Menu Close

ဦးရေပြားအပူကိုလျှော့ချပေးပြီး ဆံပင်ကျွတ်သက်သာစေတဲ့ သဘောဝဆေးနည်း

ဦးရေပြားအပူကိုလျှော့ချပေးပြီး ဆံပင်ကျွတ်သက်သာစေတဲ့ သဘောဝဆေးနည်း

 

ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊ ဆိုင်မှာခေါင်းသွားလျှော်ရင်လဲ အစ်မဆံပင်တွေ ကျွတ်တယ်နော် ပြောရင် စိတ်ပိုညစ်ရပါတယ်။အမှတ်မထင်လိုင်းပေါ်မှာ တွေ့တဲ့ဆေးနည်းလေးနဲ့ စမ်းလုပ်ကြည့်တာ အဆင်ပြေလို့ ကိုယ့်လို စိတ်ညစ်နေတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါ ကြက်သွန်စိမ်းနံ့ပျောက်ဖို့ တော်တော်ခေါင်းလျှော်ယူရတာ ကျွန်မအတွက် သိပ်အဆင်မပြေ ဖြစ်ရပါတယ်။ ဒီနည်းလေးကတော့ တော်တော်အဆင် ပြေပါတယ်။

လုပ်နည်းအဆင့်ဆင့်

ဆန်ကို ပန်ကန်လုံးလေးနဲ့ တစ်ခွက်ယူပါ။ဆန်ကိုထမင်းချက်သလိုပဲ နှစ်ကြိမ်လောက် ဖွဖွလေးဆေးပါ။ေ ဆးထားတဲ့ဆန်ကို နှစ်နာရီလောက် စိမ်ထားလိုက်ပါ။ရေနည်းနည်းနဲ့ပဲ စိမ်ပါ။ ကြက်သွန်နီကို အခွံခွာပါ။ ကြက်သွန်နီကို ရှစ်စိပ်စိပ်လိုက်ပါ။ (ကျွန်မကတော့ဆန်ပန်းကန်လုံး တစ်ခွက်ဆို ကြက်သွန်နီနှစ်လုံး သုံးပါတယ်)

ဆန်နဲ့ကြက်သွန်စိပ်ထားတာ ရောလိုက်ပါ။ရေနည်းနည်း ထပ်ထည့်ပေးပါ။မီးဖိုပေါ်မှာ ပွက်ပွက်ဆူအောင် မွှေပေးပါ။ဆန်နည်းနည်းကျေတဲ့အထိ ထားပါ (ဆန်ပြုတ်အဆင့်မရောက်ပါ)။ အဲ့လောက်ဆို ရေစစ်ထဲကိုထည့်ပြီး အရည်ညစ်ယူပါ။ရေကုန်သွားအောင်ညှစ်ပါ။ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး တစ်ပတ်လောက်ထားသုံးလို့ ရပါပြီ။ဆန်မှာပါဝင်သော အာဟာရဓာတ်များနှင့် ကြက်သွန်နီမှာ ပါဝင်သောဓာတ်များကြောင့် ဆံပင်အတွက် အကျိုးပြုပါတယ်။ပြုတ်ထားတာ ဖြစ်တဲ့အတွက် ကြက်သွန်နံ့လဲ မနံ့ပါဘူး။

ဘာတွေထူးခြားလာလဲဆိုတော့

ဆံပင်ကျွတ်တာ လုံးဝရပ်သွားပြီး အမြဲဦးရေပြားပူနေတတ်တဲ့ ကျွန်မဦးခေါင်းအရေပြားလဲ သိသိသာသာ အပူလျော့ကျလာပါတယ်။ဆံပင်ကို သိသိသာသာ အားပေးစေပါတယ်။ဘောက်ရှိတဲ့သူမို့ သံပရာ(သို့) သံပရိုသီးအရည် ထည့်ပါတယ်။ဘောက်လဲတက်တာ လျှော့ကျသွားပါတယ်။

ဘယ်လိုအသုံးပြုရလဲ

ခေါင်းမလျှော်ခင် ဆေးရည်ကိုယူပြီး ဦးရေပြားအထိ လိမ်းပါတယ်။ဆံပင်ပျော့ချင်ရင် တရော်ကင်ပွန်း ထည့်ပါ။ဘောက်ပျောက်ရင်ချင်ရင် သံပရာသီးအရည် ညှစ်ထည့်ပါ။ဆံပင်အရောင်တောက်ချင်ရင် သံလွင်ဆီ၊ အုန်းဆီတစ်ခုခုကို ထည့်ပါ။(၁၅) မိနစ်လောက် ဦးရေပြားကော၊ ဆံပင်ထိပ်ဖျားတွေအထိပါ လိမ်းပေးပြီး ခဏနှိပ်ပေးရပါတယ်။ကျွန်မကတော့ Hair Cap နဲ့ဆယ်မိနစ်လောက်အုပ်ပြီး ခဏထားလိုက်ပါတယ်။ ပြီးမှ ရှန်ပူအပျော့စားနဲ့ ခေါင်းလျှော်ပါတယ်။ဘေးဥပုဒ်မရှိပဲ သဘာဝနည်းဖြစ်တာကြောင့် မည်သူမဆို အသုံးတည့်မယ် ယူဆပါတယ်။

Credit-May Soe

 

Zawgyi

 

ဦးေရျပားအပူကိုေလွ်ာ့ခ်ေပးၿပီး ဆံပင္ကြၽတ္သက္သာေစတဲ့ သေဘာဝေဆးနည္း

ေခါင္းၿဖီးလို႔ ဆံပင္ေတြကြၽတ္လာရင္ စိတ္ညစ္ရသလို၊ ဆိုင္မွာေခါင္းသြားေလွ်ာ္ရင္လဲ အစ္မဆံပင္ေတြ ကြၽတ္တယ္ေနာ္ ေျပာရင္ စိတ္ပိုညစ္ရပါတယ္။အမွတ္မထင္လိုင္းေပၚမွာ ေတြ႕တဲ့ေဆးနည္းေလးနဲ႕ စမ္းလုပ္ၾကည့္တာ အဆင္ေျပလို႔ ကိုယ့္လို စိတ္ညစ္ေနတဲ့သူေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

ၾကက္သြန္နီ ေဆးဘက္ဝင္တာသိေပမဲ့ ၾကက္သြန္နီကိုႀကိတ္ၿပီး ေခါင္းေပၚလိမ္းတဲ့အခါ ၾကက္သြန္စိမ္းနံ႕ေပ်ာက္ဖို႔ ေတာ္ေတာ္ေခါင္းေလွ်ာ္ယူရတာ ကြၽန္မအတြက္ သိပ္အဆင္မေျပ ျဖစ္ရပါတယ္။ ဒီနည္းေလးကေတာ့ ေတာ္ေတာ္အဆင္ ေျပပါတယ္။

 

 

လုပ္နည္းအဆင့္ဆင့္

ဆန္ကို ပန္ကန္လုံးေလးနဲ႕ တစ္ခြက္ယူပါ။ဆန္ကိုထမင္းခ်က္သလိုပဲ ႏွစ္ႀကိမ္ေလာက္ ဖြဖြေလးေဆးပါ။ေ ဆးထားတဲ့ဆန္ကို ႏွစ္နာရီေလာက္ စိမ္ထားလိုက္ပါ။ေရနည္းနည္းနဲ႕ပဲ စိမ္ပါ။ ၾကက္သြန္နီကို အခြံခြာပါ။ၾကက္သြန္နီကို ရွစ္စိပ္စိပ္လိုက္ပါ။ (ကြၽန္မကေတာ့ဆန္ပန္းကန္လုံး တစ္ခြက္ဆို ၾကက္သြန္နီႏွစ္လုံး သုံးပါတယ္)

ဆန္နဲ႕ၾကက္သြန္စိပ္ထားတာ ေရာလိုက္ပါ။ေရနည္းနည္း ထပ္ထည့္ေပးပါ။ မီးဖိုေပၚမွာ ပြက္ပြက္ဆူေအာင္ ေမႊေပးပါ။ဆန္နည္းနည္းေက်တဲ့အထိ ထားပါ (ဆန္ျပဳတ္အဆင့္မေရာက္ပါ)။ အဲ့ေလာက္ဆို ေရစစ္ထဲကိုထည့္ၿပီး အရည္ညစ္ယူပါ။ ေရကုန္သြားေအာင္ညွစ္ပါ။ ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး တစ္ပတ္ေလာက္ထားသုံးလို႔ ရပါၿပီ။ ဆန္မွာပါဝင္ေသာ အာဟာရဓာတ္မ်ားႏွင့္ ၾကက္သြန္နီမွာ ပါဝင္ေသာဓာတ္မ်ားေၾကာင့္ ဆံပင္အတြက္ အက်ိဳးျပဳပါတယ္။ းျပဳတ္ထားတာ ျဖစ္တဲ့အတြက္ ၾကက္သြန္နံ႕လဲ မနံ႕ပါဘူး။

ဘာေတြထူးျခားလာလဲဆိုေတာ့

ဆံပင္ကြၽတ္တာ လုံးဝရပ္သြားၿပီး အၿမဲဦးေရျပားပူေနတတ္တဲ့ ကြၽန္မဦးေခါင္းအေရျပားလဲ သိသိသာသာ အပူေလ်ာ့က်လာပါတယ္။ဆံပင္ကို သိသိသာသာ အားေပးေစပါတယ္။ ေဘာက္ရွိတဲ့သူမို႔ သံပရာ(သို႔) သံပရိုသီးအရည္ ထည့္ပါတယ္။ေဘာက္လဲတက္တာ ေလွ်ာ့က်သြားပါတယ္။

ဘယ္လိုအသုံးျပဳရလဲ

ေခါင္းမေလွ်ာ္ခင္ ေဆးရည္ကိုယူၿပီး ဦးေရျပားအထိ လိမ္းပါတယ္။ဆံပင္ေပ်ာ့ခ်င္ရင္ တေရာ္ကင္ပြန္း ထည့္ပါ။ေဘာက္ေပ်ာက္ရင္ခ်င္ရင္ သံပရာသီးအရည္ ညွစ္ထည့္ပါ။ ဆံပင္အေရာင္ေတာက္ခ်င္ရင္ သံလြင္ဆီ၊ အုန္းဆီတစ္ခုခုကို ထည့္ပါ။(၁၅) မိနစ္ေလာက္ ဦးေရျပားေကာ၊ ဆံပင္ထိပ္ဖ်ားေတြအထိပါ လိမ္းေပးၿပီး ခဏႏွိပ္ေပးရပါတယ္။ ကြၽန္မကေတာ့ Hair Cap နဲ႕ဆယ္မိနစ္ေလာက္အုပ္ၿပီး ခဏထားလိုက္ပါတယ္။ ၿပီးမွ ရွန္ပူအေပ်ာ့စားနဲ႕ ေခါင္းေလွ်ာ္ပါတယ္။ေဘးဥပုဒ္မရွိပဲ သဘာဝနည္းျဖစ္တာေၾကာင့္ မည္သူမဆို အသုံးတည့္မယ္ ယူဆပါတယ္။

Credit-May Soe

Leave a Reply

Your email address will not be published. Required fields are marked *