Menu Close

အသည်းအတွက် ကင်ပွန်းချဉ် / ကင်ပွန်းသီး အစွမ်း

အသည်းအတွက် ကင်ပွန်းချဉ် / ကင်ပွန်းသီး အစွမ်း

 

မြန်မာအမည် – ကင်ပွန်းချဉ်

အင်္ဂလိပ်အမည် – Soap pod

ရုက္ခဗေဒအမည် – Acacia concinna

မျိုးရင်းအမည် – Mimosaceae

 

 

ကင်ပွန်းချဉ်ဟာနွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ ကင်ပွန်း ချဉ်ဟာ အသည်းအတွက် အသုံးဝင်ပါတယ်။

အရွက်နုကိုကြိတ်ပြီး အသည်းရောင်တဲ့နေရာမှာ လိမ်းပေးပါက လည်းရောဂါသက်သာနိုင်ပါတယ်။

ကင်ပွန်းချဉ်အရွက်နုကို ညက်အောင်ထောင်ပြီး သကြားအနည်းငယ်ဖြင့် ရေကျက်အေးနှင့် နေ့စဉ်သောက်ပေးပါက အဖျဉ်းရောဂါကိုသက်သာစေနိုင်ပါတယ်။

ကိုယ်ဖော ကိုယ်ရောင် ရောဂါတွေကိုလည်း ပျေက်ကင်းနိုင်ပါတယ်။

ကင်ပွန်းချဉ်ကို ရေနွေးအနည်းနဲ့ သောက်ပေးပါကလည်း ဝမ်းချုပ်ခြင်း၊လေချုပ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

ကိုယ်တွင်းအပူကိုငြိမ်းစေပါတယ်။ ဆီးရွင်စေပါတယ်။ ဆီးပူဆီးအောင့်၊ ပန်းသေပန်းညိုး ကောင်းမွန်းစေပြီး ရုပ်ပျိုကာ အဆီက လှပစေပါတယ်။

အစာအိမ်ရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားပေါ် အဖြူကွက်ထခြင်းများ ကို ကင်ပွန်းချဉ်စားခြင်းဖြင့် သက်သာပျေက်ကင်းစေပါတယ်။

နှလုံးရောဂါဝေဒနာခံစားနေရသူများ အနေဖြင့် ကင်ပွန်းချဉ် (၅)ကျပ်သား၊ ထန်းလျက် (၁၀) ကျပ်သား၊ ဆားအသင့်အတင့်ဖြင့်ရောကျိုးကာ နေ့စဉ်သောက်သုံးသင့်ပါတယ်။

အူရောင်ရောဂါခံစားနေရသူများ၊ အစာမကြေသူများ၊ အစာလမ်းမကောင်းတဲ့သူများ ကင်ပွန်းချဉ်ကအစွမ်းထက်တဲ့ ဆေးတစ်ခွက်ဆိုတာသိစေချင်ပါတယ်။

နောက်တစ်နည်းကတော့ ကင်ပွန်းချဉ်အရွက်ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်အောင်ထောင်းပြီး အရည်ကိုအဖတ်မပါအောင်ညစ်ယူပါ။ မျက်စိနာ၊ မျက်ရိုးကိုက် ဝေဒနာတွေကို သက်သာစေပါတယ်။

မျက်ရည်ပူ၊ အခိုးအငွေ့တွေထွက်စေသဖြင့် မျက်လုံးအမြင်ရှင်းစေပါတယ်။

စိန်နှင့်သံပရာသီးကိုစားမိပါက ကင်ပွန်းသီးပြုတ်ရည်ကို တိုက်ပေးပါက ပြန်အန်ထွက်စေပါတယ်။

မြွေဆိပ်ဖြေဆေး ကုသရာတွင်လည်း ကင်ပွန်းသီးကို အသုံးပြုနိုင်ပါ တယ်။

အမျိုးသမီးတွေအတွက် ဆံပင်ကောင်းစေဖို့ကို ကင်ပွန်းသီး တရော်ပင်အခေါက် တို့နှင့်ခေါင်းလျှော်ပါက ဦးရေပြားကိုအေးမြစေပြီး ဆံပင်သန်စွမ်းစေပါတယ်။

ကင်းပွန်းရွက်ကို ကျို၍ နေစဉ်ညအိပ်ရာဝင်တိုင်း သောက်ပေးပါက စာဝင်အိပ်ပျော်ပြီး ကျန်းမာရွင်လန်းစေပါတယ်။

စာရေးသူကိုယ်တွေ့ဖြစ်ရပ်အနေဖြင့် ကင်ပွန်းချဉ်အရည်ကို နေ့စဉ်သောက်တဲ့ အဖိုးတစ်ဦးဟာ အသက်ရာကျော်ရှည်ပြီး လူကြီးတွေမှာ ဖြစ်တတ်တဲ့ အိပ်မပျော်ခြင်း၊အစားအသောက်ပျက်ခြင်း တို့ကို ကျော်လွှားနိုင်ပြီး စားဝင်အိပ်ပျော်စေပါတယ်။

ထို့ကြောင့် အဖိုးတန်လှတဲ့ ကင်ပွန်းချဉ်ရည်ကို နေ့စဉ်သောက်သုံးဖို့ မမေ့ကြပါစေနဲ့။

ကျန်းမာချမ်းသာကြပါစေ

credit:မူရင်းရေးသားသူကို လေးစားစွာဖြင့်

 

Zawgyi

 

အသည္းအတြက္ ကင္ပြန္းခ်ဥ္ / ကင္ပြန္းသီး အစြမ္း

ျမန္မာအမည္ – ကင္ပြန္းခ်ဥ္

အဂၤလိပ္အမည္ – Soap pod

႐ုကၡေဗဒအမည္ – Acacia concinna

မ်ိဳးရင္းအမည္ – Mimosaceae

 

 

ကင္ပြန္းခ်ဥ္ဟာႏြယ္ပင္အမ်ိဳးအစားျဖစ္ပါတယ္။ ကင္ပြန္း ခ်ဥ္ဟာ အသည္းအတြက္ အသုံးဝင္ပါတယ္။

အ႐ြက္ႏုကိုႀကိတ္ၿပီး အသည္းေရာင္တဲ့ေနရာမွာ လိမ္းေပးပါက လည္းေရာဂါသက္သာနိုင္ပါတယ္။

ကင္ပြန္းခ်ဥ္အ႐ြက္ႏုကို ညက္ေအာင္ေထာင္ၿပီး သၾကားအနည္းငယ္ျဖင့္ ေရက်က္ေအးႏွင့္ ေန႕စဥ္ေသာက္ေပးပါက အဖ်ဥ္းေရာဂါကိုသက္သာေစနိုင္ပါတယ္။

ကိုယ္ေဖာ ကိုယ္ေရာင္ ေရာဂါေတြကိုလည္း ေပ်က္ကင္းနိုင္ပါတယ္။

ကင္ပြန္းခ်ဥ္ကို ေရေႏြးအနည္းနဲ႕ ေသာက္ေပးပါကလည္း ဝမ္းခ်ဳပ္ျခင္း၊ေလခ်ဳပ္ျခင္းတို႔ကို သက္သာေစနိုင္ပါတယ္။

ကိုယ္တြင္းအပူကိုၿငိမ္းေစပါတယ္။ ဆီး႐ြင္ေစပါတယ္။ ဆီးပူဆီးေအာင့္၊ ပန္းေသပန္းညိုး ေကာင္းမြန္းေစၿပီး ႐ုပ္ပ်ိဳကာ အဆီက လွပေစပါတယ္။

အစာအိမ္ေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ အေရျပားေပၚ အျဖဴကြက္ထျခင္းမ်ား ကို ကင္ပြန္းခ်ဥ္စားျခင္းျဖင့္ သက္သာေပ်က္ကင္းေစပါတယ္။

ႏွလုံးေရာဂါေဝဒနာခံစားေနရသူမ်ား အေနျဖင့္ ကင္ပြန္းခ်ဥ္ (၅)က်ပ္သား၊ ထန္းလ်က္ (၁၀) က်ပ္သား၊ ဆားအသင့္အတင့္ျဖင့္ေရာက်ိဳးကာ ေန႕စဥ္ေသာက္သုံးသင့္ပါတယ္။

အူေရာင္ေရာဂါခံစားေနရသူမ်ား၊ အစာမေၾကသူမ်ား၊ အစာလမ္းမေကာင္းတဲ့သူမ်ား ကင္ပြန္းခ်ဥ္ကအစြမ္းထက္တဲ့ ေဆးတစ္ခြက္ဆိုတာသိေစခ်င္ပါတယ္။ေ

နာက္တစ္နည္းကေတာ့ ကင္ပြန္းခ်ဥ္အ႐ြက္ရင့္ရင့္ကို ဆားအနည္းငယ္ႏွင့္ ညက္ေအာင္ေထာင္းၿပီး အရည္ကိုအဖတ္မပါေအာင္ညစ္ယူပါ။ မ်က္စိနာ၊ မ်က္ရိုးကိုက္ ေဝဒနာေတြကို သက္သာေစပါတယ္။

မ်က္ရည္ပူ၊ အခိုးအေငြ႕ေတြထြက္ေစသျဖင့္ မ်က္လုံးအျမင္ရွင္းေစပါတယ္။

စိန္ႏွင့္သံပရာသီးကိုစားမိပါက ကင္ပြန္းသီးျပဳတ္ရည္ကို တိုက္ေပးပါက ျပန္အန္ထြက္ေစပါတယ္။

ေႁမြဆိပ္ေျဖေဆး ကုသရာတြင္လည္း ကင္ပြန္းသီးကို အသုံးျပဳနိုင္ပါ တယ္။

အမ်ိဳးသမီးေတြအတြက္ ဆံပင္ေကာင္းေစဖို႔ကို ကင္ပြန္းသီး တေရာ္ပင္အေခါက္ တို႔ႏွင့္ေခါင္းေလွ်ာ္ပါက ဦးေရျပားကိုေအးျမေစၿပီး ဆံပင္သန္စြမ္းေစပါတယ္။

ကင္းပြန္း႐ြက္ကို က်ိဳ၍ ေနစဥ္ညအိပ္ရာဝင္တိုင္း ေသာက္ေပးပါက စာဝင္အိပ္ေပ်ာ္ၿပီး က်န္းမာ႐ြင္လန္းေစပါတယ္။

စာေရးသူကိုယ္ေတြ႕ျဖစ္ရပ္အေနျဖင့္ ကင္ပြန္းခ်ဥ္အရည္ကို ေန႕စဥ္ေသာက္တဲ့ အဖိုးတစ္ဦးဟာ အသက္ရာေက်ာ္ရွည္ၿပီး လူႀကီးေတြမွာ ျဖစ္တတ္တဲ့ အိပ္မေပ်ာ္ျခင္း၊အစားအေသာက္ပ်က္ျခင္း တို႔ကို ေက်ာ္လႊားနိုင္ၿပီး စားဝင္အိပ္ေပ်ာ္ေစပါတယ္။

ထို႔ေၾကာင့္ အဖိုးတန္လွတဲ့ ကင္ပြန္းခ်ဥ္ရည္ကို ေန႕စဥ္ေသာက္သုံးဖို႔ မေမ့ၾကပါေစနဲ႕။က်န္းမာခ်မ္းသာၾကပါေစ

credit:မူရင္းေရးသားသူကို ေလးစားစြာျဖင့္

Leave a Reply

Your email address will not be published. Required fields are marked *