Menu Close

အာရုံကြော အားနည်း ညောင်ညာ ကိုက်ခဲခြင်းအတွက် ရှဉ့်မတက် (ခေါ်) ကညွှတ်ရိုင်း ဆေး

အာရုံကြော အားနည်း ညောင်ညာ ကိုက်ခဲခြင်းအတွက် ရှဉ့်မတက် (ခေါ်) ကညွှတ်ရိုင်း ဆေး

 

အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဦးကျော်သိန်းပါ ကန့်ဘလူမြို့နယ်ထန်းတပင်ကျေးရွာ သားပါ ။

ရှဉ့်မတက်ပင်ကို တချို့ဒေသမှာ ကညွှတ်ရိုင်းလည်း ခေါ်ကြပြီး ၊ ကညွှတ်ယဉ် – ကညွှတ်ရိုင်းနှစ်မျိုး ရှိရာ ဆူးပါသည့် အပင်ကို ကညွှတ်ရိုင်း ဆူးမပါသည့် အပင်ကိုတော့ ကညွှတ်ယဉ် ခွဲခြားကြပါတယ် ။ ယခု ကညွှတ်ရိုင်းပင်မှ ကျိုချက်သည့် ဆေးဖြစ်ပြီး ကိုယ်တွေ့ကြုံ လက်တွေ့သုံး ဋ္ဌိထပျောက်ဆေးကောင်း တစ်လက်မို့ ကုသိုလ် ပြုပါရစေ ခင်ဗျာ။

ရှဉ့်မတက် ( ခေါ် ) ကညွှတ်ရိုင်း ဆေးစွမ်း

နံနက်စာ စားပြီး ( ၁ ) ကြိမ် ။ ညစာ စားပြီး ( ၁ ) ကြိမ် ။ တစ်ရက်လျှင် ဟင်းစား ဇွန်းဖြင့် ( ၂ ) ကြိမ်စားပါ ။

ချိုခါး အရသာရှိပြီး ဤဆေးကို သုံးစွဲခြင်းဖြင့် အာရုံကြော အားနည်း၍ မူးဝေ ကိုက်ခဲခြင်း ၊ အဆစ်မြစ် ကိုက်ခဲခြင်း ၊ ပင်ပမ်းနွမ်းနယ်မှု အမျိုးမျိုးကြောင့် ကိုက်ခဲခြင်းဝေဒနာတို့ ပျောက်ကင်းပြီး ဆီး ဝမ်း လေ မှန်စေ၍ ကျောက်ကပ်ကို အားဖြစ်စေပါတယ်။ ၉၆ ပါး အားလုံးအတွက်ကောင်းသည်လို့ မညွှန်းပါ ။

 

shweu

 

ဆေးအတွက်လိုအပ်သည့်အမယ်များ ။

၁ ။ ဆေး တစ်ဖုံ အတွက်

၂ ။ ရှဉ့်မတက် ဥ ၅၀ သား

၃ ။ ပျားရည် ၁ ပုလင်း ( ငှက်ပျောဖူးပုလင်း )

၄ ။ နှမ်းဆီ ၂၀ သား လိုအပ်ပါတယ် ။

ကျိုချက်ပုံ

ဦးစွာပထမရှဉ့်မတက်ဥကို သန့်ရှင်းအောင်ရေဆေးပါ။ ဆေးပြီး ဥများ အခွံခွါပါ ၊ အခွံ နဲ့ အသား တခြားစီခွဲပြီး အိုးနှစ်လုံးဖြင့် ရေသင့်သလိုထည့် ပြုတ်ပါ၊ အခွံပြုတ်အိုး ရေ ပွက်ပွက်ဆူ၍ အတန်ကြာလျှင် အခွံပြုတ်ရေငှဲ့ယူပြီး အသားပြုတ်အိုး အတွင်းပေါင်းထည့်ကျိုပါ ။ ရေခမ်းချိန် မှာတော့ နှမ်းဆီ ပျားရည်ထည့်ပါ။

မကြာခင်သင်းပျံ့သောအနှံ့ ထွက်လာချိန် ချို ခါးအရသာ ရှိသော ရှဉ့်တက်ဆေး တစ်လက် သုံးစွဲရန် အသင့်ဖြစ်ပါပြီ ခင်ဗျာ ။ အမျိုးသားအားနည်းသူများအတွက် ယခုဆေးကျိုစဉ် ခွေးလျားသီး အနက်စေ့ ၂၀ သားကို အမှုန့်ပြုလုပ်ပြီး ထည့်ကျိုပါ သိသာသည့်အားဖြစ်စေပါသည်။

ခေါင်းကိုက် ဝေဒနာ အတွက် ရှဉ့်မတက် ဥကို နှမ်းဆီဖြင့် ကျွတ်အောင်ကြော်ပါ။ ၎င်း ကြော်ပြီး ဆီဖြင့် ကိုက်ခဲရာ ခေါင်း ဂုတ် ကိုယ်လက်တို့ လိမ်းပေးပါ အမြန်ဆုံး သိသာစွာသက်သာ ပျောက်ကင်းစေပါတယ် ။

မူးဝေ ကိုက်ခဲ ဝေဒနာများ ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ ။ ဤဆေးနှင့် ပတ်သက်၍ မေးမြန်းလိုပါက ဦးကျော်သိန်း ၀၉ ၇၉၃၇၇၆၀၂၅ ထန်းတပင်ကျေးရွာ

ယခုဆေးနည်းကို စိတ်ရှည်စွာဖြင့် ရှင်းပြပေးသော ဦးကျော်သိန်းအား အထူးကျေးဇူးတင်ပါသည် ။

Credit : Sai Min Thant

 

Zawgyi

အာ႐ုံေၾကာ အားနည္း ေညာင္ညာ ကိုက္ခဲျခင္းအတြက္ ရွဉ့္မတက္ (ေခၚ) ကၫႊတ္ရိုင္း ေဆး

 

အားလုံးပဲမဂၤလာပါ ကြၽန္ေတာ္ဦးေက်ာ္သိန္းပါ ကန႔္ဘလူၿမိဳ႕နယ္ထန္းတပင္ေက်း႐ြာ သားပါ ။

ရွဉ့္မတက္ပင္ကို တခ်ိဳ႕ေဒသမွာ ကၫႊတ္ရိုင္းလည္း ေခၚၾကၿပီး ၊ ကၫႊတ္ယဥ္ – ကၫႊတ္ရိုင္းႏွစ္မ်ိဳး ရွိရာ ဆူးပါသည့္ အပင္ကို ကၫႊတ္ရိုင္း ဆူးမပါသည့္ အပင္ကိုေတာ့ ကၫႊတ္ယဥ္ ခြဲျခားၾကပါတယ္ ။ ယခု ကၫႊတ္ရိုင္းပင္မွ က်ိဳခ်က္သည့္ ေဆးျဖစ္ၿပီး ကိုယ္ေတြ႕ႀကဳံ လက္ေတြ႕သုံး ႒ိထေပ်ာက္ေဆးေကာင္း တစ္လက္မို႔ ကုသိုလ္ ျပဳပါရေစ ခင္ဗ်ာ။

ရွဉ့္မတက္ ( ေခၚ ) ကၫႊတ္ရိုင္း ေဆးစြမ္း

နံနက္စာ စားၿပီး ( ၁ ) ႀကိမ္ ။ ညစာ စားၿပီး ( ၁ ) ႀကိမ္ ။ တစ္ရက္လွ်င္ ဟင္းစား ဇြန္းျဖင့္ ( ၂ ) ႀကိမ္စားပါ ။

