Menu Close

၁၅ရက်ပဲသောက်ရုံနဲ့ ပိန်သွားဆေးမယ့်ဆေးနည်း

ပိန်ချင်ရင်၁၅ ရက်ပဲသောက်ကြည့်ပါဆိုတဲ့ဆေးနည်းအဆီကျအသားကျစ်တိုင်းရင်း ဆေးအထူးအဆီကျအသားကျစ်ပိန်ဆေးကြီးယနေ့ခေတ်လူနေမှုပုံစံပြောင်းလဲလာမှု။

အစားအသောက်နှင့်ဇိမ်ခံပစ္စည်းများပေါများလာခြင်းကြောင့်အဝလွန်သည့်ပြသနာ သည် ခေတ်စားလာချေပြီ။

အ ဝ လွ န်လျှင် ဖြစ်ပေါ်လာတတ်သော ကျန်းမာရေးဆိုးကျိုးများကို လူတိုင်းသိထားပြီးဖြစ်ပါ သည်။အဆီကျဆေး ပိန်ဆေးများသည် လည်း အ ရှေ့တိုင်းဆေး၊ အနောက်တိုင်း ဆေး စုံ လင်စွာဈေး ကွက်ထဲ တွင် မှို လို ပေါက်လျက်ရှိ ပါ သည်။

သို့သော် ဘေးကင်းသော စိတ်ချရသော ဆေးအများစုမှာ တိုင်းရင်းဆေးများပင် ဖြစ်ကြသည်ကများပါသည်။အနောက်တိုင်းဆေးများတွင်လည်း အလွန်ကောင်းသော ဆေးများရှိကြပါသည်။

သို့သော် ဈေးအဆမတန်များပြားလွန်းသဖြင့် သုံးစွဲနိုင်သူက နည်းပါးလွန်းလှပါသည်။ ယခုဖေါ်ပြမည့်ဆေးသည်အလွန်အစွမ်းထက်သော လက်တွေ့ကျသော ဆေးနည်းဖြစ်ပြီး ရှားပါးသော ဆေးနည်းမူမှန်တစ်ခုဖြစ်ပါသည်။

ဤ ဆေးကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တေဇော ဝါယောဓာတ် (အပူ) ကို ငြိမ်းစေပြီးကိုလက်စရောခေါ် အဆီဓာတ်ကို အထူးလျှော့ချပေးသော သတ္တိရှိပါသည်။

သွေးတွင်းအဆီကို ကျစေရုံသာမက သွေးကြောတွင်း အဆီပိတ်ဆို့ခြင်းမှ ကင်းဝေးစေသည်။ ခန္ဓာကိုယ်တွင်းမှမကောင်းသော အညစ်အကြေး (မလ) တို့ကို

(ဆီး+ဝမ်း+ချွေး+လေ) အဖြစ် စွန့်ထုတ် သန့်ရှင်းစေသော သတ္တိရှိပါသည်။

လေးဘက်နာရောဂါ၊ အဆစ်ရောင်ကိုက်ရောဂါ ဂေါက်ရောဂါများကိုပါ အထူးပျောက်ကင်းစေသည်။

(လေးဘက်နာရောဂါ အမြစ်ပြတ်ပျောက်သည့် အာနိသင်ရှိပါသည်)ကျောက်ကပ်အားနည်းသူ၊အသားပွသူ၊ ဖေါရောဂါရှိသူများ သောက်ရန် အထူးသင့်တော်ပါသည်။

လူမျိုးဘာသာမရွေး ကိုယ်တိုင် ဖေါ်စပ် သောက်သုံးကြပါကုန်။

 

ဆေးနည်း

၁။ ငုပင်အရွက် ၁၀ သား

၂။ စောင်းရှားရွက် ၁၀ သား(ဟင်းချက်စားသော ဇောင်းခါးပင်အရွက်ဖြစ်ပါသည်)

၃။ တိလင်္ကသာရွက် ၁၀ သား (မုန့်ကျွဲသဲပင်/ ကျွဲနပေါင်းပင် ဟုလည်းခေါ်သည် )

၄။ ရှားစောင်းလက်ပါတ် ၁၀ သား ၊

၅။ ထန်းလျက် ၁၀ သား ၊

၆။ နှမ်းဆီ ၂ ကျပ်ခွဲသားမှိုမတက်ရန် ထည့်ခြင်းဖြစ်သည်

ဆေးဖေါ်နည်းဆေးရွက်များကို လတ်ဆတ်စွာ ခူးယူလျှက် ရေစင်ကြယ်စွာဆေးပါ။ရေခြောက်စေရန် စစ်ထားပါ။

နေခြောက်မလှန်းရ။ အရွက်အစိုကိုသာ သုံးပါ။ ဆေးရွက်များကို ဓားဖြင့်ပါးပါးလှီးထားပါ။

သန့်ရှင်းသော သံငြုတ်ဆုံတွင်ထည့်၍ နုညက် အိထွေးလာအောင် စိတ်ရှည်ရှည်ဖြင့် ထောင်းပါ။သို့မဟုတ် ဆေးကျောက်ပျဉ်သန့်သန့် တွင်တင်၍ ဆေးကို အမျှင်အဖတ်များမကျန်အောင် ညက်နေအောင်ကြိတ်ပါ။

ရှားစောင်းလက်ပါတ်ကို အခွံရောအသားပါ လှီး၍ ထားပါ။ဆေးချက်နည်းဆေးရွက် ၃ မျိုးကြိတ်ထားသော ဆေးဖတ်များကို သမအောင် ရောစပ်ထားပါ။ပထမဆုံး ထန်းလျက်ကို အိုးထဲထည့်၍ ကျိုပါ။

ရေမထည့်ရ ။ ထန်းလျက် အရေပျော်သောအခါ ရှားစောငိးလက်ပါတ်ကို ထည့်ပါ။

ရှားစောင်းလက်ပါတ်နွမ်းလျှင်ကြိတ်ထားသော ဆေးရွက်များကို ထည့်ပါ။မီးနုနုဖြင့် မတူးမချစ်အောင် ၄၅ မိနစ်ခန့်ချက်ပါ။

၁ နာရီထိ ချက်နိုင်သည်။ ဆေးများအနေတော်(မိမိစိတ်ကြိုက်အနေအထား) ရောက်သောအခါ နှမ်းဆီကိုထည့်၍ ၅ မိနစ်ခန့် နာနာမွှေပေးပါနှမ်းဆီမထည့်ပါက ဆေးများ မှိုတက်တတ်ပါသည်။

နောက်ဆုံး မီးဖိုမှချ၍ အအေးခံထားပါ။လေလုံသောဖန်ဗူးဖြင့် ထည့်ထားပါ။

ဆေး၏ဓာတ်သဘာဝအရသာ။ ။ အေး ချို ခါးဝိပါက ။ ။ အေး ချို စပ်ဂုဏ် ။ ။ ဟိမ၊ လူခ၊ ဝိသဒ၊ လဟု၊ အာသု ဂုဏ်တို့ရှိကြသည်။သဘာဝ ။ ။ ဥဏှငြိမ်း အတွင်း အပြင် ပထဝီအာပေါ လျော့ကျ။ အသားကျစ် အဆီကျ လူပိန်၏။

ဆေးသောက်ရန်အညွှန်းတစ်ခါသောက် လဖက်စားဇွန်း တစ်ဇွန်း တစ်နေ့ ၂ ကြိမ်သောက်နိုင်သည်။ ပိန်ချင်ဇောဖြင့် အလွန်အကျွံမစားရ။ဘေးထွက်ဆိုးကျိုး။ ။တန်လျှင်ဆေး လွန်လျှင်ဘေး။ ဖေါ်ပြထားသည့်အတိုင်းသာ သောက်ပါ။

အသက် ၅၀ ကျော်သူများ၊ အားအင်နည်းသူများ မသောက်သင့်ပါ။

မူရင်းရေးသားသူကို လေးစားလျက်

 

Zawgyi

 

၁၅ရက္ပဲေသာက္႐ုံနဲ႕ ပိန္သြားေဆးမယ့္ေဆးနည္းေလး

 

ပိန္ခ်င္ရင္၁၅ ရက္ပဲေသာက္ၾကည့္ပါဆိုတဲ့ေဆးနည္းအဆီက်အသားက်စ္တိုင္းရင္း ေဆးအထူးအဆီက်အသားက်စ္ပိန္ေဆးႀကီးယေန႕ေခတ္လူေနမႈပုံစံေျပာင္းလဲလာမႈ။

အစားအေသာက္ႏွင့္ဇိမ္ခံပစၥည္းမ်ားေပါမ်ားလာျခင္းေၾကာင့္အဝလြန္သည့္ျပသနာ သည္ ေခတ္စားလာေခ်ၿပီ။

အ ဝ လြ န္လွ်င္ ျဖစ္ေပၚလာတတ္ေသာ က်န္းမာေရးဆိုးက်ိဳးမ်ားကို လူတိုင္းသိထားၿပီးျဖစ္ပါ သည္။အဆီက်ေဆး ပိန္ေဆးမ်ားသည္ လည္း အ ေရွ႕တိုင္းေဆး၊ အေနာက္တိုင္း ေဆး စုံ လင္စြာေဈး ကြက္ထဲ တြင္ မွို လို ေပါက္လ်က္ရွိ ပါ သည္။

သို႔ေသာ္ ေဘးကင္းေသာ စိတ္ခ်ရေသာ ေဆးအမ်ားစုမွာ တိုင္းရင္းေဆးမ်ားပင္ ျဖစ္ၾကသည္ကမ်ားပါသည္။အေနာက္တိုင္းေဆးမ်ားတြင္လည္း အလြန္ေကာင္းေသာ ေဆးမ်ားရွိၾကပါသည္။

သို႔ေသာ္ ေဈးအဆမတန္မ်ားျပားလြန္းသျဖင့္ သုံးစြဲနိုင္သူက နည္းပါးလြန္းလွပါသည္။ ယခုေဖၚျပမည့္ေဆးသည္အလြန္အစြမ္းထက္ေသာ လက္ေတြ႕က်ေသာ ေဆးနည္းျဖစ္ၿပီး ရွားပါးေသာ ေဆးနည္းမူမွန္တစ္ခုျဖစ္ပါသည္။

ဤ ေဆးကိုေသာက္ျခင္းျဖင့္ ခႏၶာကိုယ္တြင္းရွိ ေတေဇာ ဝါေယာဓာတ္ (အပူ) ကို ၿငိမ္းေစၿပီးကိုလက္စေရာေခၚ အဆီဓာတ္ကို အထူးေလွ်ာ့ခ်ေပးေသာ သတၱိရွိပါသည္။

ေသြးတြင္းအဆီကို က်ေစ႐ုံသာမက ေသြးေၾကာတြင္း အဆီပိတ္ဆို႔ျခင္းမွ ကင္းေဝးေစသည္။ ခႏၶာကိုယ္တြင္းမွမေကာင္းေသာ အညစ္အေၾကး (မလ) တို႔ကို (ဆီး+ဝမ္း+ေခြၽး+ေလ) အျဖစ္ စြန႔္ထုတ္ သန႔္ရွင္းေစေသာ သတၱိရွိပါသည္။

ေလးဘက္နာေရာဂါ၊ အဆစ္ေရာင္ကိုက္ေရာဂါ ေဂါက္ေရာဂါမ်ားကိုပါ အထူးေပ်ာက္ကင္းေစသည္။

(ေလးဘက္နာေရာဂါ အျမစ္ျပတ္ေပ်ာက္သည့္ အာနိသင္ရွိပါသည္)ေက်ာက္ကပ္အားနည္းသူ၊အသားပြသူ၊ ေဖါေရာဂါရွိသူမ်ား ေသာက္ရန္ အထူးသင့္ေတာ္ပါသည္။

လူမ်ိဳးဘာသာမေ႐ြး ကိုယ္တိုင္ ေဖၚစပ္ ေသာက္သုံးၾကပါကုန္။

Leave a Reply

Your email address will not be published. Required fields are marked *