Menu Close

အာရုံကြောအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ ခြေလက်လေးလံခြင်းနှင့် ညအိပ်မပျော်ခြင်း

အာရုံကြောအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ ခြေလက်လေးလံခြင်းနှင့် ညအိပ်မပျော်ခြင်း

 

ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျင် အစားအသောက် စားရာတွင်လည်း ခံတွင်းမလိုက်တော့ပါဘူး။ အိပ်မပျော် စားမဝင်တော့ဘူးဆိုလျင် အာရုံကြော အားနည်းလာတတ်ပါတယ်။

နှလုံးအားပါ နည်းလာတတ်ပါတယ်။ သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။

ဦးခေါင်းပိုင်း ချွေးထွက်လွန်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ မျက်စိဝေခြင်း၊ နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ်၊ ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းပြီး အစာမကြေခြင်း၊ ဝမ်းချုပ် စမြင်းခံခြင်း စတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ရုံမျှနဲ့ မောပန်းလွယ်ခြင်း၊ စိတ်မရှည်ခြင်း စတာတွေဖြစ်လေ့ရှိပါတယ်။

အထက်ပါ အာရုံကြော ရောဂါအတွက် ရိုးရှင်း လွယ်ကူတဲ့ ဆေးနည်းပေးပါမယ်။

 

shweu

 

1. သံပုရာသီးအလုံးကြီးတစ်လုံး။

2. ကြက်ဥ အစိမ်းတစ်လုံး (မည်သည့် ကြက်ဥမဆို ရပါသည်)

3. ပျားရည်စစ်စစ် ဟင်းစားဇွန်းတစ်ဇွန်း (သဘာဝပျားရည် မရလွယ်ပါက မွေးမြူရေး ပျားရည်ကို သုံးစွဲပါ)။

4. ဖီးကြမ်း ငှက်ပျောသီး အမှည့်တစ်လုံး။

5. ရေနွေးကြမ်း အဖြူထည်ပူပူ အကြမ်းပန်းကန် တစ်ဝက် စသည်တို့ လိုအပ်ပါမည်။

– ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်လုံးထဲ သံပုရာသီး တစ်လုံးကို ထက်ခြမ်းခွဲ၍ နှစ်ခြမ်းလုံး အရည်ညှစ်ထည့်ပြီး အစေ့များကို ဖယ်ရှားပစ်ပါ။

– ထို့နောက် ပျားရည်ကို ဟင်းစားဇွန်း တစ်ဇွန်းစာ ထည့်ပါ။

– ပြီးပါက ကြက်ဥအစိမ်းတစ်လုံး ဖေါက်ထည့်ပါ။

– တဖန် ရေနွေးအဖြူပူပူ အကြမ်းပန်းကန် တစ်ဝက်စာကို ထပ်မံလောင်းထည့်ပြီး သမအောင် မွှေပေးပါ။

– ဖီးကြမ်းငှက်ပျောသီး အမှည့်တစ်လုံးကို ညက်နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။

– ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ ရပါပြီ။

အထက်ပါ အာရုံကြော အားဆေးကို သောက်သုံးရမည့် အခြေအနေနှင့် အချိန်အခါများ

1. အားအင်ကုန်ခမ်း မောပန်းနေသည့်အခါ။

2. ညအိပ်ရေး ပျက်သည့်အခါ။

3. ခြေလက် လေးလံထိုင်းမှိုင်းနေသည့်အခါ။

4. စိတ်ရွှင်လန်းမှု မရှိသည့်အခါ။

5. မလုပ်ချင် မကိုင်ချင် ဖြစ်နေသည့် အခါမျိုးတွင် သောက်သုံးပြီး အနည်းဆုံး ဆယ့်ငါးမိနစ်ခန့် ငြိမ်သက်စွာ အိပ်စက် အနားယူပေးပါက အားအင် ပြည့်ဖြိုးပြီး ပြန်လည် လန်းဆန်းလာစေပါမည်။

အထက်ပါ အားဆေး၏ ထူးခြားချက်မှာ အကြောအားဆေး သွင်းသကဲ့သို့ အားအမြန် ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။

ဤဆေးကို နံနက်စောစော မည်သည့် အစာမျှ မစားမှီနှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါက ပို၍အဆင်ပြေပါသည်။

အကယ်၍ မိမိအဆင်ပြေရာ အချိန် တစ်ချိန်တွင် သောက်သုံးပေးမည် ဆိုလျင်လည်း ရပါသည်။ အနည်းဆုံး တစ်ရက်တစ်ကြိမ် နေ့စဉ် မှီဝဲပေးပါက ပေါ့ပါးသွက်လက် ကျန်းမာစေပါမည်။။

မှတ်ချက်။ ညအိပ်ချိန် ဖုန်းမကြည့်ရပါ။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါသည်။

Credit : မူရင်းရေးသားသူ

 

Zawgyi

အာ႐ုံေၾကာအားနည္းျခင္း၊ ပင္ပန္းႏြမ္းနယ္လြယ္ျခင္း၊ ေျခလက္ေလးလံျခင္းႏွင့္ ညအိပ္မေပ်ာ္ျခင္း

 

ညအိပ္မေပ်ာ္တာ ၾကာရွည္လာခဲ့လ်င္ အစားအေသာက္ စားရာတြင္လည္း ခံတြင္းမလိုက္ေတာ့ပါဘူး။ အိပ္မေပ်ာ္ စားမဝင္ေတာ့ဘူးဆိုလ်င္ အာ႐ုံေၾကာ အားနည္းလာတတ္ပါတယ္။ ႏွလုံးအားပါ နည္းလာတတ္ပါတယ္။ ေသြးေပါင္ခ်ိန္လည္း မမွန္တတ္ပါဘူး။

ဦးေခါင္းပိုင္း ေခြၽးထြက္လြန္ျခင္း၊ ေျခဖ်ားလက္ဖ်ားေအးျခင္း၊ မ်က္စိေဝျခင္း၊ နားေလထြက္ျခင္းစတာေတြနဲ႕ အဆုတ္၊ ေက်ာက္ကပ္ စြမ္းေဆာင္ရည္ က်ဆင္းၿပီး အစာမေၾကျခင္း၊ ဝမ္းခ်ဳပ္ စျမင္းခံျခင္း စတာေတြနဲ႕ ပါတ္လည္ရိုက္ေနတတ္ပါတယ္။

ကိုယ္လက္လႈပ္ရွားမႈ အနည္းငယ္ လုပ္႐ုံမွ်နဲ႕ ေမာပန္းလြယ္ျခင္း၊ စိတ္မရွည္ျခင္း စတာေတြျဖစ္ေလ့ရွိပါတယ္။

အထက္ပါ အာ႐ုံေၾကာ ေရာဂါအတြက္ ရိုးရွင္း လြယ္ကူတဲ့ ေဆးနည္းေပးပါမယ္။

 

shweu

 

1. သံပုရာသီးအလုံးႀကီးတစ္လုံး။

2. ၾကက္ဥ အစိမ္းတစ္လုံး (မည္သည့္ ၾကက္ဥမဆို ရပါသည္)

3. ပ်ားရည္စစ္စစ္ ဟင္းစားဇြန္းတစ္ဇြန္း (သဘာဝပ်ားရည္ မရလြယ္ပါက ေမြးျမဴေရး ပ်ားရည္ကို သုံးစြဲပါ)။

4. ဖီးၾကမ္း ငွက္ေပ်ာသီး အမွည့္တစ္လုံး။

5. ေရေႏြးၾကမ္း အျဖဴထည္ပူပူ အၾကမ္းပန္းကန္ တစ္ဝက္ စသည္တို႔ လိုအပ္ပါမည္။

– ေရွးဦးစြာ သင့္ေတာ္မည့္အ႐ြယ္ ပန္းကန္လုံးတစ္လုံးထဲ သံပုရာသီး တစ္လုံးကို ထက္ျခမ္းခြဲ၍ ႏွစ္ျခမ္းလုံး အရည္ညွစ္ထည့္ၿပီး အေစ့မ်ားကို ဖယ္ရွားပစ္ပါ။

– ထို႔ေနာက္ ပ်ားရည္ကို ဟင္းစားဇြန္း တစ္ဇြန္းစာ ထည့္ပါ။

– ၿပီးပါက ၾကက္ဥအစိမ္းတစ္လုံး ေဖါက္ထည့္ပါ။

– တဖန္ ေရေႏြးအျဖဴပူပူ အၾကမ္းပန္းကန္ တစ္ဝက္စာကို ထပ္မံေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးပါ။

– ဖီးၾကမ္းငွက္ေပ်ာသီး အမွည့္တစ္လုံးကို ညက္ေနေအာင္ ျပဳလုပ္ၿပီး ထပ္မံထည့္ပါ။

– ထိုသို႔ ျပဳလုပ္ၿပီးပါက အသင့္ေသာက္သုံး၍ ရပါၿပီ။

အထက္ပါ အာ႐ုံေၾကာ အားေဆးကို ေသာက္သုံးရမည့္ အေျခအေနႏွင့္ အခ်ိန္အခါမ်ား

1. အားအင္ကုန္ခမ္း ေမာပန္းေနသည့္အခါ။

2. ညအိပ္ေရး ပ်က္သည့္အခါ။

3. ေျခလက္ ေလးလံထိုင္းမွိုင္းေနသည့္အခါ။

4. စိတ္႐ႊင္လန္းမႈ မရွိသည့္အခါ။

5. မလုပ္ခ်င္ မကိုင္ခ်င္ ျဖစ္ေနသည့္ အခါမ်ိဳးတြင္ ေသာက္သုံးၿပီး အနည္းဆုံး ဆယ့္ငါးမိနစ္ခန့္ ၿငိမ္သက္စြာ အိပ္စက္ အနားယူေပးပါက အားအင္ ျပည့္ၿဖိဳးၿပီး ျပန္လည္ လန္းဆန္းလာေစပါမည္။

အထက္ပါ အားေဆး၏ ထူးျခားခ်က္မွာ အေၾကာအားေဆး သြင္းသကဲ့သို႔ အားအျမန္ ျပည့္ေစၿပီး အာ႐ုံေၾကာအား ၊ အေၾကာအား ေကာင္းမြန္ေစပါသည္။

ဤေဆးကို နံနက္ေစာေစာ မည္သည့္ အစာမွ် မစားမွီႏွင့္ ညအိပ္ရာဝင္ခါနီး တစ္ႀကိမ္ ေသာက္သုံးေပးပါက ပို၍အဆင္ေျပပါသည္။

အကယ္၍ မိမိအဆင္ေျပရာ အခ်ိန္ တစ္ခ်ိန္တြင္ ေသာက္သုံးေပးမည္ ဆိုလ်င္လည္း ရပါသည္။ အနည္းဆုံး တစ္ရက္တစ္ႀကိမ္ ေန႕စဥ္ မွီဝဲေပးပါက ေပါ့ပါးသြက္လက္ က်န္းမာေစပါမည္။။

မွတ္ခ်က္။ ညအိပ္ခ်ိန္ ဖုန္းမၾကည့္ရပါ။ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ေစပါသည္။

Credit : မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *