Menu Close

ဦးနှောက်နှင့်အာရုံကြောကို ကောင်းစေတဲ့ဗန်ဒါသီးစေ့

ဦးနှောက်နှင့်အာရုံကြောကို ကောင်းစေတဲ့ဗန်ဒါသီးစေ့

 

မြန်မာပြည်က ဗန်ဒါပင်တွေ ရွှေဖြစ်ပြီ

မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့အလွယ်ခေါ်လေ့ရှိတာကြောင့်၊ဗာဒံပင် ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။

ဗာဒံစေ့နဲ့ပတ်သက်ပြီးလူနဲ့တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကို ကောင်းစေတယ်စတဲ့အခြေခံ ဗဟုသုတလောက်တော့လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကနှွးမာရေးအကှိုးကှေးဇူးတှေ ဘယ်လောက်တောင်များပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။

ဗာဒံပင်ကအကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။အပင်ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။

ယနေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို “wedding sweets” အဖြစ်အထူးတလည်ဧည့်ခံနေကြပါတယ်။

အီရန်နိုင်ငံမှာ တော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် ဧည့်ခံပွဲတွေမှာပင်လယ်မှ ဆားဖြင့်အငံဖောက်ထားတဲ့ဗာဒံစေ့ လှော်နဲ့ဧည့်ခံလေ့ရှိပါတယ်တဲ့။မော်ရော့ကိုနိုင်ငံရဲ့ အရေးကြီးအခမ်းအနား များမှာဗာဒံစေ့မှုန့်ရောထားတဲ့ နွားနို့က မပါ လျှင်မပြီးပြန်ပါဘူး။pasanda-style (ခေါ်) အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ် အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ် တဲ့။

ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ္တိရှိတာကြောင့်လည်းပူပြင်းခြောက်သွေ့တဲ့ပါကစ္စတန်နိုင်ငံရဲ့နွေရာသီများမှာ ဗာဒံစေ့ နဲ့ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။

ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ-ဂရမ်အလေးချိန် ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ဝ.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂ဝဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ဝ.၅၈ဝရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(၂) ၈၅%၊ င်္နအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁ဝ၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက်စီယမ် ၁၅% နဲ့ ဇင့် ၃၂% တို့အသီးသီးပါရှိကြပါတယ်။

ဒါကြောင့်လည်း ဗာဒံစေ့တွေဟာ အသားအရေနုကို ပြန်လည်ပျိုစေကာ၊ မှတ်ဥာဏ်စွမ်းအားများလည်း ကောင်းစေလို့ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။

အူသိမ်၊ အူမများနဲ့ အတွင်းပိုင်းအကျဆုံး အူများအားလုံးကိုသန့်စေပါတယ်။လူတစ်ယောက်ရဲ့အသားအရေဟာ သူစားသုံးလိုက်သောအစာချေဖျက်အင်္ဂါ အဖွဲ့အစည်းရဲ့အလုပ်လုပ် နိုင်စွမ်းအားနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။

အစာချေဖျက် အင်္ဂါများအားနည်းလာတဲ့အခါဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး၊ဝက်ခြံစို/ဝက်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြု ဗက်တီးရီးယားများကိုလှုံ့ဆော်ပေးတာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊ ဝမ်းပုပ်များသက်စေပြီး၊ အစာချေအင်္ဂါ အဖွဲ့အစည်းသန့်စင်သွားတာကြောင့်၊ အသားအရေတွေလည်း မညစ်ညမ်းတော့ပါဘူး။ ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆိုရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။

ဝက်ခြံစို/ဝက်ခြံခြောက်/ဆားဝက်ခြံ အမျိုးမျိုးနဲ့မျက်နှာပေါ်ရှိအမည်းစက်များ၊အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နိုင်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ့ပြသကြည့်ကြရာ၊ဆရာဝန်တိုင်းက အသားအရေကောင်းစေဖို့ ဗီတာမင်အီး ဆေးတောင့်လေးတွေ တိုက်ကျွေး လေ့ရှိပါတယ်။အဲဒီဗီတာမင်အီး ဆေးတောင့်တွေနဲ့ဗီတာမင်အီးဓာတ်ပါတဲ့ ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲ့ဖော်စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။

 

 

ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ဝရာအရင်းအမြစ်ဖြစ်တာကြောင့် ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိ သူများလည်း မဖြစ်မနေစားသင့်ပါတယ်။ အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။

ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ပါမျက်နှာကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ်စေတော့ပါဘူး။အသားအရေလည်း ပိုညက်ညောလာပါတယ်။မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တဝိုက် ဗာဒံဆီမှန်မှန် လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသာသာ လျော့ပါးသွားစေပါတယ်။ (မျက်လုံးထဲ ဆီမဝင်အောင် ဂရုစိုက်လိမ်းပါ)

နှလုံးအတွက် သူငယ်ချင်းကောင်းလို့ဆိုရမှာပါဘဲ။ အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာ ပါလာတဲ့ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့်တားပေးပါတယ်။

ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေး တာကြောင့်နှလုံးကျမ္မာလာစေပါတယ်။

မှတ်ဥာဏ်နဲ့ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့မှတ်ဥာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်တွေနဲ့ဖော်စပ်ထားခြင်းဖြစ်ပါတယ်။အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့် တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။

ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ကစီဓာတ်တွေနဲ့ အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ကိုစားလိုက်တဲ့အခါ၊ နောက်ထပ်အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာမို့အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။ ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများက ဗိုက်ခေါက်အဆီများကိုချပေးနိုင်တာကြောင့် ဝဖြိုးသူများနဲ့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့ USDA ကအကြံပြုထားပါတယ်။

credit to owner with respect

 

Zawgyi

ဦးေႏွာက္ႏွင့္အာ႐ုံေၾကာကို ေကာင္းေစတဲ့ဗန္ဒါသီးေစ့

 

ျမန္မာျပည္က ဗန္ဒါပင္ေတြ ေ႐ႊျဖစ္ၿပီ

ျမန္မာျပည္မွာ ဗန္ဒါပင္(ဗန္ဒါသီး)လို႔အလြယ္ေခၚေလ့ရွိတာေၾကာင့္၊ဗာဒံပင္ ဆိုတဲ့ သူ႕မူလအမည္ ေပ်ာက္ကြယ္ေနပါတယ္။အဂၤလိပ္အမည္ကေတာ့ Indian Almond ပါတဲ့။

ဗာဒံေစ့နဲ႕ပတ္သက္ၿပီးလူနဲ႕တည့္တယ္၊ က်န္းမာေရးေကာင္း တယ္၊ အသားအေရကို ေကာင္းေစတယ္စတဲ့အေျခခံ ဗဟုသုတေလာက္ေတာ့လူတိုင္းသိၾကမွာပါ။ သို႔ေသာ္ ဗာဒံေစ့နဲ႕ပတ္သက္ၿပီး၊ ကႏွြးမာေရးအကွိုးေကွးဇူးေတွ ဘယ္ေလာက္ေတာင္မ်ားျပားတယ္ ဆိုတာသိနိုင္ၾကပါေစရန္ မွ်ေဝေရးသားလိုက္ရပါ တယ္။

ဗာဒံပင္ကအႀကီးျမန္ၿပီး၊အ႐ြက္ေတြ ကလည္းတဆင့္ၿပီးတဆင့္ အတက္ျမန္တာေၾကာင့္ ျမန္မာနိုင္ငံမွာ အရိပ္ရအပင္အျဖစ္ စိုက္ပ်ိဳးေလ့ရွိၾကပါတယ္။ အပင္ကိုေပါေပါမ်ားမ်ားျမင္ေတြ႕ေနရတာရယ္၊ အပင္ေအာက္မွာ ကေလးငယ္အခ်ိဳ႕ေႂကြက်လာတဲ့ အသီးကို အုတ္နီခဲအက်ိဳးျဖင့္ ထုခြဲစားေနၾကတာရယ္ေၾကာင့္ အရိပ္ရပင္မွရတဲ့အေစ့ရဲ႕က်န္းမာေရးတန္ဖိုးကို သတိမမူမိၾကပါ ဘူး။

ယေန႕နိုင္ငံ တကာမွာေတာ့ ဗာဒံေစ့နဲ႕ ၎မွရတဲ့အဆီကို တန္ဖိုးထားစားသုံးေနၾကပါၿပီ။ ဗဟုသုတအေနျဖင့္ မွ်ေဝရပါလွ်င္ ဂရိ နိုင္ငံရဲ႕ မဂၤလာေဆာင္ေတြမွာ ဗာဒံေစ့ကို “wedding sweets” အျဖစ္အထူးတလည္ဧည့္ခံေနၾကပါတယ္။

အီရန္နိုင္ငံမွာ ေတာ့ NewYear ပါတီပြဲတို႔လို ထူးထူးျခားျခားႏွစ္ပတ္လည္ ဧည့္ခံပြဲေတြမွာပင္လယ္မွ ဆားျဖင့္အငံေဖာက္ထားတဲ့ဗာဒံေစ့ ေလွာ္နဲ႕ဧည့္ခံေလ့ရွိပါတယ္တဲ့။ေမာ္ေရာ့ကိုနိုင္ငံရဲ႕ အေရးႀကီးအခမ္းအနား မ်ားမွာဗာဒံေစ့မႈန့္ေရာထားတဲ့ ႏြားနို႔က မပါ လွ်င္မၿပီးျပန္ပါဘူး။pasanda-style (ေခၚ) အိႏၵိရိုးရာဟင္းလ်ာမွာလည္း ဗာဒံေစ့ကိုဟင္းခတ္ အမယ္အျဖစ္ ထဲ့ခ်က္ေပးရပါတယ္ တဲ့။

ဗာဒံေစ့ကေအးျမေစတဲ့အစြမ္းသတၱိရွိတာေၾကာင့္လည္းပူျပင္းေျခာက္ေသြ႕တဲ့ပါကစၥတန္နိုင္ငံရဲ႕ေႏြရာသီမ်ားမွာ ဗာဒံေစ့ နဲ႕ေဖာ္စပ္ထားတဲ့ Almond sherbet ေဖ်ာ္ရည္ကို summer drink အျဖစ္ အထူးတလည္ေသာက္သုံးၾကတယ္လိုသိရပါတယ္။

 

 

ကမာၻ႔အသိအမွတ္ျပဳ USDA ရဲ႕ ဓာတ္ခြဲစမ္းသပ္ခ်က္မ်ားအရ ၁ဝဝ-ဂရမ္အေလးခ်ိန္ ရွိတဲ့ ဗာဒံေစ့ထဲမွာ၊ လူသားတို႔က်န္းမာေရး ကိုေကာင္းက်ိဳးျဖစ္ေစတဲ့ ခြန္အား ၅၇၆ ကယ္လိုရီ၊ ကစီဓာတ္ ၂၁.၆၉ ဂရမ္၊ေကာ္ဓာတ္ ဝ.၇၄ ဂရမ္၊ သၾကား ၃.၈၉ ဂရမ္၊ ေခ်ဖ်က္လြယ္ေသာအမွ်င္ဓာတ္ ၁၂.၂ဝဂရမ္၊ အဆီဓာတ္ ၄၉.၄၂ ဂရမ္၊ ပရိုတင္း ၂၁.၂၂ ဂရမ္၊ လိုင္စင္း ဝ.၅၈ဝရမ္၊ေရဓာတ္ ၄.၇ ဂရမ္၊ ဗီတာမင္ေအ ၁ IU၊ သီအာမင္(ေခၚ) ဗီတာမင္ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင္(ေခၚ)ဗီတာမင္ဘီ(၂) ၈၅%၊ နၤအာစင္း (ေခၚ) ဗီတာမင္ဘီ(၃) ၂၃%၊ဗီတာမင္ဘီ(၅) ၉%၊ ဗီတာမင္ဘီ(၆) ၁၁%၊ ေဖာလိပ္(ေခၚ) ဗီတာမင္ဘီ(၉) ၁၃%၊ ခ်ိဳလင္း ၁၁%၊ ဗီတာမင္အီး ၁၇၅%၊ ကယ္လ္စီယမ္ ၂၆%၊ သံဓာတ္ ၂၉%၊ မဂၢနီစီယမ္ ၇၅%၊ မဂၢနီးစ္ ၁ဝ၉%၊ ေဖာ့စဖရက္ ၆၉%၊ ပိုတက္စီယမ္ ၁၅% နဲ႕ ဇင့္ ၃၂% တို႔အသီးသီးပါရွိၾကပါတယ္။

ဒါေၾကာင့္လည္း ဗာဒံေစ့ေတြဟာ အသားအေရႏုကို ျပန္လည္ပ်ိဳေစကာ၊ မွတ္ဥာဏ္စြမ္းအားမ်ားလည္း ေကာင္းေစလို႔က်ား/မ အ႐ြယ္(၃)ပါးအားလုံး စားသုံးေပးၾကရန္ USDA က အႀကံျပဳထားပါတယ္။

အူသိမ္၊ အူမမ်ားနဲ႕ အတြင္းပိုင္းအက်ဆဳံး အူမ်ားအားလုံးကိုသန့္ေစပါတယ္။လူတစ္ေယာက္ရဲ႕အသားအေရဟာ သူစားသုံးလိုက္ေသာအစာေခ်ဖ်က္အဂၤါ အဖြဲ႕အစည္းရဲ႕အလုပ္လုပ္ နိုင္စြမ္းအားနဲ႕တိုက္ရိုက္အခ်ိဳးက်ေနပါတယ္။

အစာေခ်ဖ်က္ အဂၤါမ်ားအားနည္းလာတဲ့အခါဝမ္းခ်ဳပ္ျခင္းကိုျဖစ္ေစၿပီး၊ဝက္ၿခံစို/ဝက္ၿခံေျခာက္ ေတြေပါက္လာေစပါေတာ့တယ္။ ဗာဒံေစ့ကိုမွန္မွန္စားေပးျခင္းျဖင့္ အစာအိမ္ထဲရွိအက်ိဳးျပဳ ဗက္တီးရီးယားမ်ားကိုလႈံ႕ေဆာ္ေပးတာေၾကာင့္အစာေခ်ဖ်က္မႈကိုအားေပးကာ၊ ဝမ္းပုပ္မ်ားသက္ေစၿပီး၊ အစာေခ်အဂၤါ အဖြဲ႕အစည္းသန့္စင္သြားတာေၾကာင့္၊ အသားအေရေတြလည္း မညစ္ညမ္းေတာ့ပါဘူး။ ဗီတာမင္အီး ရရွိရာအရင္းအျမစ္ကိုျပပါဆိုရင္ ဗာဒံေစ့ကိုသာ လက္ညွိးထိုးလိုက္ပါ။

ဝက္ၿခံစို/ဝက္ၿခံေျခာက္/ဆားဝက္ၿခံ အမ်ိဳးမ်ိဳးနဲ႕မ်က္ႏွာေပၚရွိအမည္းစက္မ်ား၊အမာ႐ြတ္မ်ားအတြက္ ဘယ္လိုပင္မိတ္ကပ္ေကာင္းေကာင္းလိမ္းပါေသာ္လဲ မေပ်ာက္နိုင္တဲ့အခါ စိတ္ညစ္ရၿပီး၊ေငြေၾကးတတ္နိုင္သူမ်ားလည္း အေရျပားအထူးကု ဆရာဝန္ေတြနဲ႕ျပသၾကည့္ၾကရာ၊ဆရာဝန္တိုင္းက အသားအေရေကာင္းေစဖို႔ ဗီတာမင္အီး ေဆးေတာင့္ေလးေတြ တိုက္ေကြၽး ေလ့ရွိပါတယ္။ အဲဒီဗီတာမင္အီး ေဆးေတာင့္ေတြနဲ႕ဗီတာမင္အီးဓာတ္ပါတဲ့ ေဆးေတြအားလုံးကို Alpha-Tocopherol ဓာတ္ ပစၥည္းနဲ႕ေဖာ္စပ္ထားတာေၾကာင့္ အသားအေရကို ၾကည္လင္ဝင္းမြတ္ေတာက္ပလာေစပါတယ္။

ဗာဒံေစ့ဟာ ဗီတာမင္အီး ႂကြယ္ ဝရာအရင္းအျမစ္ျဖစ္တာေၾကာင့္ ဝက္ၿခံေပါက္သူေတြသာမက၊ အေရျပားေရာဂါရွိ သူမ်ားလည္း မျဖစ္မေနစားသင့္ပါတယ္။ အ႐ြယ္ႏုပ်ိဳေဆးသဖြယ္ အားကိုးထိုက္ပါတယ္။

ဗာဒံေစ့ကို မွန္မွန္စားတဲ့အျပင္၊ ဗာဒံေစ့ဆီနဲ႕ပါမ်က္ႏွာကို အသာအယာႏွိပ္နယ္ေပးျခင္းျဖင့္ အ႐ြယ္မတိုင္မီ မ်က္ႏွာအေရးေၾကာင္းေတြမျဖစ္ေစေတာ့ပါဘူး။ အသားအေရလည္း ပိုညက္ေညာလာပါတယ္။မ်က္ကြင္းညိုသူေတြ မ်က္လုံးေအာက္တဝိုက္ ဗာဒံဆီမွန္မွန္ လိမ္းေပးျခင္းျဖင့္ ရက္အနည္းငယ္အတြင္း မ်က္ကြင္းညိုမ်ားသိသိသာသာ ေလ်ာ့ပါးသြားေစပါတယ္။ (မ်က္လုံးထဲ ဆီမဝင္ေအာင္ ဂ႐ုစိုက္လိမ္းပါ)

ႏွလုံးအတြက္ သူငယ္ခ်င္းေကာင္းလို႔ဆိုရမွာပါဘဲ။ အရိုးရွင္းဆုံးေျပာရရင္ ဗာဒံေစ့က ႏွလုံးေရာဂါျဖစ္ျခင္းမွကာကြယ္ေပးပါတယ္။ ဗာဒံေစ့ထဲမွာပါတဲ့ အမွ်င္ဓာတ္ေတြဟာ ခႏၶာ ကိုယ္က အစားအစာထဲမွာ ပါလာတဲ့ျပင္ပအဆီေတြစုပ္ယူျခင္းကို ပိတ္ပင္ဟန့္တားေပးပါတယ္။

ဒါ့ျပင္ဗာဒံေစ့ထဲမွာ ဗီတာ မင္အီး၊ ျပည့္ဝဆီမ်ား၊ မဂၢနီစီယမ္ နဲ႕ခႏၶာကိုယ္အက်ိဳးျပဳဓာတ္တိုးဆန့္က်င္ ပစၥည္းေတြ အလုံအေလာက္ပါဝင္ေနတာမို႔ႏွလုံးေသြးလည္ပတ္ စီးဆင္းမႈအားေကာင္းေစပါတယ္။ ဒါတင္မကေသးပါဘူး။ေသြးထဲရွိ ကိုလက္စထေရာပမာဏကို ခ်ေပး တာေၾကာင့္ႏွလုံးက်မၼာလာေစပါတယ္။

မွတ္ဥာဏ္နဲ႕ကိုယ္ခံစြမ္းအားေတြတိုးပြားေစပါတယ္။အယ္လ္ဇိုင္းမား(ေခၚ)ဦးေႏွာက္ဇရာႀကိဳေရာဂါသက္သာေဆးမ်ား၊ကိုယ္ခံစြမ္းအားေကာင္းေဆးနဲ႕မွတ္ဥာဏ္ေကာင္းေဆးေတြကို ရီဘိုဖလာဗင္၊မဂၢနီစီယမ္ဓာတ္ေတြနဲ႕ေဖာ္စပ္ထားျခင္းျဖစ္ပါတယ္။အဲဒီဓာတ္ေတြအလုံအေလာက္ပါတဲ့ ဗာဒံေစ့ကိုစားေပး ျခင္းျဖင့္ တစ္ေနကုန္လန္းဆန္းလာေစပါတယ္။ အယ္လ္ဇိုင္းမားေဝဒနာရွင္မ်ား ဗာဒံေစ့ကိုျဖည့္စြက္စာအားေဆးအျဖစ္ မျဖစ္ မေန စားေပးသင့္ပါတယ္။

ဝၿဖိဳးျခင္း ကိုတားဆီးေပးပါတယ္။ ဗီတာမင္၊ သတၱဳဓာတ္၊ကစီဓာတ္ေတြနဲ႕ အာဟာရသိဒၶိျပည့္ဝတဲ့ဗာဒံေစ့ကိုစားလိုက္တဲ့အခါ၊ ေနာက္ထပ္အစာစားခ်င္စိတ္ကိုခ်ိဳးႏွိမ္ေပးတာမို႔အခ်ိန္ေတာ္ေတာ္ၾကာေအာင္ အဆာခံနိုင္သြားပါတယ္တဲ့။ ဒါ့ျပင္ ဗာဒံေစ့ထဲမွာပါရွိတဲ့ အက်ိဳးျပဳျပည့္ဝဆီမ်ားက ဗိုက္ေခါက္အဆီမ်ားကိုခ်ေပးနိုင္တာေၾကာင့္ ဝၿဖိဳးသူမ်ားနဲ႕အဆီေတြအိတြဲက်သဴမ်ား ဗာဒံေစ့ကို စားေပးၾကပါလို႔ USDA ကအႀကံျပဳထားပါတယ္။

credit to owner with respect

Leave a Reply

Your email address will not be published. Required fields are marked *