Menu Close

အောင်မဲညိုပွင့် ရဲ့ ဆေးဖက်ဝင် အာနိသင်

အောင်မဲညိုပွင့် ရဲ့ ဆေးဖက်ဝင် အာနိသင်

 

မျက်စိအားကောင်းတယ်

Proanthocyanidin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်လို့ မျက်စိကို သွေးလည်ပတ်မှု ကောင်းစေပြီး အမြင်အာရုံ ပိုကောင်းစေပါတယ်။ မျက်စိ ကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိ ညောင်းတာ၊ မြင်လွှာ ထိခိုက်တာတို့ အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။

ဆံပင်သန်စေတယ်

အောင်မဲညိုပန်းမှာ bioflavonoids ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဆံပင် သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေ အောင်မဲညို ရေနွေးကြမ်း သောက်ကြည့်နော်။

အသားလှစေတယ်

အောင်မဲညိုပန်းမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက collagen နဲ့ elastin ဟော်မုန်း ချက်လုပ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့ကြောင့် အသားအရေ နုပျိုစေပြီး အရေးအကြောင်း ဖြစ်ခြင်းလို ရင့်ရော်မှု ပြဿနာတွေကို လျော့ပါးစေပါတယ်။

ရာသီသွေးမှန်စေတယ်

အောင်မဲညိုပန်းရဲ့ ဆေးဖက်ဝင် အာနိသင်တွေထဲမှာ

အမျိုးသမီးတွေ ရာသီသွေး ကျန်းမာရေးအတွက်

အထောက်အကူပြုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဓမ္မတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတဲ့ အမျိုးသမီးတွေအတွက် ကုသမှု ရလဒ် ကောင်းစေနိုင်ပါတယ်။

ဦးနှောက်ကို အကျိုးပြုတယ်

အောင်မဲညို ပန်းက ဦးနှောက် ဉာဏ်ရည် လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တဲ့ အပြင် မှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။

ဆီးရွှင်စေတယ်

ဆီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာ ရှိသူတွေအတွက် ဆီးရွှင်ဆေး တစ်မျိုးပါပဲ။ သွေးတိုးကိုလည်း ကျစေတဲ့ အာနိသင် ရှိပါတယ်။

အကိုက်အခဲသက်သာစေတယ်

အောင်မဲညိုပန်းက နာကျင်ကိုက်ခဲမှုတွေ နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

 

 

 

ရင်ချောင်စေတယ်

တချို့ နိုင်ငံတွေမှာ အအေးမိ၊ ချောင်းဆိုး၊ ပန်းနာရင်ကျပ်တို့အတွက် ကုသရာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ အာနိသင်က ချွဲပျော်စေပြီး လည်ချောင်း ယားတာတွေ သက်သာစေတယ်။

စိတ်သောကတွေ သက်သာစေတယ်

ပင်ပန်းကျပ်တည်းနေတဲ့စိတ်၊ ပူပန်မှုတွေ ဖိစီးနေတဲ့စိတ်၊ ကျဆင်းနေတဲ့စိတ် တို့ကို အောင်မဲညိုပန်းက ကုသပေးနိုင်ပါတယ်။ ပန်းမှာ ပါဝင်တဲ့ flavonoids ဓာတ်တွေကြောင့် စိတ်ကျရောဂါ ရှိနေသူတွေကို ကုသရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

ပုံမှန်ဆို အောင်မဲညိုပန်းကို ရေနွေးထဲ ခတ်ထည့်၊ သံပရာသီး နည်းနည်း ညှစ်ထည့်ရတာ ဖြစ်ပေမယ့် အစာအိမ်ရောဂါ သို့မဟုတ် အစာအိမ်အနာရှိရင်တော့ သံပရာသီး မထည့်ဘဲ သောက်ပါ။

ဘာတွေ သတိထားရမလဲ

အောင်မဲညိုပန်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ် ဆိုပေမယ့်  ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါ အခံ တစ်ခုခု ရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေး ပုံမှန် သောက်နေရတဲ့ သူတွေဆိုရင်တော့ ဆရာဝန် နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်ပေးပါ။

ဆေးဖက်ဝင်ပေမယ့် အရာရာက တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မသောက်သုံးဖို့လည်း လိုပါမယ်။

credit:hellosayarwon

 

Zawgyi

 

ေအာင္မဲညိုပြင့္ ရဲ႕ ေဆးဖက္ဝင္ အာနိသင္

 

 

 

မ်က္စိအားေကာင္းတယ္

Proanthocyanidin လို႔ေခၚတဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္း ပါဝင္လို႔ မ်က္စိကို ေသြးလည္ပတ္မႈ ေကာင္းေစၿပီး အျမင္အာ႐ုံ ပိုေကာင္းေစပါတယ္။ မ်က္စိ ၾကည့္မေကာင္းတာ၊ မႈန္တာ၊ မ်က္စိ ေညာင္းတာ၊ ျမင္လႊာ ထိခိုက္တာတို႔ အတြက္လည္း ကုသနိုင္စြမ္းရွိပါတယ္။

ဆံပင္သန္ေစတယ္

ေအာင္မဲညိုပန္းမွာ bioflavonoids ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္လို႔ ဆံပင္ျဖဴျခင္းကို ကာကြယ္ေပးၿပီး ဆံပင္ သန္ေစနိုင္ပါတယ္။ ဆံပင္ပါး၊ ဆံပင္ကြၽတ္တဲ့သူေတြ ေအာင္မဲညို ေရေႏြးၾကမ္း ေသာက္ၾကည့္ေနာ္။