ခ်ိဳခါး အရသာရွိၿပီး ဤေဆးကို သုံးစြဲျခင္းျဖင့္ အာ႐ုံေၾကာ အားနည္း၍ မူးေဝ ကိုက္ခဲျခင္း ၊ အဆစ္ျမစ္ ကိုက္ခဲျခင္း ၊ ပင္ပမ္းႏြမ္းနယ္မႈ အမ်ိဳးမ်ိဳးေၾကာင့္ ကိုက္ခဲျခင္းေဝဒနာတို႔ ေပ်ာက္ကင္းၿပီး ဆီး ဝမ္း ေလ မွန္ေစ၍ ေက်ာက္ကပ္ကို အားျဖစ္ေစပါတယ္။ ၉၆ ပါး အားလုံးအတြက္ေကာင္းသည္လို႔ မၫႊန္းပါ ။

 

shweu

 

ေဆးအတြက္လိုအပ္သည့္အမယ္မ်ား ။

၁ ။ ေဆး တစ္ဖုံ အတြက္

၂ ။ ရွဉ့္မတက္ ဥ ၅၀ သား

၃ ။ ပ်ားရည္ ၁ ပုလင္း ( ငွက္ေပ်ာဖူးပုလင္း )

၄ ။ ႏွမ္းဆီ ၂၀ သား လိုအပ္ပါတယ္ ။

က်ိဳခ်က္ပုံ

ဦးစြာပထမရွဉ့္မတက္ဥကို သန႔္ရွင္းေအာင္ေရေဆးပါ။ ေဆးၿပီး ဥမ်ား အခြံခြါပါ ၊ အခြံ နဲ႕ အသား တျခားစီခြဲၿပီး အိုးႏွစ္လုံးျဖင့္ ေရသင့္သလိုထည့္ ျပဳတ္ပါ၊ အခြံျပဳတ္အိုး ေရ ပြက္ပြက္ဆူ၍ အတန္ၾကာလွ်င္ အခြံျပဳတ္ေရငွဲ႕ယူၿပီး အသားျပဳတ္အိုး အတြင္းေပါင္းထည့္က်ိဳပါ ။ ေရခမ္းခ်ိန္ မွာေတာ့ ႏွမ္းဆီ ပ်ားရည္ထည့္ပါ။

မၾကာခင္သင္းပ်ံ့ေသာအႏွံ႕ ထြက္လာခ်ိန္ ခ်ိဳ ခါးအရသာ ရွိေသာ ရွဉ့္တက္ေဆး တစ္လက္ သုံးစြဲရန္ အသင့္ျဖစ္ပါၿပီ ခင္ဗ်ာ ။ အမ်ိဳးသားအားနည္းသူမ်ားအတြက္ ယခုေဆးက်ိဳစဥ္ ေခြးလ်ားသီး အနက္ေစ့ ၂၀ သားကို အမႈန႔္ျပဳလုပ္ၿပီး ထည့္က်ိဳပါ သိသာသည့္အားျဖစ္ေစပါသည္။

ေခါင္းကိုက္ ေဝဒနာ အတြက္ ရွဉ့္မတက္ ဥကို ႏွမ္းဆီျဖင့္ ကြၽတ္ေအာင္ေၾကာ္ပါ။ ၎ ေၾကာ္ၿပီး ဆီျဖင့္ ကိုက္ခဲရာ ေခါင္း ဂုတ္ ကိုယ္လက္တို႔ လိမ္းေပးပါ အျမန္ဆုံး သိသာစြာသက္သာ ေပ်ာက္ကင္းေစပါတယ္ ။

မူးေဝ ကိုက္ခဲ ေဝဒနာမ်ား က်န္းမာ ခ်မ္းသာၾကပါေစခင္ဗ်ာ ။ ဤေဆးႏွင့္ ပတ္သက္၍ ေမးျမန္းလိုပါက ဦးေက်ာ္သိန္း ၀၉ ၇၉၃၇၇၆၀၂၅ ထန္းတပင္ေက်း႐ြာ

ယခုေဆးနည္းကို စိတ္ရွည္စြာျဖင့္ ရွင္းျပေပးေသာ ဦးေက်ာ္သိန္းအား အထူးေက်းဇူးတင္ပါသည္ ။

Credit : Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *