် ခြည်ပြင်းပြင်းမှာ အခြောက်ခံမလှမ်းသင့်ပါဘူး အာနိသင်ဓာတ်လျော့ကျ သွားစေနိုင်ပါတယ်။
အပွင့်နှင့်အရွက်တို့ကို နေရောင် ခြည် အနည်းငယ်ရသောနေရာမှာ အခြောက်ခံရမှာဖြစ်ပြီး၊ အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ရအောင် နေ ဖန့်ဖန့်ပြပါ။
လက်ဖက်ခြောက်အစား သခွတ်အရွက်၊ အပွင့်၊ ပင်စည်ခြောက်များကို အနည်းငယ်ထည့်ခပ်၍ ရေနွေးကြမ်း သောက်သလို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ဘီပိုး စီပိုးရောဂါအတွက် သာမက၊ အသည်းအဆီဖုံးခြင်းအန္တရာယ်မှ ကြိုတင်ကာ ကွယ်ရာရောက်ပါတယ်။
မိမိ အဆင်ပြေမယ့် ဆေးနည်းကို အသုံးပြုနိုင်ပါသည်
ဆေးသောက်နေရင် ရောဂါ သက်သာနေပြီ ဆိုပြီးတော့ မစစ်ဘဲ မနေပါနဲ့  စစ်ဆေးပြီးမှ ရောဂါ ရှိမရှိဆိုတာ သေချာ သိမှာပါ
မူရင်းတင်သူ အားလုံးအား လေးစားစွာဖြင့် credit ပေးပါသည်။
Zawgyi
နောက်တစ်နည်းကတော့
အထူးအရေးကြီးတဲ့ အချက် မှာ ဣဿရမူလီကို သုံးစွဲမည့်သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားနှင့် ကိုယ်အလေး ချိန်အချိုးအစားအတိုင်း စံနစ်တကျမှီဝဲ သင့်တာကြောင့် တတ်သိ နားလည်သော ဆရာသမားကောင်းများနှင့်တိုင်ပင်ပြီးမှသာ စိတ်ချ လက်ချ သုံးစွဲကြသင့်ပါတယ်။
နောက်တစ်နည်းကတော့
နောက်တစ်နည်း
ဆေးဖေါ်စပ်ရန်အတွက်
Leave a Reply
Your email address will not be published. Required fields are marked *