အသားလွေစတယ္

ေအာင္မဲညိုပန္းမွာ ပါဝင္တဲ့ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြက collagen နဲ႕ elastin ေဟာ္မုန္း ခ်က္လုပ္မႈကို ႏွိုးဆြေပးပါတယ္။ ဒါ့ေၾကာင့္ အသားအေရ ႏုပ်ိဳေစၿပီး အေရးအေၾကာင္း ျဖစ္ျခင္းလို ရင့္ေရာ္မႈ ျပႆနာေတြကို ေလ်ာ့ပါးေစပါတယ္။

ရာသီေသြးမွန္ေစတယ္

ေအာင္မဲညိုပန္းရဲ႕ ေဆးဖက္ဝင္ အာနိသင္ေတြထဲမွာ အမ်ိဳးသမီးေတြ ရာသီေသြး က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အခ်က္လည္း ပါဝင္ပါတယ္။ ဓမၼတာနဲ႕ ပတ္သက္တဲ့ ျပႆနာေတြ ရွိတဲ့ အမ်ိဳးသမီးေတြအတြက္ ကုသမႈ ရလဒ္ ေကာင္းေစနိုင္ပါတယ္။

ဦးေႏွာက္ကို အက်ိဳးျပဳတယ္

ေအာင္မဲညို ပန္းက ဦးေႏွာက္ ဉာဏ္ရည္ လုပ္ေဆာင္ခ်က္ေတြကို ျမႇင့္တင္ေပးနိုင္တဲ့ အျပင္ မွတ္ဉာဏ္ကိုလည္းေကာင္းေစပါတယ္။

ဆီး႐ႊင္ေစတယ္

ဆီးနဲ႕ပတ္သက္တဲ့ က်န္းမာေရး ျပႆနာ ရွိသူေတြအတြက္ ဆီး႐ႊင္ေဆး တစ္မ်ိဳးပါပဲ။ ေသြးတိုးကိုလည္း က်ေစတဲ့ အာနိသင္ ရွိပါတယ္။

အကိုက္အခဲသက္သာေစတယ္

ေအာင္မဲညိုပန္းက နာက်င္ကိုက္ခဲမႈေတြ နဲ႕ ေရာင္ရမ္းမႈေတြကို သက္သာေစနိုင္ပါတယ္။

ရင္ေခ်ာင္ေစတယ္

တခ်ိဳ႕ နိုင္ငံေတြမွာ အေအးမိ၊ ေခ်ာင္းဆိုး၊ ပန္းနာရင္က်ပ္တို႔အတြက္ ကုသရာမွာ အသုံးျပဳၾကတယ္လို႔ သိရပါတယ္။ သူ႕ရဲ႕ အာနိသင္က ခြၽဲေပ်ာ္ေစၿပီး လည္ေခ်ာင္း ယားတာေတြ သက္သာေစတယ္။

စိတ္ေသာကေတြ သက္သာေစတယ္

ပင္ပန္းက်ပ္တည္းေနတဲ့စိတ္၊ ပူပန္မႈေတြ ဖိစီးေနတဲ့စိတ္၊ က်ဆင္းေနတဲ့စိတ္ တို႔ကို ေအာင္မဲညိုပန္းက ကုသေပးနိုင္ပါတယ္။ ပန္းမွာ ပါဝင္တဲ့ flavonoids ဓာတ္ေတြေၾကာင့္ စိတ္က်ေရာဂါ ရွိေနသူေတြကို ကုသရာမွာ အသုံးျပဳတာ ျဖစ္ပါတယ္။

ပုံမွန္ဆို ေအာင္မဲညိုပန္းကို ေရေႏြးထဲ ခတ္ထည့္၊ သံပရာသီး နည္းနည္း ညွစ္ထည့္ရတာ ျဖစ္ေပမယ့္ အစာအိမ္ေရာဂါ သို႔မဟုတ္ အစာအိမ္အနာရွိရင္ေတာ့ သံပရာသီး မထည့္ဘဲ ေသာက္ပါ။

ဘာေတြ သတိထားရမလဲ

ေအာင္မဲညိုပန္းက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူး မ်ားတယ္ ဆိုေပမယ့္  ကိုယ္ဝန္ေဆာင္ေတြ၊ နို႔တိုက္မိခင္ေတြ၊ ေရာဂါ အခံ တစ္ခုခု ရွိသူေတြ၊ က်န္းမာေရး အေျခအေန တစ္ရပ္ရပ္ေၾကာင့္ ေဆး ပုံမွန္ ေသာက္ေနရတဲ့ သူေတြဆိုရင္ေတာ့ ဆရာဝန္ နဲ႕ ေသခ်ာေလး တိုင္ပင္ၿပီးမွ ေသာက္ေပးပါ။

ေဆးဖက္ဝင္ေပမယ့္ အရာရာက တန္ေဆး လြန္ေဘး ျဖစ္တာေၾကာင့္ အလြန္အကြၽံ မေသာက္သုံးဖို႔လည္း လိုပါမယ္။

credit:hellosayarwon

Leave a Reply

Your email address will not be published. Required fields are marked *