Menu Close

အသံဝင်၊အသံမထွက်သူများအတွက်အံ့ဖွယ်ဆေး

အသံဝင်၊အသံမထွက်သူများအတွက်အံ့ဖွယ်ဆေး

 

အသံဖြင့်ဘဝရပ်တည် အသက်မွေးဝမ်းကြောင်းပြုရသူတို့ အတွက် ဝမ်းမြောက်ဖွယ်သဘာဝဆေးနည်းလေးဖြစ်ပါသည်။

ဘဝတစ်လျှောက်ဖြတ်သန်းစဉ် အသံထုတ်ပြီး အလုပ်လုပ်ရသောသူများအသံဝင်၊ အသံနာ၊ အသံမထွက်ဖြစ်တိုင်း တင်ပြပါနည်းလမ်းလေးကို ပေးခဲ့ရာ ပျောက်ကင်းသည်ဆိုသော အဖြေတစ် ခုကျေနပ်ဖွယ်ရလဒ်ကြောင့် ဝမ်းသာကြည်နူး မိသည်ကအမှန်ပင်ဖြစ်လေသည်။

မကြာသေးမီကပင် ကထိန်ပွဲအတွက်သံချပ်ထိုး သူတို့

အလေ့အကျင့်လွန်၍အသံမထွက်တော့ချေ။အောက်ဖေါ်ပြပါနည်းလေးဖြင့်မူလအသံပြန်ရပါသည်။

 

 

ပြု လုပ်ပုံနည်းလမ်းနှင့်သောက်သုံးနည်း

(၁) မုန်လာဥဖြူစိမ်း(၂)လုံးကို ပါးပါးလှီးပြီးထုချေ၍ အရည်ညှစ်ယူပါ။လက်ဖက်ရည်အကြမ်းပန်းကန်(၂)လုံး စာလောက်ရအောင် ဆောင်ရွက်ပါ။

(၂)ထိုရရှိလာသော မုန်လာဥဖြူညှစ်ရည်

လက်ဖက်ရည်ပန်းကန်(၂)လုံးနှင့် ပျားရည်ဟင်းစားဇွန်း(၃)ဇွန်းရောသမပြီး နံက်တစ်ကြိမ်ညတစ်ကြိမ်သောက်ပေးလိုက်ပါ။

(၃) အသံဝင်၊အသံနာသူ၊အသံမထွက်သူတို့အတွက် ထိရောက်သောအကျိုး သက်ရောက်မှုအမှန်ရှိသွားပါလိမ့်မည်။

(၄) အသံဖြင့် အသက်မွေးဝမ်းပြုကြသူများ တစ်ပတ် လျှင်နှစ်ကြိမ်မျှ အထက်တင်ပြပါနည်း လေးကိုပြုလုပ် သောက်သုံးပါက အသံပိုမိုကြည်လင်ကောင်မွန်ပါကြောင်း သိမီသမျှဝေငှလိုက်ပါသည်။

ကျန်းမာချမ်းသာကြပါစေ

credit:မူရင်းရေးသားသူကို လေးစားစွာဖြင့်

 

Zawgyi

 

အသံဝင္၊အသံမထြက္သူမ်ားအတြက္အံ့ဖြယ္ေဆး

 

အသံျဖင့္ဘဝရပ္တည္ အသက္ေမြးဝမ္းေၾကာင္းျပဳရသူတို႔ အတြက္ ဝမ္းေျမာက္ဖြယ္သဘာဝေဆးနည္းေလးျဖစ္ပါသည္။

ဘဝတစ္ေလွ်ာက္ျဖတ္သန္းစဥ္ အသံထုတ္ၿပီး အလုပ္လုပ္ရေသာသူမ်ားအသံဝင္၊ အသံနာ၊ အသံမထြက္ျဖစ္တိုင္း တင္ျပပါနည္းလမ္းေလးကို ေပးခဲ့ရာ ေပ်ာက္ကင္းသည္ဆိုေသာ အေျဖတစ္ ခုေက်နပ္ဖြယ္ရလဒ္ေၾကာင့္ ဝမ္းသာၾကည္ႏူး မိသည္ကအမွန္ပင္ျဖစ္ေလသည္။

မၾကာေသးမီကပင္ ကထိန္ပြဲအတြက္သံခ်ပ္ထိုး သူတို႔အေလ့အက်င့္လြန္၍အသံမထြက္ေတာ့ေခ်။ေအာက္ေဖၚျပပါနည္းေလးျဖင့္မူလအသံျပန္ရပါသည္။

 

 

ျပဳ လုပ္ပုံနည္းလမ္းႏွင့္ေသာက္သုံးနည္း

(၁) မုန္လာဥျဖဴစိမ္း(၂)လုံးကို ပါးပါးလွီးၿပီးထုေခ်၍ အရည္ညွစ္ယူပါ။လက္ဖက္ရည္အၾကမ္းပန္းကန္(၂)လုံး စာေလာက္ရေအာင္ ေဆာင္႐ြက္ပါ။

(၂)ထိုရရွိလာေသာ မုန္လာဥျဖဴညွစ္ရည္ လက္ဖက္ရည္ပန္းကန္(၂)လုံးႏွင့္ ပ်ားရည္ဟင္းစားဇြန္း(၃)ဇြန္းေရာသမၿပီး နံက္တစ္ႀကိမ္ညတစ္ႀကိမ္ေသာက္ေပးလိုက္ပါ။

(၃) အသံဝင္၊အသံနာသူ၊အသံမထြက္သူတို႔အတြက္ ထိေရာက္ေသာအက်ိဳး သက္ေရာက္မႈအမွန္ရွိသြားပါလိမ့္မည္။

(၄) အသံျဖင့္ အသက္ေမြးဝမ္းျပဳၾကသူမ်ား တစ္ပတ္ လွ်င္ႏွစ္ႀကိမ္မွ် အထက္တင္ျပပါနည္း ေလးကိုျပဳလုပ္ ေသာက္သုံးပါက အသံပိုမိုၾကည္လင္ေကာင္မြန္ပါေၾကာင္း သိမီသမွ်ေဝငွလိုက္ပါသည္။

က်န္းမာခ်မ္းသာၾကပါေစ

credit:မူရင္းေရးသားသူကို ေလးစားစြာျဖင့္

Leave a Reply

Your email address will not be published. Required fields are marked *