Menu Close

အူကျရောဂါအတွက် သဘာဝဆေးနည်းများ

အူကျရောဂါအတွက် သဘာဝဆေးနည်းများ

 

အူကျရောဂါဆိုတာ ဘာလဲ ?

၀မ်းဗိုက်ပိုင်းကို ဓားနဲ့ဖွင့်ကြည့်လိုက်မယ်ဆိုရင် အူတွေကို မမြင်ရသေးခင်၊ အူတွေရဲ့ အပေါ်မှာ (Omentum) လို့ခေါ်တဲ့ အဆီပြင်တစ်ထပ်ကာထားတာကို တွေ့ရပါလိမ့်မယ်။

Omentum တွေဟာ အစုအခဲအထပ်လိုက်တည်ရှိနေပြီး ဟိုဟိုသည်သည်ရွေ့သွားနိုင်ပါတယ်။

၀မ်းဗိုက်ကြွက်သားတွေရှိတဲ့အနက်က ကြွက်သားအားပျော့တဲ့နေရာတွေကနေ ခုနပြောတဲ့ Omentum အဆီပြင်တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အူလမ်းကြောင်း တစ်စိတ်တစ်ပိုင်းဟာ ကြွက်သားအပြင်ဘက်ကိုကျွံလာပြီး အရေပြားအောက်မှာ ဖောင်းလာတတ်ပါတယ်။ ဒါကို အူကျွံတယ်၊ အူကျတယ်လို့ခေါ်ပါတယ်။

အူကျွံတာဟာ ၀မ်းဗိုက်ပိုင်းကြွက်သားအားပျော့တဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့ နေရာက ပေါင်ခြံနှစ်ဖက်ဖြစ်ပါတယ်။ပေါင်ခြံမှာဖြစ်တာကို အူကျရောဂါ (Inguinal Hernia) လို့ခေါ်ပါတယ်။

 

 

အူကျတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။အထူးသဖြင့် ချောင်းဆိုးလိုက်တဲ့ အခါ၊ကုန်းလိုက်တဲ့အခါ၊ အလေးအပင်မတဲ့အခါတွေမှာပိုပြီး နာကျင်တတ်ပါတယ်။

အူကျရောဂါဟာ အန္တရာယ်မဖြစ်ဘဲ အကြာကြီးရှိနေနိုင်ပါတယ်။ အန္တရာယ်လည်း မဖြစ်၊ ရောဂါလည်းမပျောက်ဘဲရှိနေတတ်ပါတယ်။ဒါပေမဲ့ တစ်ချိန်ချိန်မှာ အသက်အန္တရာယ် ရှိနိုင်လောက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပေါ်လာနိုင်တာကြောင့် အူကျနေပြီဆိုရင် အူပြန်သွင်းဖို့ ဆရာ၀န်တွေက ညွှန်ကြားရခြင်းဖြစ်ပါတယ်။အူကျရောဂါကိုခွဲစိတ်ပြီး အူပြန်သွင်းတဲ့ကုသနည်းဟာ သာမန်လုပ်ရိုး လုပ်စဉ် ခွဲစိတ်ကုသနည်းတစ်ခုဖြစ်ပါတယ်။

အူကျရောဂါဟာ အမျိုးသားအများစုမှာ ဖြစ်နေတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မကြာခဏလည်း ဆေးနည်းမေးလာကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်း မသွားနိုင်သူများအတွက် သဘာဝဆေးနည်းများကို ရှာဖွေစုစည်းပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။

နည်းလမ်း(၁)

မုတ်ခါးနှင့်သံပုရာ

မုတ်ခါးကို ပရဆေးဆိုင်မှာ၀ယ်၊ သံပုရာရေနဲ့ရောပြီး တစ်နေ့ ၂ကြိမ်၊ ၃ကြိမ်ခန့် အူကျတဲ့နေရာပေါ်(ကပ်ပယ်အိတ်ပေါ်) လိမ်းပေးပါ။

နည်းလမ်း(၂)

ရှားစောင်းစေးနဲ့သံပုရာ

ရှားစောင်းလက်ပပ်ကို ဖြတ်လိုက်ရင် ထွက်လာတဲ့အစေးနဲ့ သံပုရာရေနဲ့ ရောစပ်ပြီး လိမ်းပေးပါ။

နည်းလမ်း(၃)

ရွှေဖရုံညှာနှင့်ဆန်ဆေးရေ

ရွှေဖရုံသီး၏အညှာကို ခြောက်သွားအောင် နေလှန်းထားပြီး ၄င်းအညှာခြောက်ကို ဆန်ဆေးရေနဲ့ သွေးပြီးလိမ်းပေးပါ။

နည်းလမ်း(၄)

ဇာတိပ္ဖိုလ်သီးနှင့်ကြက်ဥအကာ

ဇာတိပ္ဖိုလ်သီး၏ အစေ့အဆန်ကို ကြက်ဥအကာရည်နှင့်ကျောက်ပျဉ်တွင်သွေး၍ တစ်နေ့ (၃)ကြိမ် လိမ်းပေးပါကအူကျရောဂါ သက်သာ ပျောက်ကင်းစေပါမည်။

လွယ်ကူပြီး ရိုးရှင်းတဲ့ သဘာဝဆေးနည်းများဖြင့် အူကျဝေဒနာရှင်များ သက်သာ ပျောက်ကင်းနိုင်ကြပါစေ။

credit:မူရင်းရေးသားသူ

 

Zawgyi

 

အူက်ေရာဂါအတြက္ သဘာဝေဆးနည္းမ်ား

အူက်ေရာဂါဆိုတာ ဘာလဲ ?

၀မ္းဗိုက္ပိုင္းကို ဓားနဲ႕ဖြင့္ၾကည့္လိုက္မယ္ဆိုရင္ အူေတြကို မျမင္ရေသးခင္၊ အူေတြရဲ႕ အေပၚမွာ (Omentum) လို႔ေခၚတဲ့ အဆီျပင္တစ္ထပ္ကာထားတာကို ေတြ႕ရပါလိမ့္မယ္။ Omentum ေတြဟာ အစုအခဲအထပ္လိုက္တည္ရွိေနၿပီး ဟိုဟိုသည္သည္ေ႐ြ႕သြားနိုင္ပါတယ္။

၀မ္းဗိုက္ႂကြက္သားေတြရွိတဲ့အနက္က ႂကြက္သားအားေပ်ာ့တဲ့ေနရာေတြကေန ခုနေျပာတဲ့ Omentum အဆီျပင္တစ္စိတ္တစ္ပိုင္း ဒါမွမဟုတ္ အူလမ္းေၾကာင္း တစ္စိတ္တစ္ပိုင္းဟာ ႂကြက္သားအျပင္ဘက္ကိုကြၽံလာၿပီး အေရျပားေအာက္မွာ ေဖာင္းလာတတ္ပါတယ္။ ဒါကို အူကြၽံတယ္၊ အူက်တယ္လို႔ေခၚပါတယ္။

အူကြၽံတာဟာ ၀မ္းဗိုက္ပိုင္းႂကြက္သားအားေပ်ာ့တဲ့ ေနရာတိုင္းမွာ ျဖစ္နိုင္ပါတယ္။

အျဖစ္မ်ားတဲ့ ေနရာက ေပါင္ၿခံႏွစ္ဖက္ျဖစ္ပါတယ္။ေပါင္ၿခံမွာျဖစ္တာကို အူက်ေရာဂါ (Inguinal Hernia) လို႔ေခၚပါတယ္။

အူက်တဲ့အခါ နာက်င္မႈေဝဒနာကို ခံစားရနိုင္ပါတယ္။အထူးသျဖင့္ ေခ်ာင္းဆိုးလိုက္တဲ့ အခါ၊ကုန္းလိုက္တဲ့အခါ၊ အေလးအပင္မတဲ့အခါေတြမွာပိုၿပီး နာက်င္တတ္ပါတယ္။

အူက်ေရာဂါဟာ အႏၲရာယ္မျဖစ္ဘဲ အၾကာႀကီးရွိေနနိုင္ပါတယ္။ အႏၲရာယ္လည္း မျဖစ္၊ ေရာဂါလည္းမေပ်ာက္ဘဲရွိေနတတ္ပါတယ္။ဒါေပမဲ့ တစ္ခ်ိန္ခ်ိန္မွာ အသက္အႏၲရာယ္ ရွိနိုင္ေလာက္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ေပၚလာနိုင္တာေၾကာင့္ အူက်ေနၿပီဆိုရင္ အူျပန္သြင္းဖို႔ ဆရာ၀န္ေတြက ၫႊန္ၾကားရျခင္းျဖစ္ပါတယ္။အူက်ေရာဂါကိုခြဲစိတ္ၿပီး အူျပန္သြင္းတဲ့ကုသနည္းဟာ သာမန္လုပ္ရိုး လုပ္စဥ္ ခြဲစိတ္ကုသနည္းတစ္ခုျဖစ္ပါတယ္။

 

 

အူက်ေရာဂါဟာ အမ်ိဳးသားအမ်ားစုမွာ ျဖစ္ေနတဲ့ေရာဂါတစ္ခု ျဖစ္ပါတယ္။ မၾကာခဏလည္း ေဆးနည္းေမးလာၾကပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆး႐ုံေဆးခန္း မသြားနိုင္သူမ်ားအတြက္ သဘာဝေဆးနည္းမ်ားကို ရွာေဖြစုစည္းၿပီး ေရးသားမွ်ေဝေပးလိုက္ပါတယ္။

နည္းလမ္း(၁)

မုတ္ခါးႏွင့္သံပုရာ

မုတ္ခါးကို ပရေဆးဆိုင္မွာ၀ယ္၊ သံပုရာေရနဲ႕ေရာၿပီး တစ္ေန႕ ၂ႀကိမ္၊ ၃ႀကိမ္ခန့္ အူက်တဲ့ေနရာေပၚ(ကပ္ပယ္အိတ္ေပၚ) လိမ္းေပးပါ။

နည္းလမ္း(၂)

ရွားေစာင္းေစးနဲ႕သံပုရာ

ရွားေစာင္းလက္ပပ္ကို ျဖတ္လိုက္ရင္ ထြက္လာတဲ့အေစးနဲ႕ သံပုရာေရနဲ႕ ေရာစပ္ၿပီး လိမ္းေပးပါ။

နည္းလမ္း(၃)

ေ႐ႊဖ႐ုံညွာႏွင့္ဆန္ေဆးေရ

ေ႐ႊဖ႐ုံသီး၏အညွာကို ေျခာက္သြားေအာင္ ေနလွန္းထားၿပီး ၄င္းအညွာေျခာက္ကို ဆန္ေဆးေရနဲ႕ ေသြးၿပီးလိမ္းေပးပါ။

နည္းလမ္း(၄)

ဇာတိပၹိဳလ္သီးႏွင့္ၾကက္ဥအကာ

ဇာတိပၹိဳလ္သီး၏ အေစ့အဆန္ကို ၾကက္ဥအကာရည္ႏွင့္ေက်ာက္ပ်ဥ္တြင္ေသြး၍ တစ္ေန႕ (၃)ႀကိမ္ လိမ္းေပးပါကအူက်ေရာဂါ သက္သာ ေပ်ာက္ကင္းေစပါမည္။

လြယ္ကူၿပီး ရိုးရွင္းတဲ့ သဘာဝေဆးနည္းမ်ားျဖင့္ အူက်ေဝဒနာရွင္မ်ား သက္သာ ေပ်ာက္ကင္းနိုင္ၾကပါေစ။

credit:မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